အာဂျင်တီးနားအတွက် အမှတ်တရဆုဖလားတစ်ခုရယူပေးလိုက်ပြန်တဲ့မက်ဆီ

0
192
photo internet

နာမည်ကျော်ကစားသမားတစ်ဦးဖြစ်တဲ့ မက်ဆီဟာ နိုင်ငံလက်ရွေးစင်အသင်း အာဂျင်တီးနားအတွက် ဆုဖလားတွေရယူပေးချင်စိတ်ရှိခဲ့ပေမယ့် ဇူလိုင်လအတွင်းက ကစားခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ချီလီနဲ့ပွဲဟာနောက်ဆုံးဖြစ်ခဲ့ပါတယ်။ မက်ဆီဟာ ကိုပါအမေရိက ပြိုင်ပွဲမှာလည်း အဆင်မပြေ မှုတွေကြုံတွေ့ခဲ့ရပြီး၊ အာဂျင်တီးနားအတွက် မျှော်လင့်သလိုမစွမ်းဆောင်ပေးနိုင်ခဲ့ပါဘူး။

photo internet

ဒါပေမယ့် အခုအခါမှာတော့ ဆော်ဒီနိုင်ငံမှာ ခြေစမ်းပွဲကစားခဲ့တဲ့ ဘရာဇီးလ်နဲ့ပွဲမှာတော့ အာဂျင်တီးနားအတွက် အမှတ်တရဆုဖလားရယူပေးနိုင်ခဲ့ပါတယ်။ အဲဒီအမှတ်တရဆုဖလားရဖို့အတွက်ဟာလည်း လွယ်တော့ မလွယ်ပါဘူး။ မက်ဆီရဲ့တစ်လုံးတည်းသောအနိုင်ဂိုးကြောင့်သာ အာဂျင်တီးနားတို့အနိုင်ရခဲ့တာပါ။ မက်ဆီရဲ့ပင်နယ်တီကန်ချက်ကို အယ်လီဆန်က အစမှာကာကွယ်နိုင်ခဲ့ပေမယ့် ပြန်ကန်ထွက်လာတဲ့ဘောလုံးကို အပိုင်ပိတ်သွင်းချိန်မှာတော့ ဂိုးပေးလိုက်ရတာဖြစ်ပါတယ်။

photo internet

ဘရာဇီးလ်တိုက်စစ်မှူး ဂါဘရီရယ်လ်ဂျီးဆက်စ်ကလည်း အစောပိုင်းမှာ ပင်နယ်တီတစ်လုံးလွဲချော်ခဲ့ပါသေးတယ်။ ခြေစမ်းပွဲဖြစ်ခဲ့ပေမယ့်နှစ်သင်းစလုံးအကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပြီး၊ အခွင့်အရေးတွေကိုယ်စီရခဲ့ကြပေမယ့်လည်း လွဲချော်ခဲ့ကြပါတယ်။ အဲဒီပွဲအပြီးမှာတော့ အမှတ်တရဆုဖလားချီးမြှင့်ခဲ့ကာ၊ မက်ဆီအနေနဲ့ အာဂျင်တီးနားအတွက် ဆုဖလားကိုင်မြှောက်ခွင့်ရခဲ့ပါတယ်။

photo internet

ဘရာဇီးလ်အသင်းဟာ ပြီးခဲ့တဲ့ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပြီးနောက် ၅ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေခဲ့ပါတယ်။ အာဂျင်တီးနားအသင်းဟာ လာမယ့်တနင်္လာနေ့မှာ အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မြို့မှာ ဥရုဂွေးအသင်းနဲ့ ခြေစမ်းကစားဖို့ရှိပေမယ့် နိုင်ငံရေးအခြေအနေအရ ပွဲပျက်ကောင်းပျက်သွားနိုင်ပါတယ်။ ဘရာဇီးလ်အသင်းကတော့ လာမယ့်အင်္ဂါနေ့မှာ ယူအေအီးနိုင်ငံ၊ အဘူဒါဘီမှာ တောင်ကိုးရီးယားအသင်းနဲ့ ခြေစမ်းကစားဖို့ရှိနေပါတယ်။

photo internet

(Zawgyi Version)

အာဂ်င္တီးနားအတြက္ အမွတ္တရဆုဖလားတစ္ခုရယူေပးလိုက္ျပန္တဲ့မက္ဆီ

နာမည္ေက်ာ္ကစားသမားတစ္ဦးျဖစ္တဲ့ မက္ဆီဟာ ႏိုင္ငံလက္ေရြးစင္အသင္း အာဂ်င္တီးနားအတြက္ ဆုဖလားေတြရယူေပးခ်င္စိတ္ရိွခဲ့ေပမယ့္ ဇူလိုင္လအတြင္းက ကစားခဲ့တဲ့ ကိုပါအေမရိကဖလားၿပိဳင္ပြဲမွာ ခ်ီလီန႔ဲပြဲဟာေနာက္ဆုံးျဖစ္ခဲ့ပါတယ္။ မက္ဆီဟာ ကိုပါအေမရိက ၿပိဳင္ပြဲမွာလည္း အဆင္မေျပ မႈေတြႀကဳံေတြ႕ခဲ့ရၿပီး၊ အာဂ်င္တီးနားအတြက္ ေမွ်ာ္လင့္သလုိမစြမ္းေဆာင္ေပးႏိုင္ခဲ့ပါဘူး။

ဒါေပမယ့္ အခုအခါမွာေတာ့ ေဆာ္ဒီႏိုင္ငံမွာ ေျခစမ္းပြဲကစားခဲ့တဲ့ ဘရာဇီးလ္နဲ႔ပြဲမွာေတာ့ အာဂ်င္တီးနားအတြက္ အမွတ္တရဆုဖလားရယူေပးႏိုင္ခဲ့ပါတယ္။ အဲဒီအမွတ္တရဆုဖလားရဖို႔အတြက္ဟာလည္း လြယ္ေတာ့ မလြယ္ပါဘူး။ မက္ဆီရဲ႕တစ္လုံးတည္းေသာအႏိုင္ဂိုးေၾကာင့္သာ အာဂ်င္တီးနားတို႔အႏိုင္ရခဲ့တာပါ။ မက္ဆီရဲ႕ပင္နယ္တီကန္ခ်က္ကို အယ္လီဆန္က အစမွာကာကြယ္ႏိုင္ခဲ့ေပမယ့္ ျပန္ကန္ထြက္လာတဲ့ေဘာလုံးကို အပိုင္ပိတ္သြင္းခ်ိန္မွာေတာ့ ဂိုးေပးလိုက္ရတာျဖစ္ပါတယ္။

ဘရာဇီးလ္တိုက္စစ္မႉး ဂါဘရီရယ္လ္ဂ်ီးဆက္စ္ကလည္း အေစာပိုင္းမွာ ပင္နယ္တီတစ္လုံးလြဲေခ်ာ္ခဲ့ပါေသးတယ္။ ေျခစမ္းပြဲျဖစ္ခဲ့ေပမယ့္ႏွစ္သင္းစလုံးအႀကိတ္အနယ္ယွဥ္ၿပိဳင္ခဲ့ၾကၿပီး၊ အခြင့္အေရးေတြကိုယ္စီရခဲ့ၾကေပမယ့္လည္း လြဲေခ်ာ္ခဲ့ၾကပါတယ္။ အဲဒီပြဲအၿပီးမွာေတာ့ အမွတ္တရဆုဖလားခ်ီးျမွင့္ခဲ့ကာ၊ မက္ဆီအေနနဲ႔ အာဂ်င္တီးနားအတြက္ ဆုဖလားကိုင္ေျမွာက္ခြင့္ရခဲ့ပါတယ္။

ဘရာဇီးလ္အသင္းဟာ ၿပီးခဲ့တဲ့ကိုပါအေမရိကဖလားၿပိဳင္ပြဲမွာ ဗိုလ္စြဲခဲ့ၿပီးေနာက္ ၅ပြဲဆက္တိုက္ ႏိုင္ပြဲေပ်ာက္ဆုံးေနခဲ့ပါတယ္။ အာဂ်င္တီးနားအသင္းဟာ လာမယ့္တနလၤာေန႔မွာ အစၥေရးႏိုင္ငံ၊ တဲလ္အဗစ္ၿမိဳ႕မွာ ဥ႐ုေဂြးအသင္းနဲ႔ ေျခစမ္းကစားဖို႔ရိွေပမယ့္ ႏိုင္ငံေရးအေျခအေနအရ ပြဲပ်က္ေကာင္းပ်က္သြားႏိုင္ပါတယ္။ ဘရာဇီးလ္အသင္းကေတာ့ လာမယ့္အဂၤါေန႔မွာ ယူေအအီးႏိုင္ငံ၊ အဘူဒါဘီမွာ ေတာင္ကိုးရီးယားအသင္းနဲ႔ ေျခစမ္းကစားဖို႔ရွိေနပါတယ္။