ပွဲမပြီးခင်ကွင်းထဲက ထွက်ခဲ့တဲ့ စီရော်နယ်ဒိုတစ်ယောက်ကံမကောင်းရင်ပြစ်ဒဏ်ချမှတ်ခံရနိုင်

0
278
photo internet

အခုသီတင်းပတ်မှာတော့ စီရော်နယ်ဒိုတစ်ယောက်မျက်နှာသာမရတဲ့အခြေအနေရှိပါတယ်။ ဒါဟာလည်းခဏတာကံဆိုးချိန်ဖြစ်နိုင်ပါတယ်။ လိုကိုမိုးတစ်နဲ့ ကစားတဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာရော်နယ်ဒို ဟာလူစားလဲခံခဲ့ရသလို၊ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာလည်း ရော်နယ်ဒိုတစ်ယောက် ဒုတိယပိုင်းအရောက်မှာ ဒိုင်ဘာလာနဲ့လူစားလဲခံခဲ့ရပါတယ်။

photo internet

ဒီတစ်ခေါက်လူစားလဲခံရချိန်မှာတော့ ဒိုလေးဟာနည်းပြဆာရီအပေါ်စိတ်ပျက်သွားဟန်ရှိပြီး၊ အရန်ခုံကိုမသွားတော့ဘဲ ဥမင်ထဲကိုသာတိုက်ရိုက်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း နည်းပြဆာရီရဲ့လုပ်ဆောင်ချက်မှန်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ ဒိုင်ဘာလာတစ်ယောက် အနိုင်ဂိုးသွင်းနိုင်ခဲ့လို့ဖြစ်ပါတယ်။ သတင်းဖော်ပြချက်တွေအရတော့ ရော်နယ်ဒိုဟာ ပွဲမပြီးခင် 3မိနစ်အလိုမှာ ဂျူဗင်တပ်စ်အိမ်ကွင်းကနေ ထွက်ခွာခဲ့တယ်လို့ဆိုပါတယ်။

photo internet

အဲဒီလိုထွက်ခွာခဲ့တာဟာ အခန့်မသင့်ရင်ပြစ်ဒဏ်တွေကျခံရနိုင်ကြောင်း အီတလီ လက်ရွေးစင်ဟောင်း ကာဆာနိုကပြောပါတယ်။ “ဒါတကယ်အန္တရာယ်များပါတယ်။ ဘာဖြစ်လို့လဲဆိုရင်ပွဲပြီးတိုင်းမှာ တားမြစ်ဆွေးစစ်တဲ့ကိစ္စရှိတတ်လို့ပါ။ ကျပန်းစစ်တာဆိုပေမယ့် သူထွက်သွားတဲ့အချိန် သူ့အလှည့်ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ တော်ကြာဆေးစစ်တာကို ရှောင်လွှဲသလိုဖြစ်နေပါမယ်။ တကယ်လို့သာအပြစ်ဒဏ်ကျခံရမယ်ဆိုရင် 2နှစ်လောက်ပွဲပယ်ခံရနိုင်ပါတယ်။ ကျွန်တော့်တုန်းကဆိုရင် ကွင်းထဲကိုအမြန်ပြန်ပြေးခဲ့ရပါတယ်”လို့ ကာဆာနိုကပြောပါတယ်။

photo internet

မန်ယူကခံစစ်မှူးဟောင်း ရီယိုဖာဒီနန်ဟာ ၂၀၀၄ ခုနှစ်တုန်းက တားမြစ်ဆေးစစ်ဆေးမှုကို ရှောင်တိမ်းခဲ့တာ ကြောင့် ၈ လ ပွဲပယ် အပြစ်ဒဏ် ကျခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒိုတစ်ယောက် ဆေးစစ်တဲ့အဖွဲ့နဲ့တွေ့ဆုံပြီးမှကွင်းထဲက ထွက်ခွာသွားတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘောလုံးသူရဲကောင်း ရော်နယ်ဒိုတစ်ယောက်လူသားပီပီ တစ်ခါတလေစိတ်ထိခိုက်တာကြောင့် အမှားတွေလုပ်ကောင်းလုပ်နိုင်ပေမယ့် ဒိုလေးပရိသတ်တွေကတော့ သူဘက်ကခိုင်ခိုင်မာမာရပ်တည်အားပေးလျက်ရှိနေဆဲပါ။

photo internet

(Zawgyi Version)

ပြဲမၿပီးခင္ကြင္းထဲက ထြက္ခဲ့တဲ့ စီေရာ္နယ္ဒိုတစ္ေယာက္ကံမေကာင္းရင္ျပစ္ဒဏ္ခ်မွတ္ခံရႏိုင္

အခုသီတင္းပတ္မွာေတာ့ စီေရာ္နယ္ဒိုတစ္ေယာက္မ်က္ႏွာသာမရတဲ့အေျခအေနရိွပါတယ္။ ဒါဟာလည္းခဏတာကံဆိုးခ်ိန္ျဖစ္ႏိုင္ပါတယ္။ လိုကိုမိုးတစ္နဲ႔ ကစားတဲ့ ခ်န္ပီယံလိဂ္ အုပ္စုပြဲစဥ္မွာေရာ္နယ္ဒိုဟာလူစားလဲခံခဲ့ရသလုိ၊ၿပီးခဲ့တဲ့တနဂၤေႏြေန႔က ကစားခဲ့တဲ့ စီးရီးေအပြဲစဥ္မွာလည္း ေရာ္နယ္ဒိုတစ္ေယာက္ဒုတိယပိုင္းအေရာက္မွာ ဒိုင္ဘာလာနဲ႔လူစားလဲခံခဲ့ရပါတယ္။

ဒီတစ္ေခါက္လူစားလဲခံရခ်ိန္မွာေတာ့ ဒိုေလးဟာနည္းျပဆာရီအေပၚစိတ္ပ်က္သြားဟန္ရိွၿပီး၊ အရန္ခံုကိုမသြားေတာ့ဘဲ ဥမင္ထဲကိုသာတိုက္ရိုက္သြားခဲ့ပါတယ္။ ဒါေပမယ့္လည္း နည္းျပဆာရီရဲ႕လုပ္ေဆာင္ခ်က္မွန္ခဲ့တယ္လို႔ဆိုႏိုင္ပါတယ္။ ဒိုင္ဘာလာတစ္ေယာက္ အႏိုင္ဂိုးသြင္းႏိုင္ခဲ့လို႔ျဖစ္ပါတယ္။ သတင္းေဖာ္ျပခ်က္ေတြအရေတာ့ ေရာ္နယ္ဒိုဟာ ပြဲမၿပီးခင္ 3မိနစ္အလုိမွာ ဂ်ဴဗင္တပ္စ္အိမ္ကြင္းကေန ထြက္ခြာခဲ့တယ္လို႔ဆုိပါတယ္။

အဲဒီလုိထြက္ခြာခဲ့တာဟာ အခန္႔မသင့္ရင္ျပစ္ဒဏ္ေတြက်ခံရႏိုင္ေၾကာင္း အီတလီ လက္ေ႐ြးစင္ေဟာင္း ကာဆာႏိုကေျပာပါတယ္။ “ဒါတကယ္အႏၱရာယ္မ်ားပါတယ္။ ဘာျဖစ္လို႔လဲဆုိရင္ပြဲၿပီးတုိင္းမွာတားျမစ္ေဆြးစစ္တဲ့ကိစၥရိွတတ္လုိ႔ပါ။ က်ပန္းစစ္တာဆိုေပမယ့္ သူထြက္သြားတဲ့အခ်ိန္ သူ႔အလွည့္ျဖစ္ခ်င္ျဖစ္ႏိုင္ပါတယ္။ ေတာ္ၾကာေဆးစစ္တာကို ေရွာင္လႊဲသလိုျဖစ္ေနပါမယ္။ တကယ္လို႔သာအျပစ္ဒဏ္က်ခံရမယ္ဆိုရင္ 2ႏွစ္ေလာက္ပြဲပယ္ခံရႏိုင္ပါတယ္။ ကၽြန္ေတာ့္တုန္းကဆုိရင္ ကြင္းထဲကိုအျမန္ျပန္ေျပးခဲ့ရပါတယ္”လို႔ ကာဆာႏိုကေျပာပါတယ္။

မန္ယူကခံစစ္မွဴးေဟာင္း ရီယိုဖာဒီနန္ဟာ ၂၀၀၄ ခုႏွစ္တုန္းက တားျမစ္ေဆးစစ္ေဆးမႈကို ေရွာင္တိမ္းခဲ့တာ ေၾကာင့္ ၈ လ ပြဲပယ္ အျပစ္ဒဏ္ က်ခံခဲ့ရပါတယ္။ ဒါေပမယ့္လည္း ေရာ္နယ္ဒိုတစ္ေယာက္ ေဆးစစ္တဲ့အဖြဲ႕နဲ႔ေတြ႕ဆုံၿပီးမွကြင္းထဲက ထြက္ခြာသြားတာျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ေဘာလုံးသူရဲေကာင္း ေရာ္နယ္ဒိုတစ္ေယာက္လူသားပီပီ တစ္ခါတေလစိတ္ထိခုိက္တာေၾကာင့္ အမွားေတြလုပ္ေကာင္းလုပ္ႏိုင္ေပမယ့္ ဒိုေလးပရိသတ္ေတြကေတာ့ သူဘက္ကခိုင္ခိုင္မာမာရပ္တည္အားေပးလ်က္ရိွေနဆဲပါ။