စီရော်နယ်ဒိုရဲ့ ဒူးဒဏ်ရာနဲ့ပတ်သက်ပြီး ပြောလာတဲ့ နည်းပြဆာရီ

0
87
photo internet

ပရိသတ်အများအပြားစိတ်ဝင်စားအားပေးတဲ့ စီရော်နယ်ဒိုတစ်ယောက်ဟာ ဆံပင်ပုံစံအသစ်ပြောင်းလည်း ပရိသတ်တွေက စိတ်ဝင်တစားကြည့်ရှုအားပေးကြပါတယ်။ အခုဆံပင်စတိုင်အသစ်မှာတော့ ဒိုလေးဟာ ခေါင်းစည်းကြိုးနဲ့ တွဲဖက်ပြီး ပုံစံအသစ်ကိုပြသခဲ့ပါတယ်။ အဲဒီလိုခေါင်းစည်းကြိုးဝတ်တာနဲ့ပတ်သက်ပြီး မကြိုက်တဲ့ပရိသတ်တွေလည်းရှိပါတယ်။ ဆံပင်ပုံစံအသစ်နဲ့ စီရော်နယ်ဒိုဟာ အက်သလက်တီကိုအသင်းနဲ့ပွဲမှာ ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပါတယ်။

photo internet

စီရော်နယ်ဒိုတစ်ယောက်ပွဲချိန်ပြည့်ကစားခဲ့ပေမယ့် သူ့မှာဒဏ်ရာပြဿနာတွေရှိကြောင်း နည်းပြဆာရီကပြော ပါတယ်။ “ကျွန်တော်သူ့ရဲ့ဒူးဒဏ်ရာနဲ့ပတ်သက်ပြီး ဆွေးနွေးပြောဆိုစရာတွေရှိပါသေးတယ်။ သူ့ပုံစံကြည့်ရတာတော့ ကောင်းမွန်တဲ့အနေအထားရှိပုံပေါ်ပါတယ်”လို့နည်းပြဆာရီက အင်တာဗျူးမှာပြောဆိုထားပါတယ်။

photo internet

စီရော်နယ်ဒိုရဲ့ကျန်းမာကြံ့ခိုင်ရေးနဲ့ပတ်သက်ပြီး သေချာစီမံလုပ်ဆောင်ဖို့လိုကြောင်း နည်းပြဆာရီက ပြောပါတယ်။ “ပြီးခဲ့တဲ့ပွဲမှာ စီရော်နယ်ဒို တစ်ယောက် ပွဲပြီးတဲ့အထိ သေချာကြိုးစားကန်သွားတာ ကိုတွေ့ရပါတယ်”လို့နည်းပြ ဆာရီက ဆိုပါတယ်။

photo internet

စီရော်နယ်ဒိုဟာ ကလပ်အသင်းပွဲစဉ်တွေ၊နိုင်ငံအသင်းပွဲစဉ်တွေမှာ ကြိုးစားကန်နေတာကြောင့် နည်းပြဆာရီက ပြည့်ပြည့်၀၀အနားယူဖို့လိုအပ်ကြောင်းပြောဆိုဖူးပါတယ်။ သိပ်မကြာခင်တုန်းက ကစားခဲ့တဲ့ ပွဲစဉ်နှစ်ခုမှာလည်း နည်းပြဆာရီဟာ စီရော်နယ်ဒိုကို နှစ်ပွဲဆက်လူစားလဲခဲ့ပါတယ်။ အသက် 34 နှစ်အရွယ်ရှိနေပြီဖြစ်တဲ့၊ နိုင်ငံတကာသွင်းဂိုးအများဆုံး ကစားသမား စံချိန်ကိုကျော်ဖြတ်နိုင်တဲ့အနေအထားရှိသူ စီရော်နယ်ဒိုရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုဟာ တဖြည်းဖြည်းကျဆင်းလာနေပြီလား ဆိုတာကတော့…………

photo internet

(Zawgyi Version)

စီေရာ္နယ္ဒိုရဲ႕ ဒူးဒဏ္ရာနဲ႔ပတ္သက္ၿပီး ေျပာလာတဲ့ နည္းျပဆာရီ

ပရိသတ္အမ်ားအျပားစိတ္၀င္စားအားေပးတဲ့ စီေရာ္နယ္ဒိုတစ္ေယာက္ဟာ ဆံပင္ပုံစံအသစ္ေျပာင္းလည္း ပရိသတ္ေတြက စိတ္၀င္တစားၾကည့္ရႈအားေပးၾကပါတယ္။ အခုဆံပင္စတိုင္အသစ္မွာေတာ့ ဒိုေလးဟာ ေခါင္းစည္းႀကိဳးနဲ႔ တြဲဖက္ၿပီး ပုံစံအသစ္ကိုျပသခဲ့ပါတယ္။ အဲဒီလုိေခါင္းစည္းႀကိဳး၀တ္တာနဲ႔ပတ္သက္ၿပီး မႀကိဳက္တဲ့ပရိသတ္ေတြလည္းရိွပါတယ္။ ဆံပင္ပုံစံအသစ္နဲ႔ စီေရာ္နယ္ဒိုဟာ အက္သလက္တီကိုအသင္းနဲ႔ပြဲမွာ ပြဲခ်ိန္ျပည့္ပါ၀င္ကစားခဲ့ပါတယ္။

စီေရာ္နယ္ဒိုတစ္ေယာက္ပြဲခ်ိန္ျပည့္ကစားခဲ့ေပမယ့္ သူ႔မွာဒဏ္ရာျပႆနာေတြရိွေၾကာင္း နည္းျပဆာရီကေျပာ ပါတယ္။ “ကၽြန္ေတာ္သူ႔ရဲ႕ဒူးဒဏ္ရာနဲ႔ပတ္သက္ၿပီး ေဆြးေႏြးေျပာဆိုစရာေတြရိွပါေသးတယ္။ သူ႔ပုံစံၾကည့္ရတာေတာ့ ေကာင္းမြန္တဲ့အေနအထားရိွပုံေပၚပါတယ္”လို႔နည္းျပဆာရီက အင္တာဗ်ဴးမွာေျပာဆိုထားပါတယ္။

စီေရာ္နယ္ဒိုရဲ႕က်န္းမာႀကံ႕ခိုင္ေရးနဲ႔ပတ္သက္ၿပီး ေသခ်ာစီမံလုပ္ေဆာင္ဖို႔လုိေၾကာင္း နည္းျပဆာရီက ေျပာပါတယ္။ “ၿပီးခဲ့တဲ့ပြဲမွာ စီေရာ္နယ္ဒို တစ္ေယာက္ ပြဲၿပီးတဲ့အထိ ေသခ်ာႀကိဳးစားကန္သြားတာ ကိုေတြ႕ရပါတယ္”လို႔နည္းျပ ဆာရီက ဆိုပါတယ္။

စီေရာ္နယ္ဒိုဟာ ကလပ္အသင္းပြဲစဥ္ေတြ၊ႏိုင္ငံအသင္းပြဲစဥ္ေတြမွာ ႀကိဳးစားကန္ေနတာေၾကာင့္ နည္းျပဆာရီက ျပည့္ျပည့္၀၀အနားယူဖို႔လုိအပ္ေၾကာင္းေျပာဆိုဖူးပါတယ္။ သိပ္မၾကာခင္တုန္းက ကစားခဲ့တဲ့ ပြဲစဥ္ႏွစ္ခုမွာလည္း နည္းျပဆာရီဟာ စီေရာ္နယ္ဒိုကို ႏွစ္ပြဲဆက္လူစားလဲခဲ့ပါတယ္။ အသက္ 34 ႏွစ္အရြယ္ရိွေနၿပီျဖစ္တဲ့၊ ႏိုင္ငံတကာသြင္းဂိုးအမ်ားဆုံး ကစားသမား စံခ်ိန္ကိုေက်ာ္ျဖတ္ႏိုင္တဲ့အေနအထားရိွသူ စီေရာ္နယ္ဒိုရဲ႕ ခႏၶာကိုယ္ႀကံ႕ခိုင္မႈဟာ တျဖည္းျဖည္းက်ဆင္းလာေနၿပီလား ဆိုတာကေတာ့…………