မန်ယူပြန်ခေါ်ချင်စိတ်တွေဖြစ်အောင် ခြေစွမ်းပြနေတဲ့ စမောလင်း

0
98
photo internet

မန်ယူအသင်းအတွက် ကစားသမားအပြောင်းအရွှေ့၊အသစ်ခေါ်ယူရေးဟာခက်ခဲတဲ့အခြေအနေဖြစ်နေဆဲပါ။ မန်ယူမှာရှိနေစဉ်အတွင်းခြေစွမ်းမပြလို့ တခြားအသင်းကို အငှားပေး(သို့)ရောင်းချလိုက်တဲ့အချို့ကစားသမား တွေဟာ အဲဒီအသင်းကိုရောက်ရှိသွားတဲ့အခါ ခြေစွမ်းတွေပြနေကြပါတယ်။ အခုလည်းမန်ယူအတွက်နောက်ခံ အနေအထား ဟာခက်ခဲနေပါသေးတယ်။ ကစားသမားကောင်းတွေလိုအပ်နေတဲ့မန်ယူအတွက် ရိုးမားအသင်းကို အငှားနဲ့ပြောင်းရွှေ့ကစားနေတဲ့ စမောလင်းဟာ မျက်စိကျစရာဖြစ်လာနေပါတယ်။

photo internet

စမောလင်းဟာ မန်ယူမှာအချိန်အကြာကြီးကစားထားခဲ့သူဖြစ်ပြီး၊ မက်ဂွိုင်းယားရောက်လာချိန်မှာ အရန်ခုံမှာ ထိုင်နေရတဲ့အခြေအနေဖြစ်နေတာကြောင့် ရိုးမားအသင်းကို အငှားနဲ့ပြောင်းရွှေ့ကစားခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာ စမောလင်းဟာ ရိုးမားအသင်းအတွက် စီးရီးအေမှာ နှစ်ဂိုးသွင်းထားပြီး၊ နှစ်ဂိုးဖန်တီးပေးထားနိုင်ပါတယ်။ ဒါကြောင့်စမောလင်းတစ်ယောက် မန်ယူအတွက်ဂိုးမသွင်းနိုင်သေးတဲ့ မက်ဂွိုင်းယားထက်ပိုသာတဲ့အနေအထားဖြစ်နေပါတယ်။

photo internet

အခုအချိန်မှာ စမောလင်းဟာ စီးရီးအေရဲ့ အကောင်းဆုံးနောက်ခံလူအဖြစ်သတ်မှတ်ခံထားရပါတယ်။ စမောလင်းဟာ ဂျက်ဆီလင်ဂတ်ထက်လည်းပိုသာတဲ့အနေအထားရှိပါတယ်။ လင်ဂတ်ဟာ ရော့ချ်ဒေးလ်နဲ့ လိဂ်ဖလားပွဲမှာသာ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာ စမောလင်းကို ရိုးမားအသင်းက အပြီးသတ်ခေါ်ယူဖို့လုပ်ဆောင်နေသလို၊ အခြားအသင်းတွေကလည်း စမောလင်းကိုခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။

photo internet

စမောလင်းနဲ့ပုံမှန်အခန်းဖော်ဖြစ်တဲ့ ဖီးလ်ဂျုံးကတော့ မန်ယူအတွက်အမှားတွေလုပ်ဆောင်နေပါတယ်။ ဒီအချိန်မှာ မန်ယူပရိသတ်အများစုကလည်း စမောလင်းကို မန်ယူဆီပြန်လာစေချင်နေကြပါတယ်။ “ကျွန်တော်မန်ယူကိုလွမ်းပါတယ်။ ဘာကြောင့်လဲဆိုရင် မန်ယူမှာအချိန်အကြာကြီးကျွန်တော်ဖြတ်သန်းခဲ့လို့ပါ။
မန်ယူဆိုတဲ့အဆောက်အအုံကြီးမှာကျွန်တော့်အနေနဲ့ပရိဘောဂတစ်ခုအဖြစ်ပါဝင်ပတ်သက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော့်ရဲ့ဘဝစာမျက်နှာအသစ်မှာပျော်အောင်နေရမှာပါ”လို့ စမောလင်းက ဘောလုံးစကားဝိုင်း တစ်ခုမှာပြောဖူးပါတယ်။ ရောမမှာပြန်လည်မွေးဖွားတောက်ပလာခဲ့တဲ့ စမောလင်းတစ်ယောက် ဘယ်အသင်းကိုရောက်မလဲ၊ရှေ့ဆက်ခြေစွမ်းတွေဘယ်လိုဖြစ်မလဲဆိုတာစောင့်ကြည့်ရပါမယ်။

photo internet

(Zawgyi Version)

မန္ယူျပန္ေခၚခ်င္စိတ္ေတြျဖစ္ေအာင္ ေျခစြမ္းျပေနတဲ့ စေမာလင္း

မန္ယူအသင္းအတြက္ ကစားသမားအေျပာင္းအေရႊ႕၊အသစ္ေခၚယူေရးဟာခက္ခဲတဲ့အေျခအေနျဖစ္ေနဆဲပါ။ မန္ယူမွာရိွေနစဥ္အတြင္းေျခစြမ္းမျပလို႔ တျခားအသင္းကို အငွားေပး(သို႔)ေရာင္းခ်လိုက္တဲ့အခ်ဳိ႕ကစားသမား ေတြဟာ အဲဒီအသင္းကိုေရာက္ရိွသြားတဲ့အခါ ေျခစြမ္းေတြျပေနၾကပါတယ္။ အခုလည္းမန္ယူအတြက္ေနာက္ခံအေနအထားဟာခက္ခဲေနပါေသးတယ္။ ကစားသမားေကာင္းေတြလုိအပ္ေနတဲ့မန္ယူအတြက္ ရိုးမားအသင္းကို အငွားနဲ႔ေျပာင္းေရႊ႕ကစားေနတဲ့ စေမာလင္းဟာ မ်က္စိက်စရာျဖစ္လာေနပါတယ္။

စေမာလင္းဟာ မန္ယူမွာအခ်ိန္အၾကာႀကီးကစားထားခဲ့သူျဖစ္ၿပီး၊ မက္ဂိြဳင္းယားေရာက္လာခ်ိန္မွာ အရန္ခုံမွာ ထိုင္ေနရတဲ့အေျခအေနျဖစ္ေနတာေၾကာင့္ ရိုးမားအသင္းကို အငွားနဲ႔ေျပာင္းေရႊ႕ကစားခဲ့တာျဖစ္ပါတယ္။ အခုအခ်ိန္မွာ စေမာလင္းဟာ ရိုးမားအသင္းအတြက္ စီးရီးေအမွာ ႏွစ္ဂိုးသြင္းထားၿပီး၊ ႏွစ္ဂိုးဖန္တီးေပးထားႏိုင္ပါတယ္။ ဒါေၾကာင့္စေမာလင္းတစ္ေယာက္ မန္ယူအတြက္ဂိုးမသြင္းႏိုင္ေသးတဲ့ မက္ဂိြဳင္းယားထက္ပိုသာတဲ့အေနအထားျဖစ္ေနပါတယ္။

အခုအခ်ိန္မွာ စေမာလင္းဟာ စီးရီးေအရဲ႕ အေကာင္းဆုံးေနာက္ခံလူအျဖစ္သတ္မွတ္ခံထားရပါတယ္။ စေမာလင္းဟာ ဂ်က္ဆီလင္ဂတ္ထက္လည္းပိုသာတဲ့အေနအထားရိွပါတယ္။ လင္ဂတ္ဟာ ေရာ့ခ်္ေဒးလ္နဲ႔ လိဂ္ဖလားပြဲမွာသာ ဂိုးဖန္တီးမႈတစ္ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ အခုအခ်ိန္မွာ စေမာလင္းကို ရိုးမားအသင္းက အၿပီးသတ္ေခၚယူဖို႔လုပ္ေဆာင္ေနသလုိ၊ အျခားအသင္းေတြကလည္း စေမာလင္းကိုေခၚယူဖို႔စိတ္၀င္စားေနပါတယ္။

စေမာလင္းနဲ႔ပုံမွန္အခန္းေဖာ္ျဖစ္တဲ့ ဖီးလ္ဂ်ံဳးကေတာ့ မန္ယူအတြက္အမွားေတြလုပ္ေဆာင္ေနပါတယ္။ ဒီအခ်ိန္မွာ မန္ယူပရိသတ္အမ်ားစုကလည္း စေမာလင္းကို မန္ယူဆီျပန္လာေစခ်င္ေနၾကပါတယ္။ “ကၽြန္ေတာ္မန္ယူကိုလြမ္းပါတယ္။ ဘာေၾကာင့္လဲဆုိရင္ မန္ယူမွာအခ်ိန္အၾကာႀကီးကၽြန္ေတာ္ျဖတ္သန္းခဲ့လို႔ပါ။
မန္ယူဆိုတဲ့အေဆာက္အအုံႀကီးမွာကၽြန္ေတာ့္အေနနဲ႔ပရိေဘာဂတစ္ခုအျဖစ္ပါ၀င္ပတ္သက္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ကၽြန္ေတာ့္ရဲ႕ဘ၀စာမ်က္ႏွာအသစ္မွာေပ်ာ္ေအာင္ေနရမွာပါ”လို႔ စေမာလင္းက ေဘာလုံးစကား၀ိုင္းတစ္ခုမွာေျပာဖူးပါတယ္။ ေရာမမွာျပန္လည္ေမြးဖြားေတာက္ပလာခဲ့တဲ့ စေမာလင္းတစ္ေယာက္ ဘယ္အသင္းကိုေရာက္မလဲ၊ေရွ႕ဆက္ေျခစြမ္းေတြဘယ္လုိျဖစ္မလဲဆုိတာေစာင့္ၾကည့္ရပါမယ္။