အသင်း 6 သင်းကနည်းပြတွေအတွက် အေဂျက်အသင်းဟာ ကျိန်စာဆိုးဖြစ်ခဲ့သလား?

0
183
photo internet

တိုက်ဆိုင်မှု၊ကံမကောင်းမှု၊မတော်တဆဖြစ်မှုတွေဟာ ကိစ္စတိုင်းမှာဖြစ်တတ်တဲ့သဘော သဘာဝရှိပါတယ်။ ဒါပေမယ့် တိုက်ဆိုင်မှုတွေများလာတဲ့အခါမှာတော့ အဲဒီအခြေအနေဟာလူတွေအတွက် သတိထားစရာဖြစ်လာ ပါတယ်။ ဘောလုံးလောကမှာလည်း ဒီလိုအယူအဆတွေရှိပါတယ်။ အခုလည်းစပါးနည်းပြထုတ်ခံရ တာနဲ့ ဆက်စပ် ပတ်သက်ပြီးတော့ တိုက်ဆိုင်မှုတွေများတဲ့ သတင်းတစ်ပုဒ်ရှိလာခဲ့ပါတယ်။ The Sun ရဲ့ဖော်ပြချက်ကို သုံးသပ်ရမယ်ဆိုရင်တော့ အေဂျက်အသင်းဟာနည်းပြတွေအတွက် မုဆိုးတစ်ယောက်အသွင်ဖြစ်နေပါတယ်။

photo internet

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ လူငယ်ကစားသမားတွေရဲ့အားနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်အထိ တက်လှမ်းနိုင်ခဲ့တဲ့ အေဂျက်အသင်းဟာ သူနဲ့ဆုံတွေ့ခဲ့တဲ့ အသင်း 6သင်းကနည်းပြတွေကိုအလုပ်က အထုတ်ခံရစေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ အေဂျက်နဲ့ဆုံတွေ့ခဲ့ပြီး နည်းပြအလုပ်ကနေ ထွက်ခဲ့ရ သူတွေကတော့ ဘင်ဖီကာအသင်းရဲ့နည်းပြဖြစ်သူ ဗစ်တိုးရီးယား၊ အေအီးကေအသင်းနည်းပြဖြစ်သူ အူဇူနီရက်စ်၊ရီးရဲလ်နည်းပြ ဆိုလာရီ၊ ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီနီ၊ ဘိုင်ယန်နည်းပြကိုဗက် နဲ့အခု နောက်ဆုံးကတော့ စပါးအသင်းနည်းပြဖြစ်သူ ပိုချက်တီနိုပဲဖြစ်ပါတယ်။

photo internet

ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အဲဒီ 6 သင်းဟာ အေဂျက်အသင်းနဲ့တွေ့ဆုံခဲ့တာဖြစ်ပြီး၊ အေဂျက်အသင်း ကတော့ ဆီမီးဖိုင်နယ်အဆင့်မှာ စပါးအသင်းကို ရှုံးနိမ့်ကာ ဗိုလ်လုပွဲအဆင့်အထိမရောက်ခဲ့ပါဘူး။ အဲဒီ 6 သင်းထဲမှာ အေအီးကေ အသင်းနည်းပြနဲ့ ဂျူဗင်တပ်စ်အသင်းနည်းပြတို့က နှုတ်ထွက်ခဲ့တာဖြစ်ပြီး၊ ကျန်အသင်း 4 သင်းက နည်းပြတွေကတော့ အထုတ်ခံခဲ့ရတာဖြစ်ပါတယ်။

photo internet

ပထမဆုံး ဗစ်တိုးရီးယားက ဇန်နဝါရီမှာ အထုတ်ခံခဲ့ရပြီး၊ ဖေဖော်ဝါရီမှာတော့ အူဇူနီရက်စ်က အလုပ်ကနေထွက်သွားပါတယ်။ မတ်လမှာ ဆိုလာရီအထုတ်ခံရကာ၊ မေလမှာ အယ်လီဂရီနီ ထွက်သွားပါတယ်။ အောက်တိုဘာလမှာတော့ ကိုဗက်အထုတ်ခံရပြီး၊ခုနောက်ဆုံး နိုဝင်ဘာလမှာတော့ ပိုချက်တီနိုအထုတ်ခံရပါတယ်။ ဒါကြောင့် ဒီအဖြစ်အပျက်တွေဟာမတော်တဆတိုက်ဆိုင်မှုလား၊ ဒါမှမဟုတ်အေဂျက်အသင်းမှာအဆောင်ကောင်းတွေ၊ကျိန်စာတွေများရှိနေတာပါလား?

photo internet

(Zawgyi Version)

အသင္း 6 သင္းကနည္းျပေတြအတြက္ ေအဂ်က္အသင္းဟာ က်ိန္စာဆိုးျဖစ္ခဲ့သလား?

တုိက္ဆုိင္မႈ၊ကံမေကာင္းမႈ၊မေတာ္တဆျဖစ္မႈေတြဟာ ကိစၥတိုင္းမွာျဖစ္တတ္တဲ့သေဘာသဘာ၀ရိွပါတယ္။ ဒါေပမယ့္ တိုက္ဆုိင္မႈေတြမ်ားလာတဲ့အခါမွာေတာ့ အဲဒီအေျခအေနဟာလူေတြအတြက္သတိထားစရာျဖစ္လာ ပါတယ္။ ေဘာလုံးေလာကမွာလည္း ဒီလုိအယူအဆေတြရိွပါတယ္။ အခုလည္းစပါးနည္းျပထုတ္ခံရတာနဲ႔ ဆက္စပ္ ပတ္သက္ၿပီးေတာ့ တိုက္ဆုိင္မႈေတြမ်ားတဲ့သတင္းတစ္ပုဒ္ရိွလာခဲ့ပါတယ္။ The Sun ရဲ႕ေဖာ္ျပခ်က္ကို သုံးသပ္ရမယ္ဆိုရင္ေတာ့ ေအဂ်က္အသင္းဟာနည္းျပေတြအတြက္ မုဆိုးတစ္ေယာက္အသြင္ျဖစ္ေနပါတယ္။

ၿပီးခဲ့တဲ့ေဘာလုံးရာသီမွာ လူငယ္ကစားသမားေတြရဲ႕အားနဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဆီမီးဖိုင္နယ္အဆင့္အထိ တက္လွမ္းႏိုင္ခဲ့တဲ့ ေအဂ်က္အသင္းဟာ သူနဲ႔ဆုံေတြ႕ခဲ့တဲ့ အသင္း 6သင္းကနည္းျပေတြကိုအလုပ္က အထုတ္ခံရေစတယ္ဆုိတဲ့သတင္းျဖစ္ပါတယ္။ ေအဂ်က္နဲ႔ဆုံေတြ႕ခဲ့ၿပီး နည္းျပအလုပ္ကေန ထြက္ခဲ့ရ သူေတြကေတာ့ ဘင္ဖီကာအသင္းရဲ႕နည္းျပျဖစ္သူ ဗစ္တိုးရီးယား၊ ေအအီးေကအသင္းနည္းျပျဖစ္သူ အူဇူနီရက္စ္၊ရီးရဲလ္နည္းျပ ဆုိလာရီ၊ ဂ်ဴဗင္တပ္စ္နည္းျပ အယ္လီဂရီနီ၊ ဘိုင္ယန္နည္းျပကိုဗက္ နဲ႔အခု ေနာက္ဆုံးကေတာ့ စပါးအသင္းနည္းျပျဖစ္သူ ပိုခ်က္တီႏိုပဲျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ အဲဒီ 6 သင္းဟာ ေအဂ်က္အသင္းနဲ႔ေတြ႕ဆုံခဲ့တာျဖစ္ၿပီး၊ ေအဂ်က္အသင္း ကေတာ့ ဆီမီးဖိုင္နယ္အဆင့္မွာ စပါးအသင္းကို ရံႈးနိမ့္ကာ ဗိုလ္လုပြဲအဆင့္အထိမေရာက္ခဲ့ပါဘူး။ အဲဒီ 6 သင္းထဲမွာ ေအအီးေက အသင္းနည္းျပနဲ႔ ဂ်ဴဗင္တပ္စ္အသင္းနည္းျပတို႔က ႏႈတ္ထြက္ခဲ့တာျဖစ္ၿပီး၊ က်န္အသင္း 4 သင္းက နည္းျပေတြကေတာ့ အထုတ္ခံခဲ့ရတာျဖစ္ပါတယ္။

ပထမဆုံး ဗစ္တိုးရီးယားက ဇန္န၀ါရီမွာ အထုတ္ခံခဲ့ရၿပီး၊ ေဖေဖာ္၀ါရီမွာေတာ့ အူဇူနီရက္စ္က အလုပ္ကေနထြက္သြားပါတယ္။ မတ္လမွာ ဆိုလာရီအထုတ္ခံရကာ၊ ေမလမွာ အယ္လီဂရီနီ ထြက္သြားပါတယ္။ ေအာက္တုိဘာလမွာေတာ့ ကိုဗက္အထုတ္ခံရၿပီး၊ခုေနာက္ဆုံး ႏို၀င္ဘာလမွာေတာ့ ပိုခ်က္တီႏိုအထုတ္ခံရပါတယ္။ ဒါေၾကာင့္ ဒီအျဖစ္အပ်က္ေတြဟာမေတာ္တဆတိုက္ဆိုင္မႈလား၊ ဒါမွမဟုတ္ေအဂ်က္အသင္းမွာအေဆာင္ေကာင္းေတြ၊က်ိန္စာေတြမ်ားရိွေနတာပါလား?