စမတ်ဖုန်းနှစ်လုံးဘာကြောင့် သုံးရတယ်ဆိုတာပြောလာတဲ့ လီဗာပူး မန်နေဂျာ ယာဂန်ကလော့

0
81
photo internet

အခုခေတ်မှာအချို့လူတွေကလွဲပြီး လူတိုင်းစမတ်ဖုန်းသုံးနေကြပါပြီ။ တချို့ဆိုရင်စမတ်ဖုန်းနှစ်လုံး၊သုံးလုံးကိုင် ဆောင်သုံးစွဲကြပါတယ်။ ဒီလိုဖုန်းနှစ်လုံး၊သုံးလုံးကိုင်ကြတာဟာအကြောင်းပြချက်ကိုယ်စီရှိတတ်ကြပါတယ်။ အခုလည်း လီဗာပူးမန်နေဂျာ ယာဂန်ကလော့က သူဖုန်းနှစ်လုံးကိုင်ရတဲ့အကြောင်းအရင်းကိုပြောလာခဲ့ပါတယ်။ ယာဂန်ကလော့က ဖုန်းတစ်လုံးကိုသတင်းကောင်းအတွက်သုံးတာဖြစ်ပြီး၊ နောက်တစ်လုံးကိုတော့ သတင်းဆိုးအတွက်သုံးတာဖြစ်ပါတယ်။

photo internet

ဒါကြောင့် ဖုန်းမြည်သံကြားပြီဆိုတာနဲ့သတင်းကောင်းလား၊သတင်းဆိုးလား တန်းသိနိုင်မှာဖြစ်ပါတယ်။ သတင်းဆိုးတွေနားထောင်ရမယ့်ဖုန်းကတော့ ကစားသမားဒဏ်ရာရတဲ့အခြေအနေတွေ၊ အခြားပြဿနာကိစ္စတွေကိုသယ်ဆောင်လာမှာဖြစ်ပါတယ်။

photo internet

“ဖုန်းနှစ်လုံးရှိတာကြောင့် သတင်းဆိုးလား၊သတင်းကောင်းလား တန်းသိနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကိစ္စတွေကို အကောင်းဆုံးဖြေရှင်းနိုင်မယ့်နည်းလမ်းတွေလုပ်ဆောင်ထားပါတယ်။ ကစားသမားတွေရဲ့ ထူးခြားတဲ့အနေအထားပေါ်မူတည်ပြီး လိုအပ်သလိုပြောင်းလဲလုပ်ဆောင်နိုင်မှာပါ”လို့ ယာဂန်ကလော့က ပြောပါတယ်။

photo internet

(Zawgyi Version)

စမတ္ဖုန္းႏွစ္လုံးဘာေၾကာင့္ သုံးရတယ္ဆိုတာေျပာလာတဲ့ လီဗာပူး မန္ေနဂ်ာ ယာဂန္ကေလာ့

အခုေခတ္မွာအခ်ဳိ႕လူေတြကလြဲၿပီး လူတုိင္းစမတ္ဖုန္းသုံးေနၾကပါၿပီ။ တခ်ဳိ႕ဆုိရင္စမတ္ဖုန္းႏွစ္လုံး၊သုံးလုံးကိုင္ ေဆာင္သုံးစြဲၾကပါတယ္။ ဒီလိုဖုန္းႏွစ္လုံး၊သုံးလုံးကိုင္ၾကတာဟာအေၾကာင္းျပခ်က္ကိုယ္စီရိွတတ္ၾကပါတယ္။ အခုလည္း လီဗာပူးမန္ေနဂ်ာ ယာဂန္ကေလာ့က သူဖုန္းႏွစ္လုံးကိုင္ရတဲ့အေၾကာင္းအရင္းကိုေျပာလာခဲ့ပါတယ္။ ယာဂန္ကေလာ့က ဖုန္းတစ္လုံးကိုသတင္းေကာင္းအတြက္သုံးတာျဖစ္ၿပီး၊ ေနာက္တစ္လုံးကိုေတာ့ သတင္းဆိုးအတြက္သုံးတာျဖစ္ပါတယ္။

ဒါေၾကာင့္ ဖုန္းျမည္သံၾကားၿပီဆုိတာနဲ႔သတင္းေကာင္းလား၊သတင္းဆိုးလား တန္းသိႏိုင္မွာျဖစ္ပါတယ္။ သတင္းဆိုးေတြနားေထာင္ရမယ့္ဖုန္းကေတာ့ ကစားသမားဒဏ္ရာရတဲ့အေျခအေနေတြ၊ အျခားျပႆနာကိစၥေတြကိုသယ္ေဆာင္လာမွာျဖစ္ပါတယ္။

“ဖုန္းႏွစ္လုံးရိွတာေၾကာင့္ သတင္းဆိုးလား၊သတင္းေကာင္းလား တန္းသိႏိုင္ပါတယ္။ ကၽြန္ေတာ္တို႔အေနနဲ႔ ကိစၥေတြကို အေကာင္းဆုံးေျဖရွင္းႏိုင္မယ့္နည္းလမ္းေတြလုပ္ေဆာင္ထားပါတယ္။ ကစားသမားေတြရဲ႕ ထူးျခားတဲ့အေနအထားေပၚမူတည္ၿပီး လုိအပ္သလိုေျပာင္းလဲလုပ္ေဆာင္ႏိုင္မွာပါ”လို႔ ယာဂန္ကေလာ့က ေျပာပါတယ္။