စီရော်နယ်ဒိုတစ်ယောက် နိုင်ငံတကာသွင်းဂိုး 100 ပြည့်အောင်သွင်းနိုင်တော့မယ်

0
169
photo internet

ထူးချွန်တဲ့ဘောလုံးသမားတစ်ယောက်ဖြစ်တဲ့စီရော်နယ်ဒိုတစ်ယောက် ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ဂျူဗင်တပ်စ်နည်းပြ နဲ့ပတ်သက်ပြီး စိတ်အစာမကြေဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုအခါစိတ်တည်ငြိမ်မှုရပြီး ခြေစွမ်းတွေပြန်ပြနေနိုင်ပါပြီ။ ပေါ်တူဂီအသင်းက လစ်သူယေးနီးယားအသင်းကို ၆-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ယူရို၂၀၂၀ ခြေစစ်ပွဲမှာ စီရော်နယ်ဒိုဟာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။

photo internet

အသက် ၃၄ နှစ်အရွယ် စီရော်နယ်ဒိုဟာ ပေါ်တူဂီအတွက် ၉ ကြိမ်မြောက်ဟက်ထရစ်နဲ့ သူ့ရဲ့ ကစားသမား ဘဝတစ်လျှောက် ၅၅ ကြိမ်မြောက် ဟက်ထရစ်ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ စီရော်နယ်ဒိုဟာ နိုင်ငံတကာသွင်းဂိုးအရေအတွက် 98 ဂိုးအထိရှိလာခဲ့ပါပြီ။ နောက်ထပ်နှစ်ဂိုးသာသွင်းယူ နိုင်မယ်ဆိုရင် စီရော်နယ်ဒိုဟာ ဥရောပရဲ့ နိုင်ငံတကာသွင်းဂိုး 100ပြည့်တဲ့ ပထမဆုံးကစားသမား ဖြစ်လာမှာဖြစ်ပါတယ်။

photo internet

အီရန်တိုက်စစ်မှူးဟောင်း အလီဒါယေးက နိုင်ငံတကာသွင်းဂိုး100 ပြည့်ထားတဲ့ကစားသမားဖြစ်တာကြောင့် စီရော်နယ်ဒိုသာ ဂိုး100 သွင်းနိုင်မယ်ဆိုရင် အလီဒါယေးရဲ့နောက် ဒုတိယမြောက် နိုင်ငံတကာသွင်းဂိုး 100 သွင်းနိုင်တဲ့ ကစားသမားဖြစ်လာမှာပါ။ ပေါ်တူဂီအနေနဲ့ လူဇင်ဘတ်နဲ့ပွဲကိုနိုင်ခဲ့မယ်ဆိုရင် ခြေစစ်ပွဲအဆင့်အတွက်သာယာ သွားမှာဖြစ်ပါတယ်။

photo internet

လူဇင်ဘတ်နဲ့ပွဲမှာသာ စီရော်နယ်ဒိုတစ်ယောက် နှစ်ဂိုးသွင်းနိုင်မယ်ဆိုရင် ရာပြည့်ဂိုးပိုင်ဆိုင်တဲ့ ကစားသမားတစ်ယောက်ဖြစ်လာပါမယ်။ စီရော်နယ်ဒိုရဲ့ဒဏ်ရာအကြောင်းနဲ့ပတ်သက်ပြီး ပေါ်တူဂီသူဌေး ဆန်တို့စ်က “ကျွန်တော်သူနဲ့စကားပြောခဲ့ပါတယ်။ သူက ဒဏ်ရာနဲ့ပတ်သက်ပြီးကောင်းပါတယ်ဆိုလို့ ကျွန်တော်တို့ကစားဖို့ခွင့်ပြုပေး ခဲ့တာပါ။ သူ့ရဲ့ကစားနိုင်စွမ်းနဲ့ပတ်သက်ပြီး ကျွန်တော်သံသယမရှိပါဘူး”လို့ ပြောပါတယ်။

(Zawgyi Version)

စီေရာ္နယ္ဒိုတစ္ေယာက္ ႏိုင္ငံတကာသြင္းဂိုး 100 ျပည့္ေအာင္သြင္းႏိုင္ေတာ့မယ္

ထူးခၽြန္တဲ့ေဘာလုံးသမားတစ္ေယာက္ျဖစ္တဲ့စီေရာ္နယ္ဒိုတစ္ေယာက္ ၿပီးခဲ့တဲ့ရက္ပိုင္းကေတာ့ ဂ်ဴဗင္တပ္စ္နည္းျပ နဲ႔ပတ္သက္ၿပီး စိတ္အစာမေၾကျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ အခုအခါစိတ္တည္ၿငိမ္မႈရၿပီး ေျခစြမ္းေတြျပန္ျပေနႏိုင္ပါၿပီ။ ေပၚတူဂီအသင္းက လစ္သူေယးနီးယားအသင္းကို ၆-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ ယူ႐ို၂၀၂၀ ေျခစစ္ပြဲမွာ စီေရာ္နယ္ဒိုဟာ ဟက္ထရစ္သြင္းယူႏိုင္ခဲ့ပါတယ္။

အသက္ ၃၄ ႏွစ္အ႐ြယ္ စီေရာ္နယ္ဒိုဟာ ေပၚတူဂီအတြက္ ၉ ႀကိမ္ေျမာက္ဟက္ထရစ္နဲ႔ သူ႔ရဲ႕ ကစားသမား ဘဝတစ္ေလွ်ာက္ ၅၅ ႀကိမ္ေျမာက္ ဟက္ထရစ္ကို ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါတင္မကေသးပါဘူး။ စီေရာ္နယ္ဒိုဟာ ႏိုင္ငံတကာသြင္းဂိုးအေရအတြက္ 98 ဂိုးအထိရိွလာခဲ့ပါၿပီ။ ေနာက္ထပ္ႏွစ္ဂိုးသာသြင္းယူ ႏိုင္မယ္ဆုိရင္ စီေရာ္နယ္ဒိုဟာ ဥေရာပရဲ႕ ႏိုင္ငံတကာသြင္းဂိုး 100ျပည့္တဲ့ ပထမဆုံးကစားသမား ျဖစ္လာမွာျဖစ္ပါတယ္။

အီရန္တိုက္စစ္မွဴးေဟာင္း အလီဒါေယးက ႏိုင္ငံတကာသြင္းဂိုး100 ျပည့္ထားတဲ့ကစားသမားျဖစ္တာေၾကာင့္ စီေရာ္နယ္ဒိုသာ ဂိုး100 သြင္းႏိုင္မယ္ဆုိရင္ အလီဒါေယးရဲ႕ေနာက္ ဒုတိယေျမာက္ ႏိုင္ငံတကာသြင္းဂိုး 100 သြင္းႏိုင္တဲ့ ကစားသမားျဖစ္လာမွာပါ။ ေပၚတူဂီအေနနဲ႔ လူဇင္ဘတ္နဲ႔ပြဲကိုႏိုင္ခဲ့မယ္ဆိုရင္ ေျခစစ္ပြဲအဆင့္အတြက္သာယာသြားမွာျဖစ္ပါတယ္။

လူဇင္ဘတ္နဲ႔ပြဲမွာသာ စီေရာ္နယ္ဒိုတစ္ေယာက္ ႏွစ္ဂိုးသြင္းႏိုင္မယ္ဆိုရင္ ရာျပည့္ဂိုးပိုင္ဆိုင္တဲ့ ကစားသမားတစ္ေယာက္ျဖစ္လာပါမယ္။ စီေရာ္နယ္ဒိုရဲ႕ဒဏ္ရာအေၾကာင္းနဲ႔ပတ္သက္ၿပီး ေပၚတူဂီသူေဌး ဆန္တို႔စ္က “ကၽြန္ေတာ္သူနဲ႔စကားေျပာခဲ့ပါတယ္။ သူက ဒဏ္ရာနဲ႔ပတ္သက္ၿပီးေကာင္းပါတယ္ဆုိလို႔ ကၽြန္ေတာ္တို႔ကစားဖို႔ခြင့္ျပဳေပးခဲ့တာပါ။ သူ႔ရဲ႕ကစားႏိုင္စြမ္းနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္သံသယမရိွပါဘူး”လို႔ ေျပာပါတယ္။