စီရော်နယ်ဒိုရဲ့ကိုယ်ခန္ဓာအချိုးအစားဟာ ဂျူဗင်တပ်စ်အသင်းသားတွေအားကျရတဲ့ ခန္ဓာကိုယ်ဖြစ်တယ်လို့ ဒေါက်ဂလပ်စ်ကော်စတာ ပြောကြား

0
328
photo internet

အားကစားသမားတိုင်းမှာ ကျစ်လျစ်တဲ့ခန္ဓာကိုယ်အချိုးအစားတွေရှိကြပါတယ်။ ဒါပေမယ့် ကစားသမားတိုင်း ကတော့ အချိုးကျ၊လှပတဲ့အချိုးအစားရှိကြတာမဟုတ်ပါဘူး။ နာမည်ကျော်ဘောလုံးသမား စီရော်နယ်ဒိုကတော့ အားကျစရာကြွက်သားတွေနဲ့ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ အသက် 35 နှစ်အရွယ် စီရော်နယ်ဒိုရဲ့ လှုပ်ရှားမှု၊အားကစားလုပ်ဆောင်မှုတွေဟာ ကျန်တဲ့အသင်းသားတွေ အတွက် အတုယူစရာပါလို့ ဒေါက်ဂလပ်စ်ကော်စတာ ကပြောပါတယ်။

photo internet

ဂျူဗင်တပ်စ်အသင်းသားတွေအဆီလျှော့ချင်တဲ့အခါ၊ဝိတ်ချချင်တဲ့အခါ စီရော်နယ်ဒိုကိုအတုယူကြရပါတယ်ဆိုပြီး ကော်စတာက ဆိုပါတယ်။ “စီရော်နယ်ဒိုက အသင်းသားတွေစိတ်ဓာတ်တက်ကြွလာအောင်လည်း ကူညီလုပ်ဆောင်ပေးပါတယ်။ သူကအသင်းသားတွေအတွက် ကြိုးစားချင်စိတ်ဖြစ်အောင်လုပ်ဆောင်နိုင် သူတစ်ယောက်ပါ။ အသက် 35 နှစ်အရွယ်မှာ တကယ်ကောင်းတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတာပါ။ အသက် 29 နှစ်အရွယ် ကျွန်တော်တောင်မှအဲလိုအနေအထားမျိုးမရှိပါဘူး”လို့ ဒေါက်ဂလပ်စ်ကော်စတာက ဆိုပါတယ်။

photo internet

“ခင်ဗျာတို့အနေနဲ့ စီရော်နယ်ဒိုကို အင်္ကျီချွတ်နဲ့မြင်ဖူးကြတယ်မို့လား။ ဘယ်လောက်မိုက်တဲ့ခန္ဓာကိုယ်လဲ။ သူကအသင်းသားအကုန်လုံးအတွက်တွန်းအားဖြစ်စေပါတယ်။ ကျွန်တော်တို့အကုန်လုံး သူ့လိုခန္ဓာကိုယ် အချိုးအစား မျိုးပိုင်ဆိုင်ချင်ကြပါတယ်။ ကျွန်တော်တို့နှစ်ယောက်က တူညီတဲ့ဘာသာစကားတွေပြောကြသလို၊ လေ့ကျင့်ခန်းတွေလည်းအတူတူလုပ်ဆောင်ကြပါတယ်။”လို့ ကော်စတာက ပြောပါတယ်။

photo internet

စီရော်နယ်ဒိုကတော့ အခုအချိန်အထိ လေ့ကျင့်ခန်းတွေ မပြတ်လုပ်ဆောင်နေသလို၊ အခြားကုထုံးနည်းများကို လည်း အခါအခွင့်သင့်တိုင်း ခံယူလေ့ရှိပါတယ်။ ဘောလုံးသမားတွေထဲမှာ အလှအပ၊အသန့်အပြန့်ကြိုက်တဲ့ ကစားသမားလို့ဆိုနိုင်တဲ့ဒိုလေးဟာ ဖက်ရှင်စတိုင်ပိုင်းကိုလည်းစိတ်ဝင်တစားဝတ်ဆင်တတ်သူ တစ်ဦးဖြစ် ပါတယ်။ သူ့ကိုအားကျတဲ့ကစားသမားထဲမှာ အရွယ်တူကစားသမားတွေရှိသလို၊ ခြေတက်လူငယ်ကစားသမား များစွာလည်းရှိပါတယ်။

photo internet

(Zawgyi Version)

စီေရာ္နယ္ဒိုရဲ႕ကိုယ္ခႏၶာအခ်ဳိးအစားဟာ ဂ်ဴဗင္တပ္စ္အသင္းသားေတြအားက်ရတဲ့ ခႏၶာကိုယ္ျဖစ္တယ္လုိ႔
ေဒါက္ဂလပ္စ္ေကာ္စတာ ေျပာၾကား

အားကစားသမားတိုင္းမွာ က်စ္လ်စ္တဲ့ခႏၶာကိုယ္အခ်ဳိးအစားေတြရိွၾကပါတယ္။ ဒါေပမယ့္ ကစားသမားတိုင္း ကေတာ့ အခ်ဳိးက်၊လွပတဲ့အခ်ဳိးအစားရိွၾကတာမဟုတ္ပါဘူး။ နာမည္ေက်ာ္ေဘာလုံးသမား စီေရာ္နယ္ဒိုကေတာ့ အားက်စရာၾကြက္သားေတြနဲ႔ခႏၶာကိုယ္အခ်ဳိးအစားကို ပိုင္ဆုိင္ထားသူျဖစ္ပါတယ္။ အသက္ 35 ႏွစ္အရြယ္ စီေရာ္နယ္ဒိုရဲ႕ လႈပ္ရွားမႈ၊အားကစားလုပ္ေဆာင္မႈေတြဟာ က်န္တဲ့အသင္းသားေတြ အတြက္ အတုယူစရာပါလုိ႔ ေဒါက္ဂလပ္စ္ေကာ္စတာ ကေျပာပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းသားေတြအဆီေလွ်ာ့ခ်င္တဲ့အခါ၊၀ိတ္ခ်ခ်င္တဲ့အခါ စီေရာ္နယ္ဒိုကိုအတုယူၾကရပါတယ္ဆိုၿပီး ေကာ္စတာက ဆုိပါတယ္။ “စီေရာ္နယ္ဒိုက အသင္းသားေတြစိတ္ဓာတ္တက္ၾကြလာေအာင္လည္း ကူညီလုပ္ေဆာင္ေပးပါတယ္။ သူကအသင္းသားေတြအတြက္ ႀကိဳးစားခ်င္စိတ္ျဖစ္ေအာင္လုပ္ေဆာင္ႏိုင္ သူတစ္ေယာက္ပါ။ အသက္ 35 ႏွစ္အရြယ္မွာ တကယ္ေကာင္းတဲ့ ခႏၶာကိုယ္ကိုပိုင္ဆိုင္ထားတာပါ။ အသက္ 29 ႏွစ္အရြယ္ ကၽြန္ေတာ္ေတာင္မွအဲလုိအေနအထားမ်ဳိးမရိွပါဘူး”လို႔ ေဒါက္ဂလပ္စ္ေကာ္စတာက ဆုိပါတယ္။

“ခင္ဗ်ာတို႔အေနနဲ႔ စီေရာ္နယ္ဒိုကို အက်ႌခၽြတ္နဲ႔ျမင္ဖူးၾကတယ္မို႔လား။ ဘယ္ေလာက္မိုက္တဲ့ခႏၶာကိုယ္လဲ။ သူကအသင္းသားအကုန္လုံးအတြက္တြန္းအားျဖစ္ေစပါတယ္။ ကၽြန္ေတာ္တို႔အကုန္လုံး သူ႔လုိခႏၶာကိုယ္ အခ်ဳိးအစား မ်ဳိးပုိင္ဆိုင္ခ်င္ၾကပါတယ္။ ကၽြန္ေတာ္တို႔ႏွစ္ေယာက္က တူညီတဲ့ဘာသာစကားေတြေျပာၾကသလို၊ ေလ့က်င့္ခန္းေတြလည္းအတူတူလုပ္ေဆာင္ၾကပါတယ္။”လို႔ ေကာ္စတာက ေျပာပါတယ္။

စီေရာ္နယ္ဒိုကေတာ့ အခုအခ်ိန္အထိ ေလ့က်င့္ခန္းေတြ မျပတ္လုပ္ေဆာင္ေနသလုိ၊ အျခားကုထုံးနည္းမ်ားကို လည္း အခါအခြင့္သင့္တုိင္း ခံယူေလ့ရိွပါတယ္။ ေဘာလုံးသမားေတြထဲမွာ အလွအပ၊အသန္႔အျပန္႔ႀကိဳက္တဲ့ ကစားသမားလို႔ဆိုႏိုင္တဲ့ဒိုေလးဟာ ဖက္ရွင္စတိုင္ပိုင္းကိုလည္းစိတ္၀င္တစား၀တ္ဆင္တတ္သူ တစ္ဦးျဖစ္ ပါတယ္။ သူ႔ကိုအားက်တဲ့ကစားသမားထဲမွာ အရြယ္တူကစားသမားေတြရိွသလို၊ ေျခတက္လူငယ္ကစားသမား မ်ားစြာလည္းရိွပါတယ္။