ဂိုးဖမ်းသမားဖြစ်ပေမယ့် ဂိုးဖန်တီးမှုအများဆုံးဖြစ်နေတဲ့ ဘာစီလိုနာဂိုးသမားတာစတီဂျန်

0
265
photo internet

မြက်ခင်းစိမ်းပေါ်မှာဂိုးဖန်တီးပေးနိုင်မှုဟာအရေးပါတဲ့ကိစ္စပါ။ ဒီထဲကမှ တစ်ဖက်အသင်းကို တိုက်စစ်ဆင်နိုင်အောင်၊ လျင်လျင်မြန်မြန်ဂိုးသွင်းနိုင်အောင် ဂိုးဖမ်းသမားတစ်ယောက်က ပံ့ပိုးပေးနိုင်မယ်ဆိုရင် အသင်းအတွက်ပိုကောင်းပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာ ဘာစီလိုနာဂိုးသမား တာစတီဂျန်ဟာ ဂိုးဖန်တီးမှုတွေအကောင်းဆုံးလုပ်ဆောင်ပေးနိုင်နေပါတယ်။

photo internet

မနေ့ညကယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဘာစီလိုနာက မာယော့ကာကို 5ဂိုး 2ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ အဲဒီလိုဂိုးသွင်းရာမှာ ဂရစ်ဇ်မန်းဂိုးသွင်းနိုင်ဖို့အတွက် ဂိုးသမားတာစတီဂျန်က ဂိုးဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ တာစတီဂျန်တစ်ယောက် တန်ပြန်တိုက်စစ်ကိုလျင်လျင်မြန်မြန်လုပ်ဆောင်ပေးခဲ့တာကြောင့် ဘယ်တောင်ပံမှာရှိနေတဲ့ ဂရစ်ဇ်မန်းဟာ ဂိုးသွင်းနိုင်ခဲ့တာပါ။

photo internet

အဲဒီပွဲမှာ လီယွန်နယ်မက်ဆီက ဟက်ထရစ်သွင်းယူပေးခဲ့သလို ဆွာရက်ဇ်နဲ့ဂရစ်ဇ်မန်းတို့ကတစ်ဂိုးစီ သွင်းယူခဲ့တာဖြစ်ပါတယ်။ တာစတီဂျန်ဟာအခုမှ ဂရစ်ဇ်မန်းအတွက် ဂိုးဖန်တီးပေးခဲ့တာမဟုတ်ပါဘူး။ စက်တင်ဘာလက ယှဉ်ပြိုင်ခဲ့တဲ့ ဂီတာဖေးနဲ့ပွဲစဉ်မှာလည်း ဂရစ်ဇ်မန်းအတွက် ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် တာစတီဂျန်ဟာ ဒီနှစ်ဘောလုံးရာသီ အမှတ်ပေးပြိုင်ပွဲမှာ ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ် ပေးထားနိုင်ခဲ့ပါတယ်။

photo internet

တာစတီဂျန်ဟာ ဒီနှစ်ဘောလုံးရာသီ ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့တဲ့ ပထမဆုံးဂိုးဖမ်းသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဂိုးဖမ်းသမားတစ်ယောက်ဂိုးဖန်တီးပေးနိုင်တဲ့နှုန်းဟာ ထိပ်တန်းကစားသမားတွေရဲ့ဂိုးဖန်တီးပေးနိုင်တဲ့နှုန်းထက်သာလွန်နေပါတယ်။ ထိပ်တန်းကစားသမား တစ်ယောက်ဖြစ်တဲ့ စီရော်နယ်ဒိုဟာ ဒီနှစ်မှာ ဂျူဗင်တပ်စ်အတွက် ဂိုးဖန်တီးမှုတစ်ကြိမ်သာလုပ်ဆောင်ထား နိုင်ပါတယ်။ အခြားကစားသမားတွေဖြစ်တဲ့ ဟာဇက်၊အိုဇေးလ်တို့ဟာလည်း သူတို့အသင်းအတွက် ဂိုးဖန်တီးမှုတစ်ကြိမ်သာလုပ်ဆောင်ပေးထားနိုင်ခဲ့ပါတယ်။ စွမ်းရည်ကောင်းတဲ့ ဂိုးဖမ်းသမားတစ်ယောက်ရှိတာဟာ အသင်းအတွက် အထောက်အပံ့ကောင်းတွေအများကြီးဖြစ်စေပါတယ်။

photo internet

(Zawgyi Version)

ဂိုးဖမ္းသမားျဖစ္ေပမယ့္ ဂိုးဖန္တီးမႈအမ်ားဆုံးျဖစ္ေနတဲ့ ဘာစီလုိနာဂိုးသမားတာစတီဂ်န္

ျမက္ခင္းစိမ္းေပၚမွာဂိုးဖန္တီးေပးႏိုင္မႈဟာအေရးပါတဲ့ကိစၥပါ။ ဒီထဲကမွ တစ္ဖက္အသင္းကို တိုက္စစ္ဆင္ႏိုင္ေအာင္၊ လ်င္လ်င္ျမန္ျမန္ဂိုးသြင္းႏိုင္ေအာင္ ဂိုးဖမ္းသမားတစ္ေယာက္က ပံ့ပိုးေပးႏိုင္မယ္ဆုိရင္ အသင္းအတြက္ပိုေကာင္းပါတယ္။ ဒီႏွစ္ေဘာလုံးရာသီမွာ ဘာစီလုိနာဂိုးသမား တာစတီဂ်န္ဟာ ဂိုးဖန္တီးမႈေတြအေကာင္းဆုံးလုပ္ေဆာင္ေပးႏိုင္ေနပါတယ္။

မေန႔ညကယွဥ္ၿပိဳင္ကစားခဲ့တဲ့ လာလီဂါပြဲစဥ္မွာ ဘာစီလိုနာက မာေယာ့ကာကို 5ဂိုး 2ဂိုးနဲ႔အႏိုင္ရခဲ့ပါတယ္။ အဲဒီလုိဂိုးသြင္းရာမွာ ဂရစ္ဇ္မန္းဂိုးသြင္းႏိုင္ဖို႔အတြက္ ဂိုးသမားတာစတီဂ်န္က ဂိုးဖန္တီးေပးခဲ့တာျဖစ္ပါတယ္။ တာစတီဂ်န္တစ္ေယာက္ တန္ျပန္တိုက္စစ္ကိုလ်င္လ်င္ျမန္ျမန္လုပ္ေဆာင္ေပးခဲ့တာေၾကာင့္ ဘယ္ေတာင္ပံမွာရိွေနတဲ့ ဂရစ္ဇ္မန္းဟာ ဂိုးသြင္းႏိုင္ခဲ့တာပါ။

အဲဒီပြဲမွာ လီယြန္နယ္မက္ဆီက ဟက္ထရစ္သြင္းယူေပးခဲ့သလို ဆြာရက္ဇ္နဲ႔ဂရစ္ဇ္မန္းတို႔ကတစ္ဂိုးစီ သြင္းယူခဲ့တာျဖစ္ပါတယ္။ တာစတီဂ်န္ဟာအခုမွ ဂရစ္ဇ္မန္းအတြက္ ဂိုးဖန္တီးေပးခဲ့တာမဟုတ္ပါဘူး။ စက္တင္ဘာလက ယွဥ္ၿပိဳင္ခဲ့တဲ့ ဂီတာေဖးနဲ႔ပြဲစဥ္မွာလည္း ဂရစ္ဇ္မန္းအတြက္ ဂိုးဖန္တီးေပးႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ တာစတီဂ်န္ဟာ ဒီႏွစ္ေဘာလုံးရာသီ အမွတ္ေပးၿပိဳင္ပြဲမွာ ဂိုးဖန္တီးမႈ ၂ ႀကိမ္ျပဳလုပ္ ေပးထားႏိုင္ခဲ့ပါတယ္။

တာစတီဂ်န္ဟာ ဒီႏွစ္ေဘာလုံးရာသီ ဥေရာပထိပ္တန္းလိဂ္ ၅ ခုမွာ ဂိုးဖန္တီးမႈ ၂ ႀကိမ္ျပဳလုပ္ေပးႏိုင္ခဲ့တဲ့ ပထမဆုံးဂိုးဖမ္းသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ ဂိုးဖမ္းသမားတစ္ေယာက္ဂိုးဖန္တီးေပးႏိုင္တဲ့ႏႈန္းဟာ ထိပ္တန္းကစားသမားေတြရဲ႕ဂိုးဖန္တီးေပးႏိုင္တဲ့ႏႈန္းထက္သာလြန္ေနပါတယ္။ ထိပ္တန္းကစားသမား တစ္ေယာက္ျဖစ္တဲ့ စီေရာ္နယ္ဒိုဟာ ဒီႏွစ္မွာ ဂ်ဴဗင္တပ္စ္အတြက္ ဂိုးဖန္တီးမႈတစ္ႀကိမ္သာလုပ္ေဆာင္ထား ႏိုင္ပါတယ္။ အျခားကစားသမားေတြျဖစ္တဲ့ ဟာဇက္၊အိုေဇးလ္တို႔ဟာလည္း သူတို႔အသင္းအတြက္ ဂိုးဖန္တီးမႈတစ္ႀကိမ္သာလုပ္ေဆာင္ေပးထားႏိုင္ခဲ့ပါတယ္။ စြမ္းရည္ေကာင္းတဲ့ ဂိုးဖမ္းသမားတစ္ေယာက္ရိွတာဟာ အသင္းအတြက္ အေထာက္အပံ့ေကာင္းေတြအမ်ားႀကီးျဖစ္ေစပါတယ္။