ဆိုးလ်ရှားချီးကျူးထိုက်တဲ့ မန်ချက်စတာကိုသွေးသစ်လောင်းမယ့်ကစားသမား (သို့) ဝိန်းရွန်နီထက်တော်တယ်ဆိုတဲ့ မန်ချက်စတာကစားသမားလေး

0
820

မန်ချက်စတာပရိသတ်တွေအတွက်အားပေးရကျိုးနပ်စေတဲ့ အခိုက်အတန့်တွေပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ ဘာကြောင့်လဲဆိုရင်အခုလတ်တလောပွဲတွေမှာ နည်းပြဆိုးလ်ရှားနဲ့မန်ချက်စတာကစားသမားတွေဟာ အနိုင်ရလဒ်တွေကိုဆောင်ကြဉ်းပေးနိုင်ရုံမက အသင်းထဲမှာလည်း ပရိသတ်တွေကျေနပ်နှစ်သက်ရတဲ့ ကစားသမားတွေရှိလာနေလို့ဖြစ်ပါတယ်။ လူငယ်ကစားသမားတွေကို ဦးစားပေးခဲ့တဲ့ နည်းပြဆိုးလ်ရှားရဲ့ လမ်းစဉ်ဟာ အခုအချိန်မှာအသုံးဝင်တဲ့အနေအထားရှိတယ်လို့သုံးသပ်ရမှာဖြစ်ပါတယ်။ ယူရိုပါလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အယ်လ်ခမာနဲ့ပွဲစဉ်မှာ မန်ချက်စတာအနေနဲ့(၄)ဂိုးပြတ်နဲ့ လှလှပပအဆုံးသတ်နိုင်ခဲ့ပါတယ်။

photo internet

အဲဒီပွဲစဉ်မှာ မေဆင်ဂရင်းဝုဒ်၊ မာတာ၊ အက်ရှလေယန်းတို့ကအနိုင်ဂိုးတွေသွင်းယူခဲ့တာဖြစ်ပြီးတော့ ပရိသတ်တွေကြားထင်ရှားခဲ့သူကတော့ လူငယ်တိုက်စစ်မှူးလေး ဂရင်းဝုဒ်ဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာ ဂရင်းဝုဒ်ဟာအတော်လေးခြေစွမ်းပြသနိုင်ခဲ့တာကိုတွေ့ရမှာဖြစ်ကာ၊ တစ်ယောက်ထဲနဲ့ သွင်းဂိုးနှစ်လုံးသွင်းယူနိုင်ခဲ့တာကြောင့် ပိုလို့ချီးကျူးစရာဖြစ်ခဲ့ပါတယ်။ ဒါ့အပြင်မာတာအတွက်လည်း ဂရင်းဝုဒ်တစ်ယောက် ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

photo internet

အသက်၁၈ နှစ်အရွယ်ဂရင်းဝုဒ်ဟာ အဓိကဥရောပပြိုင်ပွဲကြီးမှာ မန်ချက်စတာအတွက် ၂ ဂိုးသွင်းနိုင်ခဲ့တဲ့ အသက်အငယ်ဆုံးမန်ချက်စတာကစားသမားဖြစ်လာခဲ့ပါပြီ။ ဒါ့အပြင် အခုရာသီဥရောပအဆင့်မှာလည်း မန်ချက်စတာအတွက် ထိပ်တန်းဂိုးသွင်းရှင်အဖြစ်ရပ်တည်နေပါတယ်။ သူ့ထက်သာတဲ့သူအဖြစ် ရက်ရှ်ဖို့ဒ်တစ်ယောက်ရှိပါတယ်။ ရက်ရှ်ဖို့ဒ်ကတော့ မန်ချက်စတာအတွက် ပြိုင်ပွဲအရပ်ရပ်မှာ သူ့ထက်သွင်းဂိုးပိုများတာဖြစ်ပါတယ်။

photo internet

ဂရင်းဝုဒ်ရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီးတော့ နည်းပြဆိုးလ်ရှားက အခုလိုချီးကျူးစကားဆိုထားပါတယ်။ “ဂရင်းဝုဒ်လို အသက်အရွယ်မှာ ဂရင်းဝုဒ်လိုမျိုးကောင်းတဲ့ ကစားသမားမျိုးဆိုရင် ကျွန်တော် ဝိန်းရွန်နီကိုမြင်ပါတယ်။ မွေးရာပါအဆုံးသတ်အပိုင်းမှာတော့ ဂရင်းဝုဒ်က ကျွန်တော်တွေ့ဖူးသမျှထဲမှာ အကောင်းဆုံး တစ်ယောက်ပါပဲ”လို့ ပြောပါတယ်။ ဂရင်းဝုဒ်ကို ဝိန်းရွန်နီနဲ့နှိုင်းယှဉ်ချီးကျူးထိုက်အောင်လည်း ဂရင်းဝုဒ်တစ်ယောက်မှာ ကောင်းမွန်တဲ့အရည်အချင်းတွေရှိပါတယ်။ ဗန်ပါစီလက်သစ်ရယ်လို့ ပြောဆိုထားတဲ့ အဲဒီကောင်လေးဟာ ယူရိုပါလိဂ်မှာ ဂိုးပါဝင်ပတ်သက်မှု(၅)ကြိမ်အထိရှိထားပြီးတော့ (၄)ဂိုးသွင်းကာ တစ်ဂိုးဖန်တီးပေးထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။

photo internet

မန်ချက်စတာအတွက်ကစားသမားကောင်းတွေလိုအပ်တာကြောင့် ကစားသမားအသစ်ခေါ်ယူဖို့လိုတယ်ဆိုတဲ့ နေရာမှာ အသက် 18 နှစ်နဲ့ 72ရက်အရွယ်သာရှိသေးတဲ့ မေဆင်ဂရင်းဝုဒ်ဟာအားကိုးရာဖြစ်လာနိုင်ပါတယ်။ မန်ချက်စတာမှာ ဆန်းချက်နဲ့လူကာကူတို့မရှိချိန်၊ ပေါ့ဘာအနားယူနေချိန်မှာ ဂရင်းဝုဒ်အတွက်အခွင့် အရေးကောင်းတွေ အများကြီးရရှိခဲ့တာဖြစ်ပါတယ်။ တကယ်တမ်းမှာဆိုရင်တော့ ဂရင်းဝုဒ်ဟာဆန်းချက်ထက် စာရင် မန်ချက်စတာမှာပိုပြီးရလဒ်ပိုကောင်းတဲ့အနေအထားရှိပါတယ်။ “ကျွန်တော်သိပါတယ်။ ကျွန်တော့်ဆီမှာ အရည်အသွေး ရှိတဲ့ကစားသမားတွေရှိတယ်ဆိုတာကို။ ဂရင်းဝုဒ်ဟာ လေ့ကျင့်ရေးကွင်းမှာလိုပဲ အကောင်းဆုံးခြေစွမ်း တွေပြသခဲ့တာဖြစ်ပါတယ်။ သူ့အတွက်ဂိုးသွင်းဖို့ဟာတအားရုန်းကန်လှုပ်ရှားစရာ မလိုတဲ့အသွင်အပြင်ဖြစ်နေပါ တယ်။ ဂရင်းဝုဒ်ဟာတစ်ဖက်အသင်းကို ခြိမ်းခြောက်လာနိုင်တဲ့ ၊တစ်ဖက်အသင်း အတွက်အိပ်မက်ဆိုးတွေ မက်စေနိုင်တဲ့ ကစားသမားတစ်ယောက်ဖြစ်လာနေပါပြီ”လို့ နည်းပြဆိုးလ်ရှားက ပြောပါတယ်။

photo internet

ကစားဖော်မာတာကတော့ ဂရင်းဝုဒ်နဲ့ပတ်သက်လို့အခုလိုပြောပါတယ်။ “သူက ကစားတဲ့အချိန်တိုင်းမှာ ဂိုးသွင်းနိုင်တဲ့အခြေအနေရှိပါတယ်။ လေ့ကျင့်ခန်းဆင်းတဲ့အခါမှာ ဂရင်းဝုဒ်က ခြေထောက်နဲ့ဘောလုံး များများစားစားထိလေ့မရှိပေမယ့် သူကအဆုံးသတ်ကောင်းတဲ့ကစားသမားတစ်ယောက်ပါ။ တကယ်တော်တဲ့ကောင်လေးဖြစ်ပါတယ်။သူခြေစွမ်းတွေအရမ်းတက်လာတဲ့အပေါ် ကျွန်တော်သူ့အတွက် ဝမ်းသာဂုဏ်ယူရပါတယ်”လို့ပြောပါတယ်။

photo internet

မန်ချက်စတာကစားသမားဟောင်းကြီးမိုက်ကယ်အိုဝင်ကတော့ ဂရင်းဝုဒ်ဟာအနာဂတ်အတွက် အလားအလာကောင်း တဲ့ကစားသမားတစ်ယောက်ဖြစ်ကြောင်းပြောဆိုပါတယ်။ဒါ့အပြင် “လူငယ်ကစားသမားလေးတွေဟာ သွက်သွက်လက်လက်နဲ့ ခြေစွမ်းရှိတဲ့သူတွေပါ။ တစ်ခုတော့ရှိပါတယ်။သူတို့လေးတွေစိတ်ဓာတ်ပိုင်းဆိုင်ရာ ရင့်ကျက်ဖို့လိုပါသေးတယ်”လို့ အိုဝင်ကပြောပါသေးတယ်။

photo internet

ဂရင်းဝုဒ်ရဲ့မိသားစုဟာလည်း အားကစားနယ်ပယ်နဲ့ရင်းနှီးကျွမ်းဝင်ကြသူတွေဖြစ်ပါတယ်။ အစ်မဖြစ်သူဆိုရင် အပြေးအားကစားမယ်တစ်ယောက်ပါ။ ဒါကြောင့်မိသားစုနဲ့ပတ်သက်တဲ့ နားလည်ထောက်ပံ့ကူညီမှုဟာလည်း ဂရင်းဝုဒ်အတွက်များစွာအကျိုးရှိစေမှာပါ။ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ကစားသမားတစ်ယောက်အဖြစ် လည်း ကစားနေတဲ့ ဂရင်းဝုဒ်ဟာ ပရီးမီးယားလိဂ်စင်မြင့်ထက်မှာလည်း ဝင့်ကြွားနိုင်မယ့်အခွင့်အရေးတွေ ရရှိနိုင်ဖွယ်ရှိနေပါတယ်။ မန်ချက်စတာအသင်းကမွေးထုတ်ပေးလိုက်တဲ့ လူငယ်ကြယ်ပွင့်ကစားသမားလေး မေဆင်ဂရင်းဝုဒ်တစ်ယောက် ဆက်လက်ထွန်းလင်းတောက်ပနိုင်ဖို့ ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။

photo internet

(Zawgyi Version)

ဆိုးလ္ရွားခ်ီးက်ဴးထိုက္တဲ့ မန္ခ်က္စတာကိုေသြးသစ္ေလာင္းမယ့္ကစားသမား (သို႔) ၀ိန္းရြန္နီထက္ေတာ္တယ္ဆိုတဲ့ မန္ခ်က္စတာကစားသမားေလး

မန္ခ်က္စတာပရိသတ္ေတြအတြက္အားေပးရက်ဳိးနပ္ေစတဲ့ အခိုက္အတန္႔ေတြျပန္လည္ေရာက္ရိွလာခဲ့ပါၿပီ။ ဘာေၾကာင့္လဲဆိုရင္အခုလတ္တေလာပြဲေတြမွာ နည္းျပဆိုးလ္ရွားနဲ႔မန္ခ်က္စတာကစားသမားေတြဟာ အႏိုင္ရလဒ္ေတြကိုေဆာင္ၾကဥ္းေပးႏိုင္ရုံသာမက အသင္းထဲမွာလည္း ပရိသတ္ေတြေက်နပ္ႏွစ္သက္ရတဲ့ ကစားသမားေတြရိွလာေနလို႔ျဖစ္ပါတယ္။ လူငယ္ကစားသမားေတြကို ဦးစားေပးခဲ့တဲ့ နည္းျပဆိုးလ္ရွားရဲ႕ လမ္းစဥ္ဟာ အခုအခ်ိန္မွာအသုံး၀င္တဲ့အေနအထားရိွတယ္လို႔သုံးသပ္ရမွာျဖစ္ပါတယ္။ ယူရိုပါလိဂ္အုပ္စုေနာက္ဆံုးပြဲစဥ္ျဖစ္တ့ဲ အယ္လ္ခမာနဲ႔ပြဲစဥ္မွာ မန္ခ်က္စတာအေနနဲ႔(၄)ဂိုးျပတ္နဲ႔ လွလွပပအဆုံးသတ္ႏိုင္ခဲ့ပါတယ္။
အဲဒီပြဲစဥ္မွာ ေမဆင္ဂရင္း၀ုဒ္၊ မာတာ၊ အက္ရွေလယန္းတို႔ကအႏိုင္ဂိုးေတြသြင္းယူခဲ့တာျဖစ္ၿပီးေတာ့ ပရိသတ္ေတြၾကားထင္ရွားခဲ့သူကေတာ့ လူငယ္တိုက္စစ္မွဴးေလး ဂရင္း၀ုဒ္ျဖစ္ပါတယ္။ အဲဒီပြဲစဥ္မွာ ဂရင္း၀ုဒ္ဟာအေတာ္ေလးေျခစြမ္းျပသႏိုင္ခဲ့တာကိုေတြ႕ရမွာျဖစ္ကာ၊ တစ္ေယာက္ထဲနဲ႔ သြင္းဂိုးႏွစ္လုံးသြင္းယူႏိုင္ခဲ့တာေၾကာင့္ ပိုလို႔ခ်ီးက်ဴးစရာျဖစ္ခဲ့ပါတယ္။ ဒါ့အျပင္မာတာအတြက္လည္း ဂရင္း၀ုဒ္တစ္ေယာက္ ဂိုးဖန္တီးေပးႏိုင္ခဲ့ပါတယ္။

အသက္၁၈ ႏွစ္အ႐ြယ္ဂရင္းဝုဒ္ဟာ အဓိကဥေရာပၿပိဳင္ပြဲႀကီးမွာ မန္ခ်က္စတာအတြက္ ၂ ဂိုးသြင္းႏိုင္ခဲ့တဲ့ အသက္အငယ္ဆုံးမန္ခ်က္စတာကစားသမားျဖစ္လာခဲ့ပါၿပီ။ ဒါ့အျပင္ အခုရာသီဥေရာပအဆင့္မွာလည္း မန္ခ်က္စတာအတြက္ ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ရပ္တည္ေနပါတယ္။ သူ႔ထက္သာတဲ့သူအျဖစ္ ရက္ရွ္ဖို႔ဒ္တစ္ေယာက္ရိွပါတယ္။ ရက္ရွ္ဖို႔ဒ္ကေတာ့ မန္ခ်က္စတာအတြက္ ၿပိဳင္ပြဲအရပ္ရပ္မွာ သူ႔ထက္သြင္းဂိုးပိုမ်ားတာျဖစ္ပါတယ္။

ဂရင္း၀ုဒ္ရဲ႕ေျခစြမ္းနဲ႔ပတ္သက္ျပီးေတာ့ နည္းျပဆိုးလ္ရွားက အခုလိုခ်ီးက်ဴးစကားဆိုထားပါတယ္။ “ဂရင္း၀ုဒ္လို အသက္အရြယ္မွာ ဂရင္း၀ုဒ္လိုမ်ိဳးေကာင္းတ့ဲ ကစားသမားမ်ိဳးဆိုရင္ ကၽြန္ေတာ္ ၀ိန္းရြန္နီကိုျမင္ပါတယ္။ ေမြးရာပါအဆုံးသတ္အပိုင္းမွာေတာ့ ဂရင္း၀ုဒ္က ကၽြန္ေတာ္ေတြ႕ဖူးသမွ်ထဲမွာ အေကာင္းဆုံး တစ္ေယာက္ပါပဲ”လို႔ ေျပာပါတယ္။ ဂရင္း၀ုဒ္ကို ၀ိန္းရြန္နီနဲ႔ႏိႈင္းယွဥ္ခ်ီးက်ဴးထိုက္ေအာင္လည္း ဂရင္း၀ုဒ္တစ္ေယာက္မွာ ေကာင္းမြန္တဲ့အရည္အခ်င္းေတြရိွပါတယ္။ ဗန္ပါစီလက္သစ္ရယ္လို႔ ေျပာဆိုထားတဲ့ အဲဒီေကာင္ေလးဟာ ယူရိုပါလိဂ္မွာ ဂိုးပါ၀င္ပတ္သက္မႈ(၅)ၾကိမ္အထိရွိထားၿပီးေတာ့ (၄)ဂိုးသြင္းကာ တစ္ဂိုးဖန္တီးေပးထားႏိုင္ခ့ဲတာပဲျဖစ္ပါတယ္။
မန္ခ်က္စတာအတြက္ကစားသမားေကာင္းေတြလုိအပ္တာေၾကာင့္ ကစားသမားအသစ္ေခၚယူဖို႔လိုတယ္ဆိုတဲ့ ေနရာမွာ အသက္ 18 ႏွစ္နဲ႔ 72ရက္အရြယ္သာရိွေသးတဲ့ ေမဆင္ဂရင္း၀ုဒ္ဟာအားကိုးရာျဖစ္လာႏိုင္ပါတယ္။ မန္ခ်က္စတာမွာ ဆန္းခ်က္နဲ႔လူကာကူတို႔မရိွခ်ိန္၊ ေပါ့ဘာအနားယူေနခ်ိန္မွာ ဂရင္း၀ုဒ္အတြက္အခြင့္အေရးေကာင္းေတြ အမ်ားႀကီးရရိွခဲ့တာျဖစ္ပါတယ္။ တကယ္တမ္းမွာဆုိရင္ေတာ့ ဂရင္း၀ုဒ္ဟာဆန္းခ်က္ထက္စာရင္ မန္ခ်က္စတာမွာပိုၿပီးရလဒ္ပိုေကာင္းတဲ့အေနအထားရိွပါတယ္။ “ကၽြန္ေတာ္သိပါတယ္။ ကၽြန္ေတာ့္ဆီမွာ အရည္အေသြး ရိွတဲ့ကစားသမားေတြရိွတယ္ဆိုတာကို။ ဂရင္း၀ုဒ္ဟာ ေလ့က်င့္ေရးကြင္းမွာလိုပဲ အေကာင္းဆုံးေျခစြမ္း ေတြျပသခဲ့တာျဖစ္ပါတယ္။ သူ႔အတြက္ဂိုးသြင္းဖို႔ဟာတအားရုန္းကန္လႈပ္ရွားစရာမလိုတဲ့အသြင္အျပင္ျဖစ္ေနပါ တယ္။ ဂရင္း၀ုဒ္ဟာတစ္ဖက္အသင္းကို ၿခိမ္းေျခာက္လာႏိုင္တဲ့ ၊တစ္ဖက္အသင္း အတြက္အိပ္မက္ဆိုးေတြ မက္ေစႏိုင္တဲ့ ကစားသမားတစ္ေယာက္ျဖစ္လာေနပါၿပီ”လို႔ နည္းျပဆိုးလ္ရွားက ေျပာပါတယ္။

ကစားေဖာ္မာတာကေတာ့ ဂရင္း၀ုဒ္နဲ႔ပတ္သက္လို႔အခုလုိေျပာပါတယ္။ “သူက ကစားတဲ့အခ်ိန္တိုင္းမွာ ဂိုးသြင္းႏိုင္တဲ့အေျခအေနရိွပါတယ္။ ေလ့က်င့္ခန္းဆင္းတဲ့အခါမွာ ဂရင္း၀ုဒ္က ေျခေထာက္နဲ႔ေဘာလုံး မ်ားမ်ားစားစားထိေလ့မရိွေပမယ့္ သူကအဆုံးသတ္ေကာင္းတဲ့ကစားသမားတစ္ေယာက္ပါ။ တကယ္ေတာ္တဲ့ေကာင္ေလးျဖစ္ပါတယ္။သူေျခစြမ္းေတြအရမ္းတက္လာတဲ့အေပၚ ကၽြန္ေတာ္သူ႔အတြက္ ၀မ္းသာဂုဏ္ယူရပါတယ္”လို႔ေျပာပါတယ္။

မန္ခ်က္စတာကစားသမားေဟာင္းႀကီးမိုက္ကယ္အို၀င္ကေတာ့ ဂရင္း၀ုဒ္ဟာအနာဂတ္အတြက္ အလားအလာေကာင္း တဲ့ကစားသမားတစ္ေယာက္ျဖစ္ေၾကာင္းေျပာဆိုပါတယ္။ဒါ့အျပင္ “လူငယ္ကစားသမားေလးေတြဟာ သြက္သြက္လက္လက္နဲ႔ ေျခစြမ္းရိွတဲ့သူေတြပါ။ တစ္ခုေတာ့ရိွပါတယ္။သူတို႔ေလးေတြစိတ္ဓာတ္ပုိင္းဆိုင္ရာ ရင့္က်က္ဖုိ႔လိုပါေသးတယ္”လို႔ အို၀င္ကေျပာပါေသးတယ္။

ဂရင္း၀ုဒ္ရဲ႕မိသားစုဟာလည္း အားကစားနယ္ပယ္နဲ႔ရင္းႏွီးကၽြမ္း၀င္ၾကသူေတြျဖစ္ပါတယ္။ အစ္မျဖစ္သူဆိုရင္ အေျပးအားကစားမယ္တစ္ေယာက္ပါ။ ဒါေၾကာင့္မိသားစုနဲ႔ပတ္သက္တဲ့ နားလည္ေထာက္ပံ့ကူညီမႈဟာလည္း ဂရင္း၀ုဒ္အတြက္မ်ားစြာအက်ဳိးရိွေစမွာပါ။ အဂၤလန္လက္ေရြးစင္အသင္းရဲ႕ကစားသမားတစ္ေယာက္အျဖစ္လည္း ကစားေနတဲ့ ဂရင္း၀ုဒ္ဟာ ပရီးမီးယားလိဂ္စင္ျမင့္ထက္မွာလည္း ၀င့္ၾကြားႏိုင္မယ့္အခြင့္အေရးေတြ ရရိွႏိုင္ဖြယ္ရိွေနပါတယ္။ မန္ခ်က္စတာအသင္းကေမြးထုတ္ေပးလိုက္တဲ့ လူငယ္ၾကယ္ပြင့္ကစားသမားေလး ေမဆင္ဂရင္း၀ုဒ္တစ္ေယာက္ ဆက္လက္ထြန္းလင္းေတာက္ပႏိုင္ဖို႔ ပရိသတ္ေတြက ေမွ်ာ္လင့္ေနၾကပါတယ္။