စီရော်နယ်ဒိုတစ်ယောက် ဒီနှစ် ဘလွန်းဒီအောဆု မရထိုက်ဘူးလား?

0
141
photo internet

ကမ္ဘာကျော်ဘောလုံးသမားတစ်ယောက်ဖြစ်တဲ့ စီရော်နယ်ဒိုဟာဆုတံဆိပ်တွေအများကြီးဆွတ်ခူး ထားနိုင်ပေမယ့် ဒီနှစ် ဘလွန်းဒီအောဆု မရထိုက်သလိုဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုရင် မက်ဆီသာဒီနှစ်အတွက် ဘလွန်းဒီအောဆုရသင့်တယ်ဆိုပြီး အများစုကခန့်မှန်းပြောဆိုနေကြလို့ဖြစ်ပါတယ်။ တချို့ကလည်း မက်ဆီမဟုတ်ဘဲ ဗန်ဒိုက်ရသင့်တယ်လို့ ပြောဆိုကြပါတယ်။

photo internet

လီဗာပူးမန်နေဂျာ ယာဂန်ကလော့က မက်ဆီထက် ဗန်ဒိုက်က အဲဒီဆုကိုရသင့်တယ်လို့ပြောဆိုပါတယ်။ ဘလွန်းဒီအောဆုအတွက် ဆန်ခါတင်အယောက် 30 ရှိတဲ့ထဲမှာ မက်ဆီ၊စီရော်နယ်ဒို၊ ဗန်ဒိုက်နဲ့ မာနေးတို့က ရေပန်းစားနေတာဖြစ်ပါတယ်။ ဒါပေမယ့် အခုတလောမှာတော့ သုံးသပ်သူတွေက စီရော်နယ်ဒိုကိုဖယ်ပြီး တခြားသူတွေကို ထင်ကြေးပေးနေကြပါတယ်။

photo internet

“ဘလွန်းဒီအောဆုပေးတဲ့အခါ အမြဲတမ်းမက်ဆီကိုပဲပေးသင့်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီအတွက်ကတော့ ဗန်ဒိုက်ရသင့်ပါတယ်။ ဘာဖြစ်လာမလဲဆိုတာတော့ ကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့”လို့ ယာဂန်ကလော့က ပြောပါတယ်။ PSG အသင်းရဲ့လူငယ်ကြယ်ပွင့်လေး အမ်ဘတ်ပီကလည်း ဘလွန်းဒီအောဆုကို မက်ဆီကလွဲပြီး အခြားလူကိုပေးစရာမရှိဘူးလို့ ပြောပါတယ်။

photo internet

“တစ်ဦးချင်းအရည်အသွေးအရဆိုရင် မက်ဆီကိုမှီတဲ့သူမရှိပါဘူး။ ဒီနှစ်အတွက်တော့ သူကအကောင်းဆုံးပါ”လို့ အမ်ဘတ်ပီ ကပြောပါတယ်။ ဘလွန်းဒီအောဆုကို မက်ဆီနဲ့စီရော်နယ်တို့ဟာ 5ကြိမ်စီရရှိထားကြပါတယ်။ တကယ်လို့မက်ဆီသာ ဒီနှစ်အဲဒီဆုကို ရရှိသွားမယ်ဆိုရင် ဒိုလေးကိုကျော်နိုင်တဲ့ ဂုဏ်ပုဒ်တစ်ခုကိုထပ်မံရရှိသွားမှာဖြစ်ပါတယ်။ အဲဒီလိုပါပဲ ဒိုလေးအနေနဲ့ ဘလွန်းဒီအောဆုကို နောက်တစ်ကြိမ်ထပ်ရမယ်ဆိုရင်လည်း မက်ဆီထက်သာသွားမှာဖြစ်ပါတယ်။ ဘလွန်းဒီအောဆုဟာ ဘယ်သူနဲ့ထိုက်တန်တယ်ဆိုတာစောင့်ကြည့်ရအောင်ပါ။ အဲဒီဆုကို ဒီဇင်ဘာလ 2 ရက်နေ့မှာ ပေးအပ်မှာဖြစ်ပါတယ်။

(Zawgyi Version)

စီေရာ္နယ္ဒိုတစ္ေယာက္ ဒီႏွစ္ ဘလြန္းဒီေအာဆု မရထိုက္ဘူးလား?

ကမၻာေက်ာ္ေဘာလုံးသမားတစ္ေယာက္ျဖစ္တဲ့ စီေရာ္နယ္ဒိုဟာဆုတံဆိပ္ေတြအမ်ားႀကီးဆြတ္ခူး ထားႏိုင္ေပမယ့္ ဒီႏွစ္ ဘလြန္းဒီေအာဆု မရထိုက္သလုိျဖစ္ေနပါတယ္။ ဘာေၾကာင့္လဲဆိုရင္ မက္ဆီသာဒီႏွစ္အတြက္ ဘလြန္းဒီေအာဆုရသင့္တယ္ဆုိၿပီး အမ်ားစုကခန္႔မွန္းေျပာဆိုေနၾကလုိ႔ျဖစ္ပါတယ္။ တခ်ဳိ႕ကလည္း မက္ဆီမဟုတ္ဘဲ ဗန္ဒိုက္ရသင့္တယ္လို႔ ေျပာဆိုၾကပါတယ္။

လီဗာပူးမန္ေနဂ်ာ ယာဂန္ကေလာ့က မက္ဆီထက္ ဗန္ဒိုက္က အဲဒီဆုကိုရသင့္တယ္လို႔ေျပာဆုိပါတယ္။ ဘလြန္းဒီေအာဆုအတြက္ ဆန္ခါတင္အေယာက္ 30 ရိွတဲ့ထဲမွာ မက္ဆီ၊စီေရာ္နယ္ဒို၊ ဗန္ဒိုက္နဲ႔ မာေနးတုိ႔က ေရပန္းစားေနတာျဖစ္ပါတယ္။ ဒါေပမယ့္ အခုတေလာမွာေတာ့ သုံးသပ္သူေတြက စီေရာ္နယ္ဒိုကိုဖယ္ၿပီး တျခားသူေတြကို ထင္ေၾကးေပးေနၾကပါတယ္။

“ဘလြန္းဒီေအာဆုေပးတဲ့အခါ အၿမဲတမ္းမက္ဆီကုိပဲေပးသင့္ပါတယ္။ ဒါေပမယ့္ ၿပီးခဲ့တဲ့ရာသီအတြက္ကေတာ့ ဗန္ဒိုက္ရသင့္ပါတယ္။ ဘာျဖစ္လာမလဲဆုိတာေတာ့ ကၽြန္ေတာ္တို႔ေစာင့္ၾကည့္ရမွာေပါ့”လို႔ ယာဂန္ကေလာ့က ေျပာပါတယ္။ PSG အသင္းရဲ႕လူငယ္ၾကယ္ပြင့္ေလး အမ္ဘတ္ပီကလည္း ဘလြန္းဒီေအာဆုကို မက္ဆီကလြဲၿပီး အျခားလူကိုေပးစရာမရွိဘူးလို႔ ေျပာပါတယ္။

“တစ္ဦးခ်င္းအရည္အေသြးအရဆုိရင္ မက္ဆီကိုမွီတဲ့သူမရိွပါဘူး။ ဒီႏွစ္အတြက္ေတာ့ သူကအေကာင္းဆုံးပါ”လို႔ အမ္ဘတ္ပီ ကေျပာပါတယ္။ ဘလြန္းဒီေအာဆုကို မက္ဆီနဲ႔စီေရာ္နယ္တို႔ဟာ 5ႀကိမ္စီရရိွထားၾကပါတယ္။ တကယ္လုိ႔မက္ဆီသာ ဒီႏွစ္အဲဒီဆုကို ရရိွသြားမယ္ဆုိရင္ ဒိုေလးကိုေက်ာ္ႏိုင္တဲ့ ဂုဏ္ပုဒ္တစ္ခုကိုထပ္မံရရိွသြားမွာျဖစ္ပါတယ္။ အဲဒီလုိပါပဲ ဒိုေလးအေနနဲ႔ ဘလြန္းဒီေအာဆုကို ေနာက္တစ္ႀကိမ္ထပ္ရမယ္ဆိုရင္လည္း မက္ဆီထက္သာသြားမွာျဖစ္ပါတယ္။ ဘလြန္းဒီေအာဆုဟာ ဘယ္သူနဲ႔ထိုက္တန္တယ္ဆိုတာေစာင့္ၾကည့္ရေအာင္ပါ။ အဲဒီဆုကို ဒီဇင္ဘာလ 2 ရက္ေန႔မွာ ေပးအပ္မွာျဖစ္ပါတယ္။