မန်ယူနည်းပြဟောင်း မော်ရင်ဟို ဘယ်လိုအကြောင်းအချက်တွေကြောင့် စပါးအသင်းနည်းပြတာဝန်ကိုရွေးချယ်ခဲ့တာလဲ?

0
97
photo internet

စပါးအသင်းကို အသင်းကောင်းတစ်ခုအဖြစ်မြှင့်တင်ပေးခဲ့တဲ့ ပိုချက်တီနိုကတော့ စပါးနဲ့လမ်းခွဲလိုက်ရပြီး အခုအခါမှာတော့ မော်ရင်ဟိုက နည်းပြအသစ်အဖြစ်စပါးအသင်းနဲ့လက်တွဲလိုက်ပါပြီ။ ဘာကြောင့်မန်ယူနည်းပြဟောင်း မော်ရင်ဟိုတစ်ယောက် စပါးအသင်းကိုနည်းပြလုပ်ပေးဖို့ရွေးချယ်ခဲ့ရတာလဲ။ ထင်မြင်ချက်တချို့ကိုဖော်ပြပေးလိုက်ပါတယ်။ လန်ဒန်မြို့မှာနေရမယ်ဆိုတဲ့အချက်တစ်ချက်ကတော့ မော်ရင်ဟိုအတွက် အများကြီးထည့်တွက်စဉ်းစားစရာဖြစ်ခဲ့ မှာသေချာပါတယ်။ ဘာကြောင့်လဲဆိုရင် မော်ရင်ဟိုအတွက်လန်ဒန်နဲ့ပတ်သက်တဲ့အမှတ်တရတွေအများကြီး ရှိနေလို့ပါ။

photo internet

ပေါ်တူဂီသားမော်ရင်ဟိုအတွက် လန်ဒန်မြို့ဟာဒုတိယမွေးရပ်မြေလိုပါပဲ။ မော်ရင်ဟိုတစ်ယောက် လန်ဒန်မှာအိမ်ပိုင်ဆိုင်ထားတာကြောင့် အိမ်လွမ်းဝေဒနာကိုခံစားရတော့မှာမဟုတ်ပါဘူး။ မန်ယူမှာနည်းပြ အဖြစ်တာဝန်ယူချိန်တုန်းက မော်ရင်ဟိုတစ်ယောက် ဟိုတယ်မှာသာနေပြီး အိမ်လွမ်းဝေဒနာကို ခံစားနေရတာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ စပါးကစားသမားတွေရဲ့အခြေအနေကြောင့်လည်း မော်ရင်ဟိုတစ်ယောက် နည်းပြလုပ်ဖို့သဘောတူခဲ့တာဖြစ်နိုင်ပါတယ်။

photo internet

အခုအချိန်မှာစပါးအသင်းကို နဂိုတုန်းကလိုအလယ်အလတ်အဆင့်သတ်မှတ်လို့မရတော့ပါဘူး။ ဘာကြောင့်လဲ ဆိုရင် အချို့ပွဲတွေမှာရလဒ်မကောင်းတာကလွဲလို့ အသင်းကြီးတွေနဲ့ယှဉ်ပြိုင်နိုင်စွမ်းရှိနေလို့ပါ။ မနှစ်ကရာသီမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုစပါးအသင်းတက်ရောက်နိုင်ခဲ့တဲ့အပြင် ပရိသတ်အင်အားလည်း တိုးလာနေလို့ဖြစ်ပါ တယ်။ ကစားသမားအင်အားပိုင်းမှာ စပါးကို လီဗာပူးနဲ့မန်စီးတီးပြီးရင် တောင့်တင်းတဲ့အသင်း လို့ပြောနိုင်ပါ တယ်။ ဟယ်ရီကိန်း၊ဆွန်ဟောင်မင်၊အဲရစ်ဆင် စတဲ့ ကစားသမားကောင်းတွေရဲ့အင်အားကိုလည်း လျှော့တွက်လို့မရပါဘူး။ ဒါကြောင့်လည်း မော်ရင်ဟိုတစ်ယောက် စပါးကိုကိုင်တွယ်ရင် ရလဒ်ကောင်းနိုင်တယ် ထင်ပြီးရွေးချယ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ အခုလည်း မော်ရင်ဟိုကိုင်တွယ်တဲ့စပါးအသင်းရဲ့ပွဲဦးထွက် ဟာအောင်မြင်မှုတွေရယူပေးနိုင်ခဲ့ပါတယ်။

photo internet

စပါးဟာအခုရာသီမှာ ရလဒ်တွေမကောင်းပေမယ့် ဖလားတွေရယူနိုင်ဖို့အတွက် လက်တစ်ကမ်း အကွာမှာရှိနေတာဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ မော်ရင်ဟိုတစ်ယောက်စပါးကို သာဖလားတွေ ကိုင်မြှောက်ခွင့်ရအောင်လမ်းညွှန်ပေးနိုင်မယ်ဆိုရင် သူ့အတွက်ဂုဏ်ပုဒ်တွေ၊အောင်မြင်မှုတွေ ထပ်တိုးလာမှာဖြစ်ပါတယ်။ အောင်မြင်ခါနီးအသင်းတစ်သင်းကို သူ့အနေနဲ့လမ်းကြောင်းပေးနိုင်လိမ့်မယ်လို့ ထင်မြင်ယူဆပြီးမော်ရင်ဟိုတစ်ယောက်စပါးကိုရွေးချယ်ခဲ့တာဖြစ်နိုင်ပါတယ်။ မော်ရင်ဟိုရဲ့တွေးဆချက်သာ မှန်ကန်မယ်ဆိုရင် စပါးအသင်းအတွက်ရော၊သူ့အတွက်ပါ အကျိုးဖြစ်ထွန်းစေမှာဖြစ်ပါတယ်။

photo internet

ပရီးမီးယားလိဂ်ကိုပြန်လာချင်နေတဲ့မော်ရင်ဟိုအတွက်သူ့ရဲ့မျှော်မှန်းချက်တွေအထမြောက်မမြောက်ကိုတော့စောင့်ကြည့်ရပါမယ်။ ဒီလိုမှမဟုတ်ဘဲအချို့သူတွေသုံးသပ်သလို စပါးကမော်ရင်ဟိုကို နာမည်ဖျက်မှာလား၊ မော်ရင်ဟိုကပဲစပါးကို အောင်မြင်မှုတွေနဲ့ပဲဝေးစေမှာလားဆိုတာကတော့ မြက်ခင်းစိမ်းပေါ်မှာကြည့်ကြရမှာ ပါ။ စပါးအသင်းကတော့ မော်ရင်ဟိုကို အသင်းနည်းပြအဖြစ် 2023 ခုနှစ်အထိခန့်အပ်ထားပါပြီ။ မော်ရင်ဟိုနဲ့စပါးဘယ် အချိန် အထိအတွဲညီနေမလဲဆိုတာလည်းအရေးကြီးပါတယ်။ ပရိသတ်တွေရဲ့ထင်မြင်ချက်တွေကရောဘယ်လိုပါလဲ။

photo internet

(Zawgyi Version)

မန္ယူနည္းျပေဟာင္း ေမာ္ရင္ဟို ဘယ္လုိအေၾကာင္းအခ်က္ေတြေၾကာင့္ စပါးအသင္းနည္းျပတာ၀န္ကိုေရြးခ်ယ္ခဲ့တာလဲ?

စပါးအသင္းကို အသင္းေကာင္းတစ္ခုအျဖစ္ျမွင့္တင္ေပးခဲ့တဲ့ ပိုခ်က္တီႏိုကေတာ့ စပါးနဲ႔လမ္းခြဲလိုက္ရၿပီး အခုအခါမွာေတာ့ ေမာ္ရင္ဟိုက နည္းျပအသစ္အျဖစ္စပါးအသင္းနဲ႔လက္တြဲလိုက္ပါၿပီ။ ဘာေၾကာင့္မန္ယူနည္းျပေဟာင္း ေမာ္ရင္ဟိုတစ္ေယာက္ စပါးအသင္းကိုနည္းျပလုပ္ေပးဖို႔ေရြးခ်ယ္ခဲ့ရတာလဲ။ ထင္ျမင္ခ်က္တခ်ဳိ႕ကိုေဖာ္ျပေပးလုိက္ပါတယ္။ လန္ဒန္ၿမိဳ႕မွာေနရမယ္ဆိုတဲ့အခ်က္တစ္ခ်က္ကေတာ့ ေမာ္ရင္ဟိုအတြက္ အမ်ားႀကီးထည့္တြက္စဥ္းစားစရာျဖစ္ခဲ့မွာေသခ်ာပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ေမာ္ရင္ဟိုအတြက္လန္ဒန္နဲ႔ပတ္သက္တဲ့အမွတ္တရေတြအမ်ားႀကီးရိွေနလို႔ပါ။

ေပၚတူဂီသားေမာ္ရင္ဟိုအတြက္ လန္ဒန္ၿမိဳ႕ဟာဒုတိယေမြးရပ္ေျမလိုပါပဲ။ ေမာ္ရင္ဟိုတစ္ေယာက္ လန္ဒန္မွာအိမ္ပိုင္ဆိုင္ထားတာေၾကာင့္ အိမ္လြမ္းေ၀ဒနာကိုခံစားရေတာ့မွာမဟုတ္ပါဘူး။ မန္ယူမွာနည္းျပ အျဖစ္တာ၀န္ယူခ်ိန္တုန္းက ေမာ္ရင္ဟိုတစ္ေယာက္ ဟိုတယ္မွာသာေနၿပီး အိမ္လြမ္းေ၀ဒနာကို ခံစားေနရတာျဖစ္ပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ စပါးကစားသမားေတြရဲ႕အေျခအေနေၾကာင့္လည္း ေမာ္ရင္ဟိုတစ္ေယာက္ နည္းျပလုပ္ဖို႔သေဘာတူခဲ့တာျဖစ္ႏိုင္ပါတယ္။

အခုအခ်ိန္မွာစပါးအသင္းကို နဂိုတုန္းကလိုအလယ္အလတ္အဆင့္သတ္မွတ္လို႔မရေတာ့ပါဘူး။ ဘာေၾကာင့္လဲ ဆိုရင္ အခ်ဳိ႕ပြဲေတြမွာရလဒ္မေကာင္းတာကလြဲလို႔ အသင္းႀကီးေတြနဲ႔ယွဥ္ၿပိဳင္ႏိုင္စြမ္းရိွေနလို႔ပါ။ မႏွစ္ကရာသီမွာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကိုစပါးအသင္းတက္ေရာက္ႏိုင္ခဲ့တဲ့အျပင္ ပရိသတ္အင္အားလည္းတုိးလာေနလို႔ျဖစ္ပါ တယ္။ ကစားသမားအင္အားပိုင္းမွာ စပါးကို လီဗာပူးနဲ႔မန္စီးတီးၿပီးရင္ ေတာင့္တင္းတဲ့အသင္းလို႔ေျပာႏိုင္ပါ တယ္။ ဟယ္ရီကိန္း၊ဆြန္ေဟာင္မင္၊အဲရစ္ဆင္ စတဲ့ ကစားသမားေကာင္းေတြရဲ႕အင္အားကိုလည္း ေလွ်ာ့တြက္လို႔မရပါဘူး။ ဒါေၾကာင့္လည္း ေမာ္ရင္ဟိုတစ္ေယာက္ စပါးကိုကိုင္တြယ္ရင္ ရလဒ္ေကာင္းႏိုင္တယ္ထင္ၿပီးေရြးခ်ယ္ခဲ့တာလည္း ျဖစ္ႏိုင္ပါတယ္။ အခုလည္း ေမာ္ရင္ဟိုကိုင္တြယ္တဲ့စပါးအသင္းရဲ႕ပြဲဦးထြက္ဟာေအာင္ျမင္မႈေတြရယူေပးႏိုင္ခဲ့ပါတယ္။

စပါးဟာအခုရာသီမွာ ရလဒ္ေတြမေကာင္းေပမယ့္ ဖလားေတြရယူႏိုင္ဖို႔အတြက္ လက္တစ္ကမ္း အကြာမွာရိွေနတာျဖစ္ပါတယ္။ ဒီလုိအေျခအေနမွာ ေမာ္ရင္ဟိုတစ္ေယာက္စပါးကို သာဖလားေတြ ကိုင္ေျမွာက္ခြင့္ရေအာင္လမ္းညႊန္ေပးႏိုင္မယ္ဆိုရင္ သူ႔အတြက္ဂုဏ္ပုဒ္ေတြ၊ေအာင္ျမင္မႈေတြ ထပ္တိုးလာမွာျဖစ္ပါတယ္။ ေအာင္ျမင္ခါနီးအသင္းတစ္သင္းကို သူ႔အေနနဲ႔လမ္းေၾကာင္းေပးႏိုင္လိမ့္မယ္လုိ႔ ထင္ျမင္ယူဆၿပီးေမာ္ရင္ဟိုတစ္ေယာက္စပါးကိုေရြးခ်ယ္ခဲ့တာျဖစ္ႏိုင္ပါတယ္။ ေမာ္ရင္ဟိုရဲ႕ေတြးဆခ်က္သာ မွန္ကန္မယ္ဆုိရင္ စပါးအသင္းအတြက္ေရာ၊သူ႔အတြက္ပါ အက်ဳိးျဖစ္ထြန္းေစမွာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ကိုျပန္လာခ်င္ေနတဲ့ေမာ္ရင္ဟိုအတြက္သူ႔ရဲ႕ေမွ်ာ္မွန္းခ်က္ေတြအထေျမာက္မေျမာက္ကိုေတာ့ေစာင့္ၾကည့္ရပါမယ္။ ဒီလုိမွမဟုတ္ဘဲအခ်ဳိ႕သူေတြသုံးသပ္သလို စပါးကေမာ္ရင္ဟိုကို နာမည္ဖ်က္မွာလား၊ ေမာ္ရင္ဟိုကပဲစပါးကို ေအာင္ျမင္မႈေတြနဲ႔ပဲေ၀းေစမွာလားဆိုတာကေတာ့ ျမက္ခင္းစိမ္းေပၚမွာၾကည့္ၾကရမွာပါ။ စပါးအသင္းကေတာ့ ေမာ္ရင္ဟုိကို အသင္းနည္းျပအျဖစ္ 2023 ခုႏွစ္အထိခန္႔အပ္ထားပါၿပီ။ ေမာ္ရင္ဟိုနဲ႔စပါးဘယ္အခ်ိန္အထိအတြဲညီေနမလဲဆုိတာလည္းအေရးႀကီးပါတယ္။ ပရိသတ္ေတြရဲ႕ထင္ျမင္ခ်က္ေတြကေရာဘယ္လုိပါလဲ။