မန်ယူကခေါ်ယူမယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး အတော်ကိုပျင်းဖို့ကောင်းတယ်လို့ ပြောလာတဲ့ အာလင် ဘရော့ ဟော်လန်

0
2066
Photo internet

လူငယ်ခြေတက်လေးတွေထဲမှာ ရက်ဘူးအသင်းရဲ့တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ အာလင် ဘရော့ ဟော်လန် ကလည်းနာမည်ကြီးတဲ့ထဲပါဝင်လာပါတယ်။ အသင်းကြီးတွေကလည်းသူ့ကိုခေါ်ယူဖို့စိတ်ဝင်စားနေကြပါတယ်။ ဒီထဲမှာ ကစားသမားကောင်းတွေလိုအပ်နေတဲ့ မန်ယူလည်းပါဝင်ပါတယ်။ ဒါပေမယ့် မန်ယူကသူ့ကိုခေါ်ယူမယ်ဆိုတဲ့သတင်း တွေဟာ သူ့အတွက်တော့ တော်တော်ကိုပျင်းဖို့ကောင်းတယ်လို့ ဟော်လန်က ပြောဆိုထားပါတယ်။

Photo internet

နော်ဝေးသားလေး ဘရော့ဟော်လန်ဟာ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ သွင်းဂိုးတွေသွင်းနိုင်တာကြောင့် အသင်းကြီးတွေနဲ့ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုရရှိလာခဲ့တာပါ။ “အခုဆိုရင် မီဒီယာတွေရဲ့ အာရုံစိုက်တာကိုခံလာရပါတယ်။ အဲဒါဟာဖိအားကောင်းတစ်ခုပါပဲ။ အသင်းဘက်ကလည်းကျွန်တော့်ကို ကာကွယ်ပေးထားတာတွေရှိပါတယ်။ ရှေ့ဆက်ပြီးလည်း အသင်းက ကျွန်တော့်ကိုကာကွယ်မှုတွေ ပိုလုပ်ပေးနိုင်ဖို့မျှော်လင့်ပါတယ်။ အခက်အခဲတွေကို ကျွန်တော်တို့ကြိုးစားရမှာပါ” လို့ ဘရော့ဟော်လန်ကပြော ပါတယ်။

Photo internet

မန်ယူကခေါ်ယူချင်တယ်ဆိုတဲ့သတင်းတွေအပေါ်မှာတော့ “အဲဒီသတင်းတွေက ပျင်းဖို့ကောင်းပါတယ်။ တော်တော်ကိုပျင်းစရာကောင်းတာပါ။ ဘယ်လောက်တောင်ပျင်းဖို့ကောင်းလဲဆိုရင် အပျင်းရာခိုင်နှုန်း 10 ရာခိုင်နှုန်းရှိတယ်ဆိုရင် ကျွန်တော့်အနေနဲ့ 9.9 လောက်အထိကိုပျင်းပါတယ်”လို့ ဟော်လန်ကဆိုပါတယ်။

Photo internet

မန်ယူလိုပဲ ဟော်လန်ကို ဂျူဗင်တပ်စ်အသင်းကခေါ်ယူချင်တယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ ဟော်လန်ရဲ့အဖေဖြစ်သူဟာလည်း ကစားသမားတစ်ယောက်ဖြစ်ပြီး မန်ယူအသင်းရဲ့ကစားသမားဟောင်း ရွိုင်ကိန်းကြောင့် ခြေထောက်ကျိုးခဲ့ကာ အဲဒီဒဏ်ရာကြောင့်ပဲ ကစားသမားဘဝကနေ အနားယူခဲ့တာဖြစ်ပါတယ်။ ဖခင်နဲ့ပတ်သက်ပြီး ရေစက်ဆိုးရှိခဲ့တဲ့မန်ယူဆီကို ဟော်လန်တစ်ယောက် ရောက်ဖြစ်မှာလားဆိုတာကတော့ စောင့်ကြည့်ရပါမယ်။

Photo internet

(Zawgyi Version)

မန္ယူကေခၚယူမယ္ဆိုတဲ့ သတင္းေတြနဲ႔ပတ္သက္ၿပီး အေတာ္ကိုပ်င္းဖုိ႔ေကာင္းတယ္လို႔ ေျပာလာတဲ့ အာလင္ ဘေရာ့ ေဟာ္လန္

လူငယ္ေျခတက္ေလးေတြထဲမွာ ရက္ဘူးအသင္းရဲ႕တိုက္စစ္မႉးတစ္ဦးျဖစ္တဲ့ အာလင္ ဘေရာ့ ေဟာ္လန္ ကလည္းနာမည္ႀကီးတဲ့ထဲပါ၀င္လာပါတယ္။ အသင္းႀကီးေတြကလည္းသူ႔ကိုေခၚယူဖို႔စိတ္၀င္စားေနၾကပါတယ္။ ဒီထဲမွာ ကစားသမားေကာင္းေတြလုိအပ္ေနတဲ့ မန္ယူလည္းပါ၀င္ပါတယ္။ ဒါေပမယ့္ မန္ယူကသူ႔ကိုေခၚယူမယ္ဆိုတဲ့သတင္းေတြဟာ သူ႔အတြက္ေတာ့ ေတာ္ေတာ္ကိုပ်င္းဖို႔ေကာင္းတယ္လို႔ ေဟာ္လန္က ေျပာဆိုထားပါတယ္။

ေနာ္ေ၀းသားေလး ဘေရာ့ေဟာ္လန္ဟာ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြမွာ သြင္းဂိုးေတြသြင္းႏိုင္တာေၾကာင့္ အသင္းႀကီးေတြနဲ႔ပရိသတ္ေတြရဲ႕စိတ္၀င္စားမႈကိုရရိွလာခဲ့တာပါ။ “အခုဆိုရင္ မီဒီယာေတြရဲ႕ အာ႐ုံစိုက္တာကိုခံလာရပါတယ္။ အဲဒါဟာဖိအားေကာင္းတစ္ခုပါပဲ။ အသင္းဘက္ကလည္းကၽြန္ေတာ့္ကိုကာကြယ္ေပးထားတာေတြရိွပါတယ္။ ေရွ႕ဆက္ၿပီးလည္း အသင္းက ကၽြန္ေတာ့္ကိုကာကြယ္မႈေတြပိုလုပ္ေပးႏိုင္ဖို႔ေမွ်ာ္လင့္ပါတယ္။ အခက္အခဲေတြကို ကၽြန္ေတာ္တို႔ႀကိဳးစားရမွာပါ” လို႔ ဘေရာ့ေဟာ္လန္ကေျပာပါတယ္။

မန္ယူကေခၚယူခ်င္တယ္ဆိုတဲ့သတင္းေတြအေပၚမွာေတာ့ “အဲဒီသတင္းေတြက ပ်င္းဖို႔ေကာင္းပါတယ္။ ေတာ္ေတာ္ကိုပ်င္းစရာေကာင္းတာပါ။ ဘယ္ေလာက္ေတာင္ပ်င္းဖို႔ေကာင္းလဲဆိုရင္ အပ်င္းရာခိုင္ႏႈန္း 10 ရာခိုင္ႏႈန္းရိွတယ္ဆိုရင္ ကၽြန္ေတာ့္အေနနဲ႔ 9.9 ေလာက္အထိကိုပ်င္းပါတယ္”လို႔ ေဟာ္လန္ကဆိုပါတယ္။

မန္ယူလုိပဲ ေဟာ္လန္ကို ဂ်ဴဗင္တပ္စ္အသင္းကေခၚယူခ်င္တယ္ဆိုတဲ့သတင္းေတြလည္းထြက္ေပၚေနပါတယ္။ ေဟာ္လန္ရဲ႕အေဖျဖစ္သူဟာလည္း ကစားသမားတစ္ေယာက္ျဖစ္ၿပီး မန္ယူအသင္းရဲ႕ကစားသမားေဟာင္း ရိြဳင္ကိန္းေၾကာင့္ ေျခေထာက္က်ဳိးခဲ့ကာ အဲဒီဒဏ္ရာေၾကာင့္ပဲ ကစားသမားဘ၀ကေန အနားယူခဲ့တာျဖစ္ပါတယ္။ ဖခင္နဲ႔ပတ္သက္ၿပီး ေရစက္ဆိုးရိွခဲ့တဲ့မန္ယူဆီကို ေဟာ္လန္တစ္ေယာက္ ေရာက္ျဖစ္မွာလားဆိုတာကေတာ့ ေစာင့္ၾကည့္ရပါမယ္။