ချဲလ်ဆီးအသင်းကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခဲ့တဲ့ နည်းပြက ယူနိုက်တက်အသင်းမှာလည်း ကျူးလွန်ခဲ့တဲ့ သတင်းထွက်ပေါ်

0
373

ဆိုးရွားလွန်းတဲ့ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုတစ်ခု ယူနိုက်တက်အသင်းရဲ့သမိုင်းမှာ ဖြစ်ပျက်ခဲ့တယ်လို့ သတင်းဝက်ဘ်ဆိုဒ်တစ်ခုက ထုတ်ဖော်လိုက်ပါတယ်။ ယူနိုက်တက်ရဲ့အတိတ်မှာ ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ နည်းပြတစ်ဦးက အသင်းဝန်ထမ်းတွေနဲ့ ကစားသမားတွေကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုလုပ်ခဲ့တယ်လို့ သတင်းထွက်ပေါ်လာတာကြောင့် အက်ဖ်အေက စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်သွားမှာဖြစ်ပြီး အသင်းဘက်ကလည်း စစ်ဆေးမှုမှာ ပူးပေါင်း ပါဝင်မှုတွေပြုလုပ်သွားမယ်လို့ သိရပါတယ်။

photo internet

ယူနိုက်တက် လေ့ကျင့်ရေးကွင်း သယ်ကလစ်မှာအလုပ်လုပ်ခဲ့ဖူးတဲ့ ဝန်ထမ်းတစ်ဦးက ဒီလိုဆိုးရွားလှတဲ့ အဖြစ်အပျက်ကြီးကို ဖွင့်ချလိုက်တာဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မတိုင်ခင်တုန်းက ဖြစ်ပျက်ခဲ့တဲ့ ဒီအဖြစ်အပျက်ကို ချဲလ်ဆီးအသင်းကို လိင်ပိုင်းနှောင့်ယှက်မှုပြုခဲ့တဲ့ နည်းပြ ဘန်နယ်က ယူနိုက်တက်ကို ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့စဉ်က ကျူးလွန်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

photo internet

ဖွင့်ဟခဲ့တဲ့ ဝန်ထမ်းက ဒီကျူးလွန်မှုကိုခံခဲ့ရတာဟာ ချဲလ်ဆီးနဲ့ အက်စတွန်ဗီလာနှစ်သင်းထဲမဟုတ်ဘဲ ယူနိုက်တက်အသင်းသားတွေပါ ပါခဲ့တယ်လို့ အတိအလင်းဖွင့်ဟခဲ့တဲ့အတွက် ၁၉၈၀ မှာဖြစ်ပျက်ခဲ့တဲ့ ဒီအဖြစ်အပျက်ဆိုးကြီးကို ပြန်လည် စုံစမ်းစစ်ဆေးရတော့မှာပါ။ အဲဒီအချိန်က အသင်းမှာကစားခဲ့တဲ့ ကစားသမား၊ အလုပ်သမားတွေ၊ ၁၉၇၀-၈၀ ကြား ကစားသမား၊ ဝန်ထမ်းတွေနဲ့ ဆက်စပ်နေတဲ့ လူတွေအကုန်လုံး စစ်ဆေးမှုအတွက် ပါဝင်မှာဖြစ်ပါတယ်။

photo internet

နည်းပြဟောင်း ဘန်နယ်ဟာ လက်ရှိအချိန်မှာ ချဲလ်ဆီးကိစ္စအတွက် ၃၁ နှစ် ထောင်နန်းစံနေရပြီဖြစ်ပြီး၊ လက်ရှိ ထွက်ပေါ်လာတဲ့ ယူနိုက်တက်အမှုပါ ကျူးလွန်ခဲ့တာမှန်မယ်ဆိုရင်တော့ ယူနိုက်တက်အသင်းဟာလည်း ချဲလ်ဆီးနည်းတူ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုခံခဲ့ရတယ်လို့ သုံးသပ်ရမှာပါ။ ဒီအဖြစ်ပျက်ဆိုးကြီးကို ကျူးလွန်ခံခဲ့သူတွေဆီက အင်တာဗျူးပြီးတင်ပြထားခဲ့တာဟာ ၂၀၁၆ ခုနှစ်ကတည်းကဖြစ်ပြီး၊ အခုယူနိုက်တက်ပါ ပါဝင်လာခဲ့တဲ့အတွက် အသင်းအနေနဲ့လည်း အက်ဖ်အေနဲ့ ပူးပေါင်း ပါဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

photo internet

ဖြစ်ပျက်ခဲ့တဲ့ ကာလတွေမှာ ချဲလ်ဆီးအသင်းနဲ့ ယူနိုက်တက်အသင်းတို့ဟာ စုံစမ်းမှုတွေပြုလုပ်ရမယ့်အစား ပြန်လည် နေရာချထားရေးကိုပဲ လုပ်ခဲ့တဲ့အတွက် အဖြစ်အပျက်တစ်ခုလုံးကို ပြန်လည် ဖော်ထုတ်သွားမယ်လို့လည်း ဆိုပါတယ်။ ဘောလုံးလောကမှာ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုဖြစ်ပျက်ခဲ့တဲ့ အမှုပေါင်းဟာ နာမည်ကျော်ကလပ်တွေအပါအဝင် အမှုပေါင်း ၃၅၈၇ ခုရှိတယ်လို့ သိရပါတယ်။

photo internet

(Zawgyi Version)

ခ်ဲလ္ဆီးအသင္းကို လိင္ပုိင္းဆုိင္ရာေႏွာင့္ယွက္ခဲ့တဲ့ နည္းျပက ယူႏုိက္တက္အသင္းမွာလည္း က်ဴးလြန္ခဲ့တဲ့ သတင္းထြက္ေပၚ
———————-
ဆုိးရြားလြန္းတဲ့ လိင္ပုိင္းဆုိင္ရာေႏွာင့္ယွက္မႈတစ္ခု ယူႏုိက္တက္အသင္းရဲ႕သမုိင္းမွာ ျဖစ္ပ်က္ခဲ့တယ္လုိ႔ သတင္း၀က္ဘ္ဆုိဒ္တစ္ခုက ထုတ္ေဖာ္လုိက္ပါတယ္။ ယူႏုိက္တက္ရဲ႕အတိတ္မွာ ယာယီနည္းျပအျဖစ္ တာ၀န္ယူခဲ့တဲ့ နည္းျပတစ္ဦးက အသင္း၀န္ထမ္းေတြနဲ႔ ကစားသမားေတြကုိ လိင္ပုိင္းဆုိင္ရာ ေႏွာင့္ယွက္မႈလုပ္ခဲ့တယ္လုိ႔ သတင္းထြက္ေပၚလာတာေၾကာင့္ အက္ဖ္ေအက စုံစမ္းစစ္ေဆးမႈေတြ စတင္ျပဳလုပ္သြားမွာျဖစ္ၿပီး အသင္းဘက္ကလည္း စစ္ေဆးမႈမွာ ပူးေပါင္း ပါ၀င္မႈေတြျပဳလုပ္သြားမယ္လုိ႔ သိရပါတယ္။

ယူႏုိက္တက္ ေလ့က်င့္ေရးကြင္း သယ္ကလစ္မွာအလုပ္လုပ္ခဲ့ဖူးတဲ့ ၀န္ထမ္းတစ္ဦးက ဒီလုိဆုိးရြားလွတဲ့ အျဖစ္အပ်က္ႀကီးကုိ ဖြင့္ခ်လုိက္တာျဖစ္ပါတယ္။ ၂၀၀၉ ခုႏွစ္မတုိင္ခင္တုန္းက ျဖစ္ပ်က္ခဲ့တဲ့ ဒီအျဖစ္အပ်က္ကုိ ခ်ဲလ္ဆီးအသင္းကို လိင္ပုိင္းေႏွာင့္ယွက္မႈျပဳခဲ့တဲ့ နည္းျပ ဘန္နယ္က ယူႏုိက္တက္ကုိ ယာယီနည္းျပအျဖစ္ တာ၀န္ယူခဲ့စဥ္က က်ဴးလြန္ခဲ့တာျဖစ္တယ္လုိ႔ ဆုိပါတယ္။

ဖြင့္ဟခဲ့တဲ့ ၀န္ထမ္းက ဒီက်ဴးလြန္မႈကုိခံခဲ့ရတာဟာ ခ်ဲလ္ဆီးနဲ႔ အက္စတြန္ဗီလာႏွစ္သင္းထဲမဟုတ္ဘဲ ယူႏုိက္တက္အသင္းသားေတြပါ ပါခဲ့တယ္လုိ႔ အတိအလင္းဖြင့္ဟခဲ့တဲ့အတြက္ ၁၉၈၀ မွာျဖစ္ပ်က္ခဲ့တဲ့ ဒီအျဖစ္အပ်က္ဆုိးႀကီးကုိ ျပန္လည္ စုံစမ္းစစ္ေဆးရေတာ့မွာပါ။ အဲဒီအခ်ိန္က အသင္းမွာကစားခဲ့တဲ့ ကစားသမား၊ အလုပ္သမားေတြ၊ ၁၉၇၀-၈၀ ၾကား ကစားသမား၊ ၀န္ထမ္းေတြနဲ႔ ဆက္စပ္ေနတဲ့ လူေတြအကုန္လုံး စစ္ေဆးမႈအတြက္ ပါ၀င္မွာျဖစ္ပါတယ္။

နည္းျပေဟာင္း ဘန္နယ္ဟာ လက္ရွိအခ်ိန္မွာ ခ်ဲလ္ဆီးကိစၥအတြက္ ၃၁ ႏွစ္ ေထာင္နန္းစံေနရၿပီျဖစ္ၿပီး၊ လက္ရွိ ထြက္ေပၚလာတဲ့ ယူႏုိက္တက္အမႈပါ က်ဴးလြန္ခဲ့တာမွန္မယ္ဆုိရင္ေတာ့ ယူႏုိက္တက္အသင္းဟာလည္း ခ်ဲလ္ဆီးနည္းတူ လိင္ပုိင္းဆုိင္ရာ အႏုိင္က်င့္မႈခံခဲ့ရတယ္လုိ႔ သုံးသပ္ရမွာပါ။ ဒီအျဖစ္ပ်က္ဆုိးႀကီးကုိ က်ဴးလြန္ခံခဲ့သူေတြဆီက အင္တာဗ်ဴးၿပီးတင္ျပထားခဲ့တာဟာ ၂၀၁၆ ခုႏွစ္ကတည္းကျဖစ္ၿပီး၊ အခုယူႏုိက္တက္ပါ ပါ၀င္လာခဲ့တဲ့အတြက္ အသင္းအေနနဲ႔လည္း အက္ဖ္ေအနဲ႔ ပူးေပါင္း ပါ၀င္သြားမွာျဖစ္တယ္လုိ႔ သိရပါတယ္။

ျဖစ္ပ်က္ခဲ့တဲ့ ကာလေတြမွာ ခ်ဲလ္ဆီးအသင္းနဲ႔ ယူႏုိက္တက္အသင္းတုိ႔ဟာ စုံစမ္းမႈေတြျပဳလုပ္ရမယ့္အစား ျပန္လည္ ေနရာခ်ထားေရးကုိပဲ လုပ္ခဲ့တဲ့အတြက္ အျဖစ္အပ်က္တစ္ခုလုံးကုိ ျပန္လည္ ေဖာ္ထုတ္သြားမယ္လုိ႔လည္း ဆုိပါတယ္။ ေဘာလုံးေလာကမွာ လိင္ပုိင္းဆုိင္ရာ အႏုိင္က်င့္ခံရမႈျဖစ္ပ်က္ခဲ့တဲ့ အမႈေပါင္းဟာ နာမည္ေက်ာ္ကလပ္ေတြအပါအ၀င္ အမႈေပါင္း ၃၅၈၇ ခုရွိတယ္လို႔ သိရပါတယ္။