စပါးကအထုတ်ခံရပြီးနောက် ပထမဆုံးအကြိမ် အင်တာဗျူးဖြေဆိုလာတဲ့ ပိုချက်တီနို

0
90
photo internet

ပိုချက်တီနိုတစ်ယောက်စပါးကနေ ကောက်ခါငင်ခါအထုတ်ခံရပြီးနောက် အချို့ကစားသမားတွေကို တောင်မနှုတ်ဆက်နိုင်ဘဲအလုပ်ကနေထွက်သွားခဲ့ရပါတယ်။ စပါးအသင်းဘက်ကလည်း ပိုချက်တီနိုနေရာမှာ မော်ရင်ဟိုကို ချက်ချင်းအလုပ်ခန့်အပ်ခဲ့ပါတယ်။ စပါးကနေ ထွက်သွားရတဲ့ပိုချက်တီနိုကအခုတော့ တိတ်ဆိတ်နေမှုတွေကိုဖြိုခွင်းပြီးအင်တာဗျူးဖြေဆိုလာခဲ့ပါပြီ။

photo internet

“ကျွန်တော့်ကို စပါးအသင်းရဲ့သမိုင်းမှာ တစ်စိတ်တပိုင်းအဖြစ် ပါဝင်ခွင့်ရအောင် အခွင့်အရေးပေးခဲ့တဲ့ ဂျိုးလူးဝစ်နဲ့ ဒန်နီရယ်လီဗိုင်းတို့ကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ကျွန်တော်တာဝန်ထမ်းဆောင်နေစဉ်အတွင်းမှာ တွေ့ဆုံခဲ့ရတဲ့ ကစားသမားတွေ၊ဝန်ထမ်းတွေအားလုံးကိုကျေးဇူးတင်ပါတယ်”လို့ပိုချက်တီနိုကပြောပါတယ်။

photo internet

“ကျွန်တော်ပရိသတ်တွေကိုလည်းကျေးဇူးတင်ပါတယ်။ သူတို့ဟာ အသင်းအတွက် အကောင်းဆုံးအင်အားတွေထောက်ပံ့ပေးနိုင်ခဲ့လို့ပါ။ ကျွန်တော့်အတွက် စိတ်လှုပ်ရှားစရာ အောင်မြင်မှုတွေရရှိခဲ့သလို၊ ခက်ခဲတဲ့စိန်ခေါ်မှုတွေလည်း ရင်ဆိုင်ခဲ့ရပါတယ်။ အနာဂတ်အတွက်အကောင်းဆုံးဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်။ ကျွန်တော်တို့တွေနောက်တစ်ကြိမ် ထပ်တွေ့ရဦးမယ်လို့ ကျွန်တော်သိနေပါတယ်”လို့ ပိုချက်တီနိုကဆိုပါတယ်။

photo internet

ပိုချက်တီနိုရဲ့ဖြေကြားချက်ထဲမှာ နောက်တစ်ကြိမ်တွေ့ဆုံရမယ်လို့ပြောထားတာကြောင့် နည်းပြတာဝန်ကိုနောက်တစ် ကြိမ်ထမ်းဆောင်ဖို့ရာခိုင်နှုန်းများပါတယ်။ ဘယ်အသင်းကိုတာဝန်ယူမှာလဲ ဆိုတာစိတ်ဝင်စားစရာပါ။ အာဆင်နယ်၊မန်ယူပရိသတ်အချို့ကတော့ ပိုချက်တီနိုကို သူတို့အသင်းဆီကိုလာစေချင်ကြပါတယ်။ “ပိုချက်တီနိုက ဆုဖလားတွေအများကြီးရအောင် မလုပ်ပေးနိုင်ခဲ့ပေမယ့် စပါးအသင်းကို 5 နှစ်အတွင်းတိုးတက်အောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ သူဟာမန်နေဂျာကောင်းတစ်ယောက်ပါပဲ”လို့ ဘောလုံးပွဲတွေခန့်မှန်းသုံးသပ်သူ ပေါလ်မာဆင်ကပြောပါတယ်။

photo internet

(Zawgyi Version)

စပါးကအထုတ္ခံရၿပီးေနာက္ ပထမဆုံးအႀကိမ္ အင္တာဗ်ဴးေျဖဆိုလာတဲ့ ပိုခ်က္တီႏို

ပိုခ်က္တီႏိုတစ္ေယာက္စပါးကေန ေကာက္ခါငင္ခါအထုတ္ခံရၿပီးေနာက္ အခ်ဳိ႕ကစားသမားေတြကို ေတာင္မႏႈတ္ဆက္ႏိုင္ဘဲအလုပ္ကေနထြက္သြားခဲ့ရပါတယ္။ စပါးအသင္းဘက္ကလည္း ပိုခ်က္တီႏိုေနရာမွာ ေမာ္ရင္ဟိုကို ခ်က္ခ်င္းအလုပ္ခန္႔အပ္ခဲ့ပါတယ္။ စပါးကေန ထြက္သြားရတဲ့ပိုခ်က္တီႏိုကအခုေတာ့ တိတ္ဆိတ္ေနမႈေတြကိုၿဖိဳခြင္းၿပီးအင္တာဗ်ဴးေျဖဆိုလာခဲ့ပါၿပီ။

“ကြၽန္ေတာ့္ကို စပါးအသင္းရဲ႕သမိုင္းမွာ တစ္စိတ္တပိုင္းအျဖစ္ ပါဝင္ခြင့္ရေအာင္ အခြင့္အေရးေပးခဲ့တဲ့ ဂ်ိဳးလူးဝစ္နဲ႔ ဒန္နီရယ္လီဗိုင္းတို႔ကို ေက်းဇူးတင္ေၾကာင္း ေျပာခ်င္ပါတယ္။ ကၽြန္ေတာ္တာ၀န္ထမ္းေဆာင္ေနစဥ္အတြင္းမွာ ေတြ႕ဆုံခဲ့ရတဲ့ ကစားသမားေတြ၊၀န္ထမ္းေတြအားလုံးကိုေက်းဇူးတင္ပါတယ္”လုိ႔ပိုခ်က္တီႏိုကေျပာပါတယ္။

“ကၽြန္ေတာ္ပရိသတ္ေတြကိုလည္းေက်းဇူးတင္ပါတယ္။ သူတို႔ဟာ အသင္းအတြက္ အေကာင္းဆုံးအင္အားေတြေထာက္ပ့ံေပးႏိုင္ခဲ့လို႔ပါ။ ကၽြန္ေတာ့္အတြက္ စိတ္လႈပ္ရွားစရာ ေအာင္ျမင္မႈေတြရရိွခဲ့သလို၊ ခက္ခဲတဲ့စိန္ေခၚမႈေတြလည္း ရင္ဆိုင္ခဲ့ရပါတယ္။ အနာဂတ္အတြက္အေကာင္းဆုံးျဖစ္ပါေစလို႔ဆုေတာင္းေပးပါတယ္။ ကၽြန္ေတာ္တို႔ေတြေနာက္တစ္ႀကိမ္ ထပ္ေတြ႕ရဦးမယ္လို႔ ကၽြန္ေတာ္သိေနပါတယ္”လို႔ ပိုခ်က္တီႏိုကဆုိပါတယ္။

ပိုခ်က္တီႏိုရဲ႕ေျဖၾကားခ်က္ထဲမွာ ေနာက္တစ္ႀကိမ္ေတြ႕ဆုံရမယ္လို႔ေျပာထားတာေၾကာင့္ နည္းျပတာ၀န္ကိုေနာက္တစ္ႀကိမ္ထမ္းေဆာင္ဖို႔ရာခိုင္ႏႈန္းမ်ားပါတယ္။ ဘယ္အသင္းကိုတာ၀န္ယူမွာလဲ ဆိုတာစိတ္၀င္စားစရာပါ။ အာဆင္နယ္၊မန္ယူပရိသတ္အခ်ဳိ႕ကေတာ့ ပိုခ်က္တီႏိုကို သူတို႔အသင္းဆီကိုလာေစခ်င္ၾကပါတယ္။ “ပိုခ်က္တီႏိုက ဆုဖလားေတြအမ်ားႀကီးရေအာင္ မလုပ္ေပးႏိုင္ခဲ့ေပမယ့္ စပါးအသင္းကို 5 ႏွစ္အတြင္းတုိးတက္ေအာင္လုပ္ေဆာင္ေပးႏိုင္ခဲ့ပါတယ္။ သူဟာမန္ေနဂ်ာေကာင္းတစ္ေယာက္ပါပဲ”လို႔ ေဘာလုံးပြဲေတြခန္႔မွန္းသုံးသပ္သူ ေပါလ္မာဆင္ကေျပာပါတယ္။