မက်ဆီနဲ့ရော်နယ်ဒိုဟာ ကြောက်စရာဘောလုံးဘီလူးတွေလို့ ပြောလိုက်တဲ့ ဒိုင်ဘာလာ

0
111
photo internet

ဘောလုံးစတားနှစ်ယောက်ဖြစ်တဲ့ မက်ဆီနဲ့စီရော်နယ်ဒိုတို့ဟာ အံ့မခန်းလောက်တဲ့ခြေစွမ်းတွေကို ပိုင်ဆိုင်ထားကြသူတွေဖြစ်ပါတယ်။ ဒါကြောင့်လည်း ပြိုင်ဘက်အသင်းသားတွေသာမက အသင်းတူကစားသမားတွေရဲ့ချီးကျူးတာကိုပါ မကြာခဏခံကြရပါတယ်။ အခုလည်း ရော်နယ်ဒိုရဲ့အသင်းဖော် ဒိုင်ဘာလာက သူတို့နှစ်ယောက်ကို ချီးကျူးခန်းဖွင့်လာခဲ့ပါတယ်။ ဒါကတော့ မက်ဆီနဲ့ရော်နယ်ဒိုဟာ ကွင်းထဲကစားနေတဲ့အချိန်မှာဆိုရင် ကြောက်မက်ဖွယ်သတ္တဝါကြီးတွေလိုပဲဆိုပြီးတော့ဖြစ်ပါတယ်။

photo internet

ဒိုင်ဘာလာဟာ ဂျူဗင်တပ်စ်အသင်းမှာ ရော်နယ်ဒိုနဲ့တွဲဖက်ကစားနေသလို၊ နိုင်ငံအသင်းမှာဆိုရင်လည်း မက်ဆီနဲ့တွဲကစားပါတယ်။ “ကွင်းပြင်ပမှာဆိုရင်တော့ သူတို့နှစ်ယောက်ဟာ အနေအထိုင်အေးကြပါတယ်။ ဒါပေမယ့်ကွင်းထဲရောက်ပြီဆိုရင်တော့ ကြောက်စရာသတ္တဝါကြီးတွေဖြစ်သွားတော့တာပဲ”လို့ ဒိုင်ဘာလာက စပိန်သတင်းစာကိုပြောပါတယ်။

photo internet

“အာဂျင်တီးနား ဘက်စကတ်ဘောကစားသမား လူးဝစ်စကိုလာ ပြောတာကြားဖူးပါတယ်။ ဒါကတော့ မက်ဆီနဲ့ရော်နယ်ဒိုတို့ဟာ ကွင်းထဲကိုရောက်ပြီဆိုတာနဲ့ သူတို့ကိုယ်သူတို့အကောင်းဆုံးလို့ ခံယူထားကြတာကြောင့် အကောင်းဆုံးကစားသမားတွေဖြစ်နေကြတာပါဆိုတဲ့စကားပါ။ ကျွန်တော်လည်းအဲဒီပြောဆိုချက်ကို ထောက်ခံပါတယ်”လို့ ဒိုင်ဘာလာကပြောပါတယ်။

photo internet

“ကျွန်တော့်သူငယ်ချင်းတွေကပြောတယ်။မင်းက နိုင်ငံအသင်းမှာအကောင်းဆုံးကစားသမားနဲ့တွဲကစားရသလို၊ ကလပ်အသင်းမှာလည်း အကောင်းဆုံးကစားသမားနဲ့ကစားနေရတယ်ဆိုပြီးတော့ပါ။ ကျွန်တော်ကလည်း ငါ့အတွက်အကျိုးအရမ်းရှိပါတယ်လို့ပြန်ပြောလိုက်ပါတယ်။ ကျွန်တော့်အနေနဲ့သူတို့ဆီကနေ အများကြီးသင်ယူလို့ရနေပါတယ်။ အကောင်းဆုံးကစားသမားတွေနဲ့ဘယ်သူကတွဲမကစားချင်ဘဲနေမလဲ။ သူတို့နှစ်ယောက်ဟာတစ်နှစ်ကိုပျမ်းမျှ ဂိုး40လောက်သွင်းနိုင်ပါတယ်။ ဒါဟာတော်တော်ရူးလောက်စရာ အနေအထားပါ”လို့ ဒိုင်ဘာလာကပြောပါတယ်။

photo internet

မက်ဆီနဲ့စီရော်နယ်ဒိုတို့ဟာ တစ်ဦးချင်းအမြင့်ဆုံးဆုဖြစ်တဲ့ ဘောလွန်းဒီအော့ဆုကိုလည်း 5 ကြိမ်ဆီသိမ်းပိုက်ထား ကြပါတယ်။ဒါကြောင့်တစ်ဆုပိုရသွားတဲ့သူအတွက် ပြောစရာဂုဏ်ပုဒ်တစ်ခုထပ်တိုးလာမှာပါ။ လာမယ့် ဒီဇင်ဘာ 2 ရက်နေ့ဆုပေးပွဲမှာတော့ ဘယ်သူက ပိုသာနိုင်မလဲ၊ ဒါမှမဟုတ်သရေဖြစ်မလားဆိုတဲ့အဖြေကို မြင်တွေ့ကြရမှာဖြစ် ပါတယ်။

photo internet

(Zawgyi Version)

မက္ဆီနဲ႔ေရာ္နယ္ဒိုဟာ ေၾကာက္စရာေဘာလုံးဘီလူးေတြလို႔ ေျပာလိုက္တဲ့ ဒိုင္ဘာလာ

ေဘာလုံးစတားႏွစ္ေယာက္ျဖစ္တဲ့ မက္ဆီနဲ႔စီေရာ္နယ္ဒိုတို႔ဟာ အံ့မခန္းေလာက္တဲ့ေျခစြမ္းေတြကို ပိုင္ဆိုင္ထားၾကသူေတြျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ၿပိဳင္ဘက္အသင္းသားေတြသာမက အသင္းတူကစားသမားေတြရဲ႕ခ်ီးက်ဴးတာကိုပါ မၾကာခဏခံၾကရပါတယ္။ အခုလည္း ေရာ္နယ္ဒိုရဲ႕အသင္းေဖာ္ ဒိုင္ဘာလာက သူတို႔ႏွစ္ေယာက္ကို ခ်ီးက်ဴးခန္းဖြင့္လာခဲ့ပါတယ္။ ဒါကေတာ့ မက္ဆီနဲ႔ေရာ္နယ္ဒိုဟာ ကြင္းထဲကစားေနတဲ့အခ်ိန္မွာဆုိရင္ ေၾကာက္မက္ဖြယ္သတၱ၀ါႀကီးေတြလုိပဲဆိုၿပီးေတာ့ျဖစ္ပါတယ္။

ဒိုင္ဘာလာဟာ ဂ်ဴဗင္တပ္စ္အသင္းမွာ ေရာ္နယ္ဒိုနဲ႔တြဲဖက္ကစားေနသလို၊ ႏိုင္ငံအသင္းမွာဆုိရင္လည္း မက္ဆီနဲ႔တြဲကစားပါတယ္။ “ကြင္းျပင္ပမွာဆိုရင္ေတာ့ သူတို႔ႏွစ္ေယာက္ဟာ အေနအထိုင္ေအးၾကပါတယ္။ ဒါေပမယ့္ကြင္းထဲေရာက္ၿပီဆိုရင္ေတာ့ ေၾကာက္စရာသတၱ၀ါႀကီးေတြျဖစ္သြားေတာ့တာပဲ”လို႔ ဒိုင္ဘာလာက စပိန္သတင္းစာကိုေျပာပါတယ္။

“အာဂ်င္တီးနား ဘက္စကတ္ေဘာကစားသမား လူး၀စ္စကိုလာ ေျပာတာၾကားဖူးပါတယ္။ ဒါကေတာ့ မက္ဆီနဲ႔ေရာ္နယ္ဒိုတို႔ဟာ ကြင္းထဲကိုေရာက္ၿပီဆုိတာနဲ႔ သူတို႔ကိုယ္သူတို႔အေကာင္းဆုံးလို႔ ခံယူထားၾကတာေၾကာင့္ အေကာင္းဆုံးကစားသမားေတြျဖစ္ေနၾကတာပါဆိုတဲ့စကားပါ။ ကၽြန္ေတာ္လည္းအဲဒီေျပာဆုိခ်က္ကို ေထာက္ခံပါတယ္”လို႔ ဒိုင္ဘာလာကေျပာပါတယ္။

“ကၽြန္ေတာ့္သူငယ္ခ်င္းေတြကေျပာတယ္။မင္းက ႏိုင္ငံအသင္းမွာအေကာင္းဆုံးကစားသမားနဲ႔တြဲကစားရသလို၊ ကလပ္အသင္းမွာလည္း အေကာင္းဆုံးကစားသမားနဲ႔ကစားေနရတယ္ဆိုၿပီးေတာ့ပါ။ ကၽြန္ေတာ္ကလည္း ငါ့အတြက္အက်ဳိးအရမ္းရိွပါတယ္လုိ႔ျပန္ေျပာလုိက္ပါတယ္။ ကၽြန္ေတာ့္အေနနဲ႔သူတို႔ဆီကေန အမ်ားႀကီးသင္ယူလို႔ရေနပါတယ္။ အေကာင္းဆုံးကစားသမားေတြနဲ႔ဘယ္သူကတြဲမကစားခ်င္ဘဲေနမလဲ။ သူတို႔ႏွစ္ေယာက္ဟာတစ္ႏွစ္ကိုပ်မ္းမွ် ဂိုး40ေလာက္သြင္းႏိုင္ပါတယ္။ ဒါဟာေတာ္ေတာ္ရူးေလာက္စရာ အေနအထားပါ”လို႔ ဒိုင္ဘာလာကေျပာပါတယ္။

မက္ဆီနဲ႔စီေရာ္နယ္ဒိုတို႔ဟာ တစ္ဦးခ်င္းအျမင့္ဆုံးဆုျဖစ္တဲ့ ေဘာလြန္းဒီေအာ့ဆုကိုလည္း 5 ႀကိမ္ဆီသိမ္းပိုက္ထားၾကပါတယ္။ဒါေၾကာင့္တစ္ဆုပိုရသြားတဲ့သူအတြက္ ေျပာစရာဂုဏ္ပုဒ္တစ္ခုထပ္တိုးလာမွာပါ။ လာမယ့္ ဒီဇင္ဘာ 2 ရက္ေန႔ဆုေပးပြဲမွာေတာ့ ဘယ္သူက ပိုသာႏိုင္မလဲ၊ ဒါမွမဟုတ္သေရျဖစ္မလားဆုိတဲ့အေျဖကို ျမင္ေတြ႕ၾကရမွာျဖစ္ပါတယ္။