မန်ယူခေါ်သင့်တဲ့ ကစားသမားကိုပြောလာတဲ့ နဗီးလ်

0
157
photo internet

မန်ယူအသင်းအနေနဲ့ တိုက်စစ်မှူ းထပ်ခေါ်မယ်ဆိုရင် ဖာမီနိုနဲ့ ဆွန်ဟောင်မင်တို့လို ကစားသမားမျိုးကိုခေါ်ယူသင့်တယ်လို့ မန်ယူနောက်ခံလူဟောင်းလည်းဖြစ်၊ ဘောလုံးဝေဖန်သုံးသပ်သူလည်းဖြစ်တဲ့ ဂယ်ရီနဗီးလ်က ပြောလိုက်ပါတယ်။ လူကာကူ နဲ့ဆန်းချက်ဇ်တို့ကို လက်လွှတ်ခဲ့ပေမယ့် ဆိုးလ်ရှားဟာ တိုက်စစ်မှူ းသစ်မခေါ်ယူခဲ့ပါဘူး။

photo internet

ဒါပေမယ့် အစားထိုးရမယ့်သူကို မခေါ်ခဲ့တဲ့အတွက် မန်ယူဟာ တိုက်စစ်ပိုင်းအားနည်းမှုနဲ့ ရင်ဆိုင်ကြုံတွေ့ နေရလို့ လာမယ့် ဇန်နဝါရီမှာ ကစားသမားသစ်ခေါ်ဖို့ ပြင်ဆင်ထားပါတယ်။ ဒီလိုအချိန်မှာ နဗီးလ်က မန်ယူအတွက်လိုအပ်တာက လူကာကူ နဲ့ ဒီယေဂိုကော်စတာ တို့လိုကျောနံပါတ် ၉ တိုက်စစ်မှူ းမျိုးမဟုတ်ဘဲ ဘောလုံးနဲ့အတူကောင်းစွာ လှုပ်ရှားနိုင်တဲ့ သူမျိုးသာ ဖြစ်တယ်လို့ ပြောသွားပါတယ်။

photo internet

မန်ယူဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ၉ ပွဲကစားပြီးနောက် ၁၀ ဂိုးသာရထားသေးတဲ့အပြင် ရာသီအစက ချဲလ်ဆီးနဲ့ပွဲစဉ်မှာ ၄ ဂိုးသွင်းယူပြီးတဲ့နောက် ၁ ဂိုးထပ်ပိုပြီးသွင်းယူနိုင်တဲ့ ပွဲလည်းမရှိတော့ပါဘူး။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လီဗာပူးနဲ့ပွဲမှာဆိုရင် တိုက်စစ်ပိုကောင်းခဲ့ရင် အနိုင်ရမယ့်အခွင့်အရေးလည်း ရရှိခဲ့သေးတာပါ။

photo internet

နဗီးလ်က”မန်ယူလိုအပ်နေတာက ရွေ့လျားမှုတွေကောင်းတဲ့ တိုက်စစ်မှူ းမျိုးဗျ။ လူကာကူနဲ့ ကော်စတာတို့လို အဆုံးသတ်ဖို့ဘဲစောင့်နေတဲ့ နံပါတ် ၉ လိုကစားသမားမျိုးတွေမဟုတ်ဘူး။ ဆိုးလ်ရှားကလည်း ကျောနံပါတ် ၉ ပုံစံကစားတဲ့ သူမျိုးကိုခေါ်ယူမယ်လို့ မထင်ဘူး။

photo internet

တိုက်စစ်မှာ ၃ ဦးထားရင်ဖြစ်စေ၊ ၂ ဦးဘဲထားရင်းဖြစ်စေ မန်ယူလိုအပ်တာက ရွေ့လျားမှုတွေကောင်းတဲ့ သူမျိုးတွေပါ။ ဖာမီနိုနဲ့ ဆွန်ဟောင်မင်တို့လိုပေါ့။ ဗန်နစ္စတယ်ရွိုင်း ရှိတုန်းကထက်စာရင် ရူနီနဲ့တွဲဖက်ဖို့ ဆာဟာရောက်လာပြီးနောက် မန်ယူဟာ ပိုပြီးအောင်မြင်ခဲ့ပါတယ်။ ဆာဟာ ဟာနစ္စတယ်ရွိုင်းလို အဆုံးသတ်ကောင်းတဲ့သူမဟုတ်ပေမယ့် ရူနီနဲ့တွဲဖက်ရာမှာတော့ အသင်းကပိုကောင်းလာခဲ့ပါတယ်” လို့ပြောသွားပါတယ်။

photo internet

(Zawgyi Version)

မန္ယူေခၚသင့္တဲ့ ကစားသမားကိုေျပာလာတဲ့ နဗီးလ္

မန္ယူအသင္းအေနနဲ႔ တိုက္စစ္မႉ းထပ္ေခၚမယ္ဆိုရင္ ဖာမီႏိုနဲ႔ ဆြန္ေဟာင္မင္တို႔လို ကစားသမားမ်ိဳးကိုေခၚယူသင့္တယ္လို႔ မန္ယူေနာက္ခံလူေဟာင္းလည္းျဖစ္၊ ေဘာလုံးေဝဖန္သုံးသပ္သူလည္းျဖစ္တဲ့ ဂယ္ရီနဗီးလ္က ေျပာလိုက္ပါတယ္။ လူကာကူ နဲ႔ဆန္းခ်က္ဇ္တို႔ကို လက္လႊတ္ခဲ့ေပမယ့္ ဆိုးလ္ရွားဟာ တိုက္စစ္မႉ းသစ္မေခၚယူခဲ့ပါဘူး။

ဒါေပမယ့္ အစားထိုးရမယ့္သူကို မေခၚခဲ့တဲ့အတြက္ မန္ယူဟာ တိုက္စစ္ပိုင္းအားနည္းမႈနဲ႔ ရင္ဆိုင္ႀကဳံေတြ႕ ေနရလို႔ လာမယ့္ ဇန္နဝါရီမွာ ကစားသမားသစ္ေခၚဖို႔ ျပင္ဆင္ထားပါတယ္။ ဒီလိုအခ်ိန္မွာ နဗီးလ္က မန္ယူအတြက္လိုအပ္တာက လူကာကူ နဲ႔ ဒီေယဂိုေကာ္စတာ တို႔လိုေက်ာနံပါတ္ ၉ တိုက္စစ္မႉ းမ်ိဳးမဟုတ္ဘဲ ေဘာလုံးနဲ႔အတူေကာင္းစြာ လႈပ္ရွားႏိုင္တဲ့ သူမ်ိဳးသာ ျဖစ္တယ္လို႔ ေျပာသြားပါတယ္။

မန္ယူဟာ ဒီရာသီပရီးမီးယားလိဂ္မွာ ၉ ပြဲကစားၿပီးေနာက္ ၁၀ ဂိုးသာရထားေသးတဲ့အျပင္ ရာသီအစက ခ်ဲလ္ဆီးနဲ႔ပြဲစဥ္မွာ ၄ ဂိုးသြင္းယူၿပီးတဲ့ေနာက္ ၁ ဂိုးထပ္ပိုၿပီးသြင္းယူႏိုင္တဲ့ ပြဲလည္းမရွိေတာ့ပါဘူး။ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က လီဗာပူးနဲ႔ပြဲမွာဆိုရင္ တိုက္စစ္ပိုေကာင္းခဲ့ရင္ အႏိုင္ရမယ့္အခြင့္အေရးလည္း ရရွိခဲ့ေသးတာပါ။

နဗီးလ္က”မန္ယူလိုအပ္ေနတာက ေ႐ြ႕လ်ားမႈေတြေကာင္းတဲ့ တိုက္စစ္မႉ းမ်ိဳးဗ်။ လူကာကူနဲ႔ ေကာ္စတာတို႔လို အဆုံးသတ္ဖို႔ဘဲေစာင့္ေနတဲ့ နံပါတ္ ၉ လိုကစားသမားမ်ိဳးေတြမဟုတ္ဘူး။ ဆိုးလ္ရွားကလည္း ေက်ာနံပါတ္ ၉ ပုံစံကစားတဲ့ သူမ်ိဳးကိုေခၚယူမယ္လို႔ မထင္ဘူး။

တိုက္စစ္မွာ ၃ ဦးထားရင္ျဖစ္ေစ၊ ၂ ဦးဘဲထားရင္းျဖစ္ေစ မန္ယူလိုအပ္တာက ေ႐ြ႕လ်ားမႈေတြေကာင္းတဲ့သူမ်ိဳးေတြပါ။ ဖာမီႏိုနဲ႔ ဆြန္ေဟာင္မင္တို႔လိုေပါ့။ ဗန္နစၥတယ္႐ြိဳင္း ရွိတုန္းကထက္စာရင္ ႐ူနီနဲ႔တြဲဖက္ဖို႔ ဆာဟာေရာက္လာၿပီးေနာက္ မန္ယူဟာ ပိုၿပီးေအာင္ျမင္ခဲ့ပါတယ္။ ဆာဟာ ဟာနစၥတယ္႐ြိဳင္းလို အဆုံးသတ္ေကာင္းတဲ့သူမဟုတ္ေပမယ့္ ႐ူနီနဲ႔တြဲဖက္ရာမွာေတာ့ အသင္းကပိုေကာင္းလာခဲ့ပါတယ္” လို႔ေျပာသြားပါတယ္။