အသင်းပိုင်ရှင်ဖြစ်လာတဲ့ အီဘရာဟီမိုဗစ်

0
82
photo internet

အယ်အေဂလက်ဆီအသင်းနဲ့ စာချုပ်သက်တမ်းပြည့်သွားပြီဖြစ်တဲ့ ဝါရင့်ကစားသမားကြီး အီဘရာဟီမိုဗစ်တစ်ယောက် အသင်းပြောင်းရွှေ့ကစားဖို့လုပ်ဆောင်ခဲ့ပေမယ့် အခုအခါမှာတော့ သူ့ရဲ့အမိမြေက ကလပ်အသင်းရဲ့ပူးတွဲပိုင်ရှင်ဖြစ်လာခဲ့ပါပြီ။ အီဘရာဟီမိုဗစ်ဟာ ဆွီဒင်ကလပ် ဟမ်မာဘီအသင်းရဲ့ ရှယ်ယာ ၅၀% ကို ဝယ်ယူခဲ့တာဖြစ်ပါတယ်။

photo internet

အသက် 38 နှစ်အရွယ်ရှိပြီဖြစ်တဲ့ အီဘရာဟီမိုဗစ်ဟာ သူ့ရဲ့အင်စတာဂရမ်ပေါ်မှာ ဟမ်မာဘီအသင်းဝတ်စုံနဲ့ ဆိုင်တဲ့ ဗီဒီယိုကိုတင်ခဲ့တာဖြစ်ပါတယ်။ အစပိုင်းမှာတော့ ဟီမိုဗစ်တစ်ယောက် အဲဒီအသင်းကိုပြောင်းရွှေ့သွားပြီလို့ ပရိသတ်တွေကထင်မြင်ယူဆခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ အသင်းရဲ့ရှယ်ယာတွေဝယ်ယူကြောင်းသတင်းထွက်ပေါ်လာတာပါ။ ဟီမိုဗစ်တစ်ယောက် ဒီအတိုင်း အသင်းရဲ့ပူးတွဲပိုင်ရှင်အဖြစ်နေမှာလား၊ ဒါမှမဟုတ်နည်းပြ(သို့)ကစားသမားတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်မှာလားဆိုတာကတော့ မသိရသေးပါဘူး။

photo internet

“ဟမ်မာဘီအသင်းဟာ ဆွီဒင်နိုင်ငံရဲ့လေးစားမှုကိုရရှိထားတဲ့အသင်းတစ်သင်းပါ။ ပရိသတ်အားပေးမှုနှုန်း လည်းကောင်းပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး ဟမ်မာဘီအသင်းဟာ တဖြည်းဖြည်းတိုးတက်လာ တယ်လို့မြင်ပါတယ်။ အသင်းပိုပြီးတိုးတက်စေဖို့အတွက် ကျွန်တော်ဝိုင်းပြီးကြိုးစားပေးသွားမှာပါ”လို့ အီဘရာဟီမိုဗစ်ကပြောပါတယ်။

photo internet

“ဖြစ်ပျက်တာတွေက တော်တော်လေးမြန်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါဟာကောင်းတဲ့ပြောင်းလဲမှုလို့ ကျွန်တော်ပြောချင်ပါတယ်။ အီဘရာဟီမိုဗစ်ဟာဘောလုံးလောကမှာလည်း လူသိများတဲ့ကစားသမားပါ။ ဒီလိုလူမျိုးက အသင်းပိုင်ရှင်ဖြစ်လာတဲ့အတွက် ကျွန်တော်ဝမ်းသာပါတယ်”လို့ ဟမ်မာဘီအသင်းရဲ့ဥက္ကဋ္ဌဖြစ်သူရစ်ချတ်ကပြောပါ တယ်။ အီဘရာဟီမိုဗစ်တစ်ယောက် သူပိုင်တဲ့အသင်းမှာပဲတာဝန်ထမ်းဆောင်မှာလား၊ ဒါမှမဟုတ် အခြားအသင်းကိုပဲပြောင်းရွှေ့ဖြစ်မလားဆိုတာစောင့်ကြည့်ရပါမယ်။

photo internet

(Zawgyi Version)

အသင္းပိုင္ရွင္ျဖစ္လာတဲ့ အီဘရာဟီမိုဗစ္

အယ္ေအဂလက္ဆီအသင္းနဲ႔ စာခ်ဳပ္သက္တမ္းျပည့္သြားၿပီျဖစ္တဲ့ ၀ါရင့္ကစားသမားႀကီး အီဘရာဟီမိုဗစ္တစ္ေယာက္ အသင္းေျပာင္းေရႊ႕ကစားဖုိ႔လုပ္ေဆာင္ခဲ့ေပမယ့္ အခုအခါမွာေတာ့ သူ႔ရဲ႕အမိေျမက ကလပ္အသင္းရဲ႕ပူးတြဲပိုင္ရွင္ျဖစ္လာခဲ့ပါၿပီ။ အီဘရာဟီမိုဗစ္ဟာ ဆြီဒင္ကလပ္ ဟမ္မာဘီအသင္းရဲ႕ ရွယ္ယာ ၅၀% ကို ဝယ္ယူခဲ့တာျဖစ္ပါတယ္။

အသက္ 38 ႏွစ္အရြယ္ရိွၿပီျဖစ္တဲ့ အီဘရာဟီမိုဗစ္ဟာ သူ႔ရဲ႕အင္စတာဂရမ္ေပၚမွာ ဟမ္မာဘီအသင္း၀တ္စုံနဲ႔ ဆိုင္တဲ့ ဗီဒီယုိကိုတင္ခဲ့တာျဖစ္ပါတယ္။ အစပိုင္းမွာေတာ့ ဟီမိုဗစ္တစ္ေယာက္ အဲဒီအသင္းကိုေျပာင္းေရႊ႕သြားၿပီလုိ႔ ပရိသတ္ေတြကထင္ျမင္ယူဆခဲ့ၾကတာျဖစ္ပါတယ္။ ဒါေပမယ့္ အခုအခါမွာေတာ့ အသင္းရဲ႕ရွယ္ယာေတြ၀ယ္ယူေၾကာင္းသတင္းထြက္ေပၚလာတာပါ။ ဟီမိုဗစ္တစ္ေယာက္ ဒီအတိုင္း အသင္းရဲ႕ပူးတြဲပိုင္ရွင္အျဖစ္ေနမွာလား၊ ဒါမွမဟုတ္နည္းျပ(သုိ႔)ကစားသမားတစ္ေယာက္အျဖစ္ တာ၀န္ထမ္းေဆာင္မွာလားဆိုတာကေတာ့ မသိရေသးပါဘူး။

“ဟမ္မာဘီအသင္းဟာ ဆီြဒင္ႏိုင္ငံရဲ႕ေလးစားမႈကိုရရိွထားတဲ့အသင္းတစ္သင္းပါ။ ပရိသတ္အားေပးမႈႏႈန္း လည္းေကာင္းပါတယ္။ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္ကစၿပီး ဟမ္မာဘီအသင္းဟာ တျဖည္းျဖည္းတုိးတက္လာ တယ္လို႔ျမင္ပါတယ္။ အသင္းပိုၿပီးတိုးတက္ေစဖုိ႔အတြက္ ကၽြန္ေတာ္၀ုိင္းၿပီးႀကိဳးစားေပးသြားမွာပါ”လို႔ အီဘရာဟီမိုဗစ္ကေျပာပါတယ္။

“ျဖစ္ပ်က္တာေတြက ေတာ္ေတာ္ေလးျမန္ပါတယ္။ ဘာပဲျဖစ္ျဖစ္ ဒါဟာေကာင္းတဲ့ေျပာင္းလဲမႈလုိ႔ ကၽြန္ေတာ္ေျပာခ်င္ပါတယ္။ အီဘရာဟီမိုဗစ္ဟာေဘာလုံးေလာကမွာလည္း လူသိမ်ားတဲ့ကစားသမားပါ။ ဒီလုိလူမ်ဳိးက အသင္းပုိင္ရွင္ျဖစ္လာတဲ့အတြက္ ကၽြန္ေတာ္၀မ္းသာပါတယ္”လို႔ ဟမ္မာဘီအသင္းရဲ႕ဥကၠ႒ျဖစ္သူရစ္ခ်တ္ကေျပာပါတယ္။ အီဘရာဟီမိုဗစ္တစ္ေယာက္ သူပိုင္တဲ့အသင္းမွာပဲတာ၀န္ထမ္းေဆာင္မွာလား၊ ဒါမွမဟုတ္ အျခားအသင္းကိုပဲေျပာင္းေရႊ႕ျဖစ္မလားဆိုတာေစာင့္ၾကည့္ရပါမယ္။