အူနိုင်း အမ်မရီတစ်ယောက် အာဆင်နယ်နည်းပြရာထူးကနေ ထုတ်ပယ်ခံရတော့မှာလား?

0
80
photo internet

ပိုချက်တီနိုတစ်ယောက် အထုတ်ခံရတော့မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာပြီး သိပ်မကြာခင်မှာပဲ နည်းပြရာထူးကနေ အထုတ်ခံခဲ့ရတာဖြစ်ပါတယ်။ အခုလည်း အာဆင်နယ်နည်းပြ အမ်မရီတစ်ယောက် အထုတ်ခံရတော့မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာနေပါတယ်။ အာဆင်နယ်အသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံးခြောက်ပွဲဆက်နိုင်ပွဲပျောက်နေတာကြောင့် အူနိုင်းအမ်မရီဟာ ဖိအားတွေနဲ့ရင်ဆိုင်နေရ တာဖြစ်ပါတယ်။

photo internet

အာဆင်နယ်အသင်းက တာဝန်ရှိသူအချို့ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မဖြစ်နိုင်ကြောင်းတွေပြောဆိုထား ပါတယ်။ အူနိုင်းအမ်မရီကတော့ အထုတ်ခံရမယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး အာရုံမစိုက်ထားကြောင်းနဲ့ ပြိုင်ပွဲတွေအတွက်သာအာရုံစိုက်ထားကြောင်း ပြောဆိုပါတယ်။ “ကျွန်တော့်အနေနဲ့ သောကြာနေ့မှာကစားမယ့် ဖရန့်ဖတ် အသင်းနဲ့ပွဲစဉ်အတွက်သာ အာရုံစိုက်ထားပါတယ်”လို့ အမ်မရီကပြောပါတယ်။

photo internet

အသင်းသားတွေနဲ့ပတ်သက်လို့တော့ “နည်းပြလုပ်ရတာခက်ခဲပါတယ်။ ကောင်းတာတွေလည်းရှိသလို၊ ခက်ခဲတာတွေလည်း အများကြီးရှိပါတယ်။ ကျွန်တော်အနာဂတ်နဲ့ပတ်သက်ပြီးတော့ ဒီနေ့နဲ့မနက်ဖြန်ပဲသေချာပါတယ်။ ပရိသတ်တွေစိတ်ပျက်နေတယ်ဆိုတာကိုလည်း ကျွန်တော်သိပါတယ်။ ဒါကြောင့်လာမယ့်ပွဲစဉ်တွေမှာ အောင်မြင်ဖို့ပဲ အာရုံထားပါတယ်။ ပရိသတ်တွေအနေနဲ့ အသင်းနဲ့ကစားသမားတွေကို ဆက်လက်ပြီးအားပေးစေချင်ပါတယ်”လို့ အမ်မရီက ဆိုပါတယ်။

photo internet

“ရလဒ်ကောင်းတွေပြန်ရဖို့ကျွန်တော်လုပ်ဆောင်နေပါတယ်။ ကောင်းတဲ့အခြေအနေမှာပဲဖြစ်ဖြစ်၊ မကောင်းတဲ့ အခြေအနေမှာပဲဖြစ်ဖြစ် ကျွန်တော်ကိုယ့်အလုပ်ကိုအကောင်းဆုံးလုပ်နိုင်ဖို့ပဲအာရုံစိုက်ထားပါတယ်။ အသင်းဘက်ကလည်းကျွန်တော့်ကို အများကြီးအထောက်အကူပေးထားပါတယ်။ အသင်းမှာကစားသမားကောင်းတွေအများကြီးရှိပါတယ်။ ဒါပေမယ့်သူတို့ဟာတစ်ခါတလေမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအားနည်းနေကြတာဖြစ်ပါတယ်”လို့ အမ်မရီက ပြောပါတယ်။ အမ်မရီတစ်ယောက် အာဆင်နယ်နဲ့ဘယ်အချိန်အထိလက်တွဲထားနိုင်မလဲဆိုတာစောင့်ကြည့်ရပါမယ်။

(Zawgyi Version)

အူႏိုင္း အမ္မရီတစ္ေယာက္ အာဆင္နယ္နည္းျပရာထူးကေန ထုတ္ပယ္ခံရေတာ့မွာလား?

ပိုခ်က္တီႏိုတစ္ေယာက္ အထုတ္ခံရေတာ့မယ္ဆိုတဲ့သတင္းေတြထြက္ေပၚလာၿပီး သိပ္မၾကာခင္မွာပဲ နည္းျပရာထူးကေန အထုတ္ခံခဲ့ရတာျဖစ္ပါတယ္။ အခုလည္း အာဆင္နယ္နည္းျပ အမ္မရီတစ္ေယာက္ အထုတ္ခံရေတာ့မယ္ဆိုတဲ့သတင္းေတြထြက္ေပၚလာေနပါတယ္။ အာဆင္နယ္အသင္းဟာ ၿပိဳင္ပြဲစုံ ေနာက္ဆုံးေျခာက္ပြဲဆက္ႏိုင္ပြဲေပ်ာက္ေနတာေၾကာင့္ အူႏိုင္းအမ္မရီဟာ ဖိအားေတြနဲ႔ရင္ဆုိင္ေနရ တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းက တာ၀န္ရိွသူအခ်ဳိ႕ကေတာ့ ဒီကိစၥနဲ႔ပတ္သက္ၿပီး မျဖစ္ႏိုင္ေၾကာင္းေတြေျပာဆိုထား ပါတယ္။ အူႏိုင္းအမ္မရီကေတာ့ အထုတ္ခံရမယ္ဆိုတဲ့ကိစၥနဲ႔ပတ္သက္ၿပီး အာရုံမစိုက္ထားေၾကာင္းနဲ႔ ၿပိဳင္ပြဲေတြအတြက္သာအာရုံစိုက္ထားေၾကာင္း ေျပာဆိုပါတယ္။ “ကၽြန္ေတာ့္အေနနဲ႔ ေသာၾကာေန႔မွာကစားမယ့္ ဖရန႔္ဖတ္ အသင္းနဲ႔ပြဲစဥ္အတြက္သာ အာရုံစိုက္ထားပါတယ္”လို႔ အမ္မရီကေျပာပါတယ္။

အသင္းသားေတြနဲ႔ပတ္သက္လို႔ေတာ့ “နည္းျပလုပ္ရတာခက္ခဲပါတယ္။ ေကာင္းတာေတြလည္းရိွသလို၊ ခက္ခဲတာေတြလည္း အမ်ားႀကီးရိွပါတယ္။ ကၽြန္ေတာ္အနာဂတ္နဲ႔ပတ္သက္ၿပီးေတာ့ ဒီေန႔နဲ႔မနက္ျဖန္ပဲေသခ်ာပါတယ္။ ပရိသတ္ေတြစိတ္ပ်က္ေနတယ္ဆိုတာကိုလည္း ကၽြန္ေတာ္သိပါတယ္။ ဒါေၾကာင့္လာမယ့္ပြဲစဥ္ေတြမွာ ေအာင္ျမင္ဖို႔ပဲ အာရုံထားပါတယ္။ ပရိသတ္ေတြအေနနဲ႔ အသင္းနဲ႔ကစားသမားေတြကို ဆက္လက္ၿပီးအားေပးေစခ်င္ပါတယ္”လို႔ အမ္မရီက ဆိုပါတယ္။

“ရလဒ္ေကာင္းေတြျပန္ရဖို႔ကၽြန္ေတာ္လုပ္ေဆာင္ေနပါတယ္။ ေကာင္းတဲ့အေျခအေနမွာပဲျဖစ္ျဖစ္၊ မေကာင္းတဲ့ အေျခအေနမွာပဲျဖစ္ျဖစ္ ကၽြန္ေတာ္ကုိယ့္အလုပ္ကိုအေကာင္းဆုံးလုပ္ႏိုင္ဖို႔ပဲအာရုံစိုက္ထားပါတယ္။ အသင္းဘက္ကလည္းကၽြန္ေတာ့္ကို အမ်ားႀကီးအေထာက္အကူေပးထားပါတယ္။ အသင္းမွာကစားသမားေကာင္းေတြအမ်ားႀကီးရိွပါတယ္။ ဒါေပမယ့္သူတို႔ဟာတစ္ခါတေလမွာ ကိုယ့္ကိုယ္ကုိယ္ယုံၾကည္မႈအားနည္းေနၾကတာျဖစ္ပါတယ္”လို႔ အမ္မရီက ေျပာပါတယ္။ အမ္မရီတစ္ေယာက္ အာဆင္နယ္နဲ႔ဘယ္အခ်ိန္အထိလက္တြဲထားႏိုင္မလဲဆုိတာေစာင့္ၾကည့္ရပါမယ္။