ချဲလ်ဆီးနဲ့လမ်းခွဲဖို့ရာခိုင်နှုန်းများနေပြီဖြစ်တဲ့ ဂီရော့ဒ်

0
226
photo internet

ချဲလ်ဆီးအသင်းရဲ့ ပြောင်းလဲလိုက်တဲ့ပေါ်လစီအခြေအနေကြောင့် ဝါရင့်တိုက်စစ်မှူးကြီး ဂီရော့ဒ်တစ်ယောက် ပွဲထွက်ခွင့်တွေ ပျောက်ဆုံးနေခဲ့ပါတယ်။ ဒါကြောင့် ဂီရော့ဒ်တစ်ယောက် မကြာမီချဲလ်ဆီးအသင်း ကိုလက်ပြနှုတ်ဆက်တော့မှာဖြစ်ပါတယ်။ ဂီရော့ဒ်အနေနဲ့ အခုနှစ်ဘောလုံးရာသီကုန်ဆုံးချိန်အထိ စာချုပ်သက်တမ်းကျန်ရှိနေပါသေးတယ်။

photo internet

ဂီရော့ဒ်ဟာ အာဆင်နယ်အသင်းကနေ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး၊ ရောက်ရှိလာခဲ့တဲ့ ပထမဦးဆုံးရာသီမှာတော့ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပါတယ်။ ဂီရော့ဒ်ဟာ ယူရိုပါလိဂ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် သက်တမ်းတိုးစာချုပ်လည်းချုပ်ဆိုခံခဲ့ရပါတယ်။ ဒါပေမယ့်အခုအချိန်မှာတော့ လူငယ်ကစားသမားတွေရဲ့နောက်ကိုရောက်ရှိနေပါတယ်။

photo internet

“ကျွန်တော့်အသက်အရွယ်ကြောင့်လိုအပ်ချက်ရှိနေတာသိပါတယ်။ ဒါပေမယ့်အနာဂတ်အတွက် နည်းပြနဲ့ဆွေးနွေးရပါတော့မယ်။အသင်းမှာဆက်ရှိဖို့ကတော့ ခက်ခဲတဲ့အနေအထားဖြစ်နေပါပြီ။ အပြောင်းအရွှေ့အပြီးမသတ်ခင်အထိကတော့ ချဲလ်ဆီးကစားသမားအဖြစ်ဆက်ရှိနေဦးမှာပါ” လို့ ဂီရော့ဒ်က ပြောဆိုပါတယ်။

photo internet

ထွက်ပေါ်နေတဲ့သတင်းများအရတော့ ဂီရော့ဒ်အနေနဲ့ ပြင်သစ်ကလပ်အသင်းတစ်ခုခုမှာသာ ကစားသမားဘဝကုန်ဆုံးဖို့များနေပါတယ်။ နှစ်ဦးနှစ်ဖက်ဆွေးနွေးညှိနှိုင်းတာတွေအဆင်ပြေခဲ့မယ်ဆိုရင်တော့ လာမယ့်အပြောင်းအရွှေ့ကာလမှာ ဂီရော့ဒ် ချဲလ်ဆီးကနေထွက်ခွာတော့မှာဖြစ်ပါတယ်။ ဂီရော့ဒ်တစ်ယောက်ကံကောင်းပါစေလို့ဆန္ဒပြုပါတယ်။

photo internet

(Zawgyi Version)

ခ်ဲလ္ဆီးနဲ႔လမ္းခြဲဖို႔ရာခိုင္ႏႈန္းမ်ားေနၿပီျဖစ္တဲ့ ဂီေရာ့ဒ္

ခ်ဲလ္ဆီးအသင္းရဲ႕ ေျပာင္းလဲလိုက္တဲ့ေပၚလစီအေျခအေနေၾကာင့္ ၀ါရင့္တိုက္စစ္မွဴးႀကီး ဂီေရာ့ဒ္တစ္ေယာက္ ပြဲထြက္ခြင့္ေတြ ေပ်ာက္ဆုံးေနခဲ့ပါတယ္။ ဒါေၾကာင့္ ဂီေရာ့ဒ္တစ္ေယာက္ မၾကာမီခ်ဲလ္ဆီးအသင္းကိုလက္ျပႏႈတ္ဆက္ေတာ့မွာျဖစ္ပါတယ္။ ဂီေရာ့ဒ္အေနနဲ႔ အခုႏွစ္ေဘာလုံးရာသီကုန္ဆုံးခ်ိန္အထိ စာခ်ဳပ္သက္တမ္းက်န္ရွိေနပါေသးတယ္။

ဂီေရာ့ဒ္ဟာ အာဆင္နယ္အသင္းကေန ခ်ဲလ္ဆီးအသင္းကို ေျပာင္းေရႊ႕လာခဲ့တာျဖစ္ၿပီး၊ ေရာက္ရွိလာခဲ့တဲ့ ပထမဦးဆုံးရာသီမွာေတာ့ေျခစြမ္းေကာင္းေတြျပသႏိုင္ခဲ့ပါတယ္။ ဂီေရာ့ဒ္ဟာ ယူ႐ိုပါလိဂ္ရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တဲ့အတြက္ သက္တမ္းတိုးစာခ်ဳပ္လည္းခ်ဳပ္ဆိုခံခဲ့ရပါတယ္။ ဒါေပမယ့္အခုအခ်ိန္မွာေတာ့ လူငယ္ကစားသမားေတြရဲ႕ေနာက္ကိုေရာက္ရိွေနပါတယ္။

“ကၽြန္ေတာ့္အသက္အရြယ္ေၾကာင့္လိုအပ္ခ်က္ရိွေနတာသိပါတယ္။ ဒါေပမယ့္အနာဂတ္အတြက္ နည္းျပနဲ႔ေဆြးေႏြးရပါေတာ့မယ္။အသင္းမွာဆက္ရိွဖို႔ကေတာ့ ခက္ခဲတဲ့အေနအထားျဖစ္ေနပါၿပီ။ အေျပာင္းအေ႐ႊ႕အၿပီးမသတ္ခင္အထိကေတာ့ ခ်ဲလ္ဆီးကစားသမားအျဖစ္ဆက္ရွိေနဦးမွာပါ” လို႔ ဂီေရာ့ဒ္က ေျပာဆိုပါတယ္။

ထြက္ေပၚေနတဲ့သတင္းမ်ားအရေတာ့ ဂီေရာ့ဒ္အေနနဲ႔ ျပင္သစ္ကလပ္အသင္းတစ္ခုခုမွာသာ ကစားသမားဘ၀ကုန္ဆုံးဖို႔မ်ားေနပါတယ္။ ႏွစ္ဦးႏွစ္ဖက္ေဆြးေႏြးညိွႏိႈင္းတာေတြအဆင္ေျပခဲ့မယ္ဆိုရင္ေတာ့ လာမယ့္အေျပာင္းအေရႊ႕ကာလမွာ ဂီေရာ့ဒ္ ခ်ဲလ္ဆီးကေနထြက္ခြာေတာ့မွာျဖစ္ပါတယ္။ ဂီေရာ့ဒ္တစ္ေယာက္ကံေကာင္းပါေစလို႔ဆႏၵျပဳပါတယ္။