ရှက်ဖီးနဲ့ပွဲမှာ အမှားကျူးလွန်းလို့ ဝေဖန်ခံနေရတဲ့ မန်ယူကစားသမား ဖီးလ်ဂျုံး

0
91
photo internet

ဘောလုံးပွဲတစ်ခုမှာ ရှေ့တန်းတိုက်စစ်မှူးတွေကောင်းရုံနဲ့မရပါဘူး။ နောက်ခံလူတွေ ကောင်းဖို့လည်းလိုအပ်ပါတယ်။ မန်ယူမှာ အချို့ကစားသမားတွေဟာ ပွဲအတွင်းအမှားတွေ ကျူးလွန်တတ်တာကြောင့် အသင်းအနေနဲ့ ထင်သလောက်ရလဒ်မကောင်းဖြစ်နေပါတယ်။ မန်ယူနဲ့ရှက်ဖီးပွဲစဉ်မှာ တစ်ဖက် 3 ဂိုးစီသရေရလဒ် ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီပွဲနဲ့ပတ်သက်ပြီး ချီးကျူးခံရတဲ့ မန်ယူကစားသမားတွေရှိသလို၊ ဝေဖန်ခံရတဲ့ကစားသမားလည်းရှိပါတယ်။

photo internet

ပြစ်တင်ဝေဖန်ခံနေရတဲ့ မန်ယူကစားသမားကတော့ နောက်ခံလူ ဖီးလ်ဂျုံးပဲဖြစ်ပါတယ်။ ဖီးလ်ဂျုံးရဲ့ခံစစ် ပုံစံအနေအထားမမှန်ခဲ့တာကြောင့် ရှက်ဖီးအသင်းအနေနဲ့မန်ယူဘက်ကို ပထမဆုံးဂိုးစသွင်းနိုင်ခဲ့ တာဖြစ်ပါတယ်။ ရှက်ဖီးဘက်က ဂိုးခြိမ်းခြောက်ဖို့လုပ်နေစဉ်မှာ မန်ယူကစားသမားတွေဖြစ်တဲ့ ဝမ်ဘစ်စကာ၊ လင်ဒီလော့ဖ်၊ မက်ဂွိုင်းယား တို့က လိုင်းတစ်ခုပုံစံတန်းစီခုခံကာကွယ်နေခဲ့ပေမယ့် ဖီးလ်ဂျုံးကတော့ သူတို့တွေရဲ့နောက် 5ကိုက်လောက်အကွာအဝေးမှာရောက်နေခဲ့တာဖြစ်ပါတယ်။

photo internet

ဒါကြောင့် ရှက်ဖီးကစားသမား မူးဆက်အနေနဲ့ နောက်တန်းခံစစ်ကို ဖြတ်ကျော်နိုင်ခဲ့တာဖြစ်ပြီး ၊ ဖီးလ်ဂျုံးကို တွန်းတိုက်ကာ ဂိုးဖန်တီးမှုလုပ်ဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဖီးလ်ဂျုံးဟာ 2011 ခုနှစ်ကတည်းက မန်ယူကိုရောက်ရှိနေခဲ့တာဖြစ်ပြီး၊ အခုအချိန်အထိကြိုးစားနေရတဲ့ကစားသမားဖြစ်နေဆဲပါ။ အသက် 27 နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖီးလ်ဂျုံးဟာ မန်ယူနဲ့ 2023 ခုနှစ်အထိစာချုပ်ရှိနေတာဖြစ်ပါတယ်။

photo internet

“သူကအမှားတွေလုပ်လိုက်တာပဲ။ ဂျုံးဟာချစ်ဖို့ကောင်းတဲ့ ကစားသမားမဟုတ်ဘူး။ သူဟာအသက် 20 အရွယ်ကစားသမားမဟုတ်ဘူးလေ။ ကောင်းမွန်တဲ့ကစားကွက်ပုံစံတွေမပေးနိုင်ဘူး။ဂျုံးအနေနဲ့ ကိုယ့်ဂိုးသမားအနောက်ဘက်ဘယ်လောက်အကွာအဝေးမှာရှိတယ်။တစ်ဖက်အသင်းက တိုက်စစ်မှူးနဲ့ ကိုယ့်နောက်ခံလူတွေဘယ်မှာရှိတယ် စတာတွေကို ထည့်တွက်စဉ်းစားဖို့လိုပါတယ်။ ကိုယ်ကာကွယ်နိုင်မယ်ထင်ပြီး နေရာယူမှားနေရင် သွားပြီပဲ”လို့ စကိုင်းစပေါ့မှာ လီဗာပူးကစားသမားဟောင်း ဆိုးနစ်ကပြောထားပါတယ်။

photo internet

(Zawgyi Version)

ရွက္ဖီးနဲ႔ပြဲမွာ အမွားက်ဴးလြန္းလို႔ ေ၀ဖန္ခံေနရတဲ့ မန္ယူကစားသမား ဖီးလ္ဂ်ံဳး

ေဘာလုံးပြဲတစ္ခုမွာ ေရွ႕တန္းတိုက္စစ္မွဴးေတြေကာင္းရုံနဲ႔မရပါဘူး။ ေနာက္ခံလူေတြ ေကာင္းဖို႔လည္းလိုအပ္ပါတယ္။ မန္ယူမွာ အခ်ဳိ႕ကစားသမားေတြဟာ ပြဲအတြင္းအမွားေတြ က်ဴးလြန္တတ္တာေၾကာင့္ အသင္းအေနနဲ႔ ထင္သေလာက္ရလဒ္မေကာင္းျဖစ္ေနပါတယ္။ မန္ယူနဲ႔ရွက္ဖီးပြဲစဥ္မွာ တစ္ဖက္ 3 ဂိုးစီသေရရလဒ္ ထြက္ေပၚလာခဲ့ပါတယ္။ အဲဒီပြဲနဲ႔ပတ္သက္ၿပီး ခ်ီးက်ဴးခံရတဲ့ မန္ယူကစားသမားေတြရိွသလုိ၊ ေ၀ဖန္ခံရတဲ့ကစားသမားလည္းရိွပါတယ္။

ျပစ္တင္ေ၀ဖန္ခံေနရတဲ့ မန္ယူကစားသမားကေတာ့ ေနာက္ခံလူ ဖီးလ္ဂ်ဳံးပဲျဖစ္ပါတယ္။ ဖီးလ္ဂ်ဳံးရဲ႕ခံစစ္ ပုံစံအေနအထားမမွန္ခဲ့တာေၾကာင့္ ရွက္ဖီးအသင္းအေနနဲ႔မန္ယူဘက္ကို ပထမဆုံးဂိုးစသြင္းႏိုင္ခဲ့ တာျဖစ္ပါတယ္။ ရွက္ဖီးဘက္က ဂိုးၿခိမ္းေျခာက္ဖို႔လုပ္ေနစဥ္မွာ မန္ယူကစားသမားေတြျဖစ္တဲ့ ၀မ္ဘစ္စကာ၊ လင္ဒီေလာ့ဖ္၊ မက္ဂြိဳင္းယား တို႔က လိုင္းတစ္ခုပုံစံတန္းစီခုခံကာကြယ္ေနခဲ့ေပမယ့္ ဖီးလ္ဂ်ဳံးကေတာ့ သူတို႔ေတြရဲ႕ေနာက္ 5ကိုက္ေလာက္အကြာအေ၀းမွာေရာက္ေနခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ ရွက္ဖီးကစားသမား မူးဆက္အေနနဲ႔ ေနာက္တန္းခံစစ္ကို ျဖတ္ေက်ာ္ႏိုင္ခဲ့တာျဖစ္ၿပီး ၊ ဖီးလ္ဂ်ဳံးကို တြန္းတိုက္ကာ ဂိုးဖန္တီးမႈလုပ္ေဆာင္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ ဖီးလ္ဂ်ဳံးဟာ 2011 ခုႏွစ္ကတည္းက မန္ယူကိုေရာက္ရိွေနခဲ့တာျဖစ္ၿပီး၊ အခုအခ်ိန္အထိႀကိဳးစားေနရတဲ့ကစားသမားျဖစ္ေနဆဲပါ။ အသက္ 27 ႏွစ္အရြယ္ရိွၿပီျဖစ္တဲ့ ဖီးလ္ဂ်ဳံးဟာ မန္ယူနဲ႔ 2023 ခုႏွစ္အထိစာခ်ဳပ္ရိွေနတာျဖစ္ပါတယ္။

“သူကအမွားေတြလုပ္လိုက္တာပဲ။ ဂ်ဳံးဟာခ်စ္ဖုိ႔ေကာင္းတဲ့ ကစားသမားမဟုတ္ဘူး။ သူဟာအသက္ 20 အရြယ္ကစားသမားမဟုတ္ဘူးေလ။ ေကာင္းမြန္တဲ့ကစားကြက္ပုံစံေတြမေပးႏိုင္ဘူး။ဂ်ဳံးအေနနဲ႔ ကိုယ့္ဂိုးသမားအေနာက္ဘက္ဘယ္ေလာက္အကြာအေ၀းမွာရိွတယ္။တစ္ဖက္အသင္းက တိုက္စစ္မွဴးနဲ႔ ကိုယ့္ေနာက္ခံလူေတြဘယ္မွာရိွတယ္ စတာေတြကို ထည့္တြက္စဥ္းစားဖို႔လိုပါတယ္။ ကိုယ္ကာကြယ္ႏိုင္မယ္ထင္ၿပီး ေနရာယူမွားေနရင္ သြားၿပီပဲ”လို႔ စကိုင္းစေပါ့မွာ လီဗာပူးကစားသမားေဟာင္း ဆိုးနစ္ကေျပာထားပါတယ္။