ဘလွန်းဒီအောဆု ဆန်ခါတင်စာရင်းမှာ နေမာ ဘာကြောင့် မပါဝင်တာလဲ?

0
176
photo internet

ဘလွန်းဒီအောဆုဆန်ခါတင်စာရင်းကတော့ ထွက်ပေါ်လာခဲ့ပါပြီ။ အဲဒီစာရင်းထဲမှာနေမာတစ်ယောက်တော့ မပါဝင်ပါဘူး။ အောက်မှာဆက်လက်ဖော်ပြပေးမယ့် အချက်တွေကြောင့် နေမာတစ်ယောက်ဆန်ခါတင်စာရင်း ထဲမှာမပါဝင်နိုင်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ နေမာတစ်ယောက် ခြေဖဝါးရိုးဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီဒဏ်ရာကြောင့်ပဲ မန်ယူနဲ့ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ၂ ပွဲစလုံးကို လွဲချော်ခဲ့သလို ဧပြီ မတိုင်ခင်အထိ ပြန်မကစားနိုင်ခဲ့ပါဘူး။

photo internet

မတ်လမှာတော့ ဒဏ်ရာကြောင့် မကစားနိုင်ခဲ့ပေမယ့် ပွဲကြည့်စင်ကနေထိုင်ကြည့်ရင်း ပင်နယ်တီ ပြစ်ဒဏ်ဘော ပေးလိုက်တဲ့ ကွင်းလယ်ဒိုင်လူကြီး စခိုမီနာကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ ဝေဖန်တာကိုလည်း လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားခဲ့ပါတယ်။ အဲလိုဝေဖန်ပြစ်တင်ရေးသားမှုတွေကြောင့် ယူအီးအက်ဖ်အေရဲ့ ဥရောပပွဲ ၃ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။

photo internet

ဧပြီလမှာတော့နေမာတစ်ယောက် ပြင်သစ်ဖလား ဆုတံဆိပ်ကို စင်မြင့်ပေါ်တက်ယူစဉ်မှာ ဝေဖန်ပြစ်တင်ပြောဆိုတဲ့ ပရိသတ်တစ်ဦးကို ဆောင့်တွန်းခဲ့ပါတယ်။ အဲလိုလုပ်ခဲ့တာကြောင့် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က ချက်ခြင်းပဲ ၃ ပွဲပယ်လိုက်ပါတယ်။ ဇွန်လမှာတော့ ကာတာနဲ့ခြေစမ်းပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာရခဲ့တာကြောင့် ကိုပါအမေရိကပွဲကိုတောင် ပါဝင်မကစားနိုင်ခဲ့ပါဘူး။

photo internet

ကာမအရေးကိစ္စနဲ့လည်းပတ်သက်ပြီး ဟိုးလေးတကြော်ကြော်ဖြစ်ခဲ့ပါသေးတယ်။ အဲဒီအမှုဟာစွပ်စွဲခံရတာဖြစ်ပြီး၊ တရားရုံးအထိ ဦးတိုက်ဖြေရှင်းခဲ့ရပါသေးတယ်။ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးလည်း ပီအက်စ်ဂျီနဲ့အဆင်မပြေခဲ့ပါဘူး။ ပီအက်စ်ဂျီပရိသတ်တွေကလည်း နေမာကို ဒေါသထွက်ခဲ့ကြပါတယ်။

photo internet

အခုနောက်ဆုံးမှာ နိုင်ဂျီရီးယားနဲ့ ခြေစမ်းပွဲမှာ ပေါင်ခြံဒဏ်ရာထပ်ရခဲ့ပါတယ်။လေးပတ်လောက်အထိ အနားယူရမယ့်အနေအထားဖြစ်ပါတယ်။ နေမာရဲ့တစ်နှစ်ပတ်လုံးစွမ်းဆောင်ရည်တွေဟာ ဆန်ခါတင်စာရင်းဝင်ဖို့အတွက် အဆင်မပြေဖြစ်ခဲ့တာပါ။ ဘလွန်းဒီအောဆုကို နောက်ဆုံး ရရှိထားသူက လူကာမိုဒရစ်ဖြစ်ပြီး၊ အကြိမ်အများဆုံး ရထားသူတွေက ရော်နယ်ဒိုနဲ့မက်ဆီတို့ဖြစ်ပြီး သူတို့ဟာ ဆုကို ၅ ကြိမ်စီ ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

photo internet

(Zawgyi Version)

ဘလြန္းဒီေအာဆု ဆန္ခါတင္စာရင္းမွာ ေနမာ ဘာေၾကာင့္ မပါ၀င္တာလဲ?

ဘလြန္းဒီေအာဆုဆန္ခါတင္စာရင္းကေတာ့ ထြက္ေပၚလာခဲ့ပါၿပီ။ အဲဒီစာရင္းထဲ မွာေနမာတစ္ေယာက္ေတာ့ မပါ၀င္ပါဘူး။ ေအာက္မွာဆက္လက္ေဖာ္ျပေပးမယ့္ အခ်က္ေတြေၾကာင့္ ေနမာတစ္ေယာက္ဆန္ခါတင္စာရင္းထဲမွာမပါ၀င္ႏိုင္တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ဇန္န၀ါရီလမွာ ေနမာတစ္ေယာက္ ေျခဖ၀ါးရိုးဒဏ္ရာရရိွခဲ့ပါတယ္။ အဲဒီဒဏ္ရာေၾကာင့္ပဲ မန္ယူနဲ႔ကစားရမယ့္ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ၂ ပြဲစလုံးကို လြဲေခ်ာ္ခဲ့သလို ဧၿပီ မတိုင္ခင္အထိ ျပန္မကစားႏိုင္ခဲ့ပါဘူး။

မတ္လမွာေတာ့ ဒဏ္ရာေၾကာင့္ မကစားႏိုင္ခဲ့ေပမယ့္ ပြဲၾကည့္စင္ကေနထိုင္ၾကည့္ရင္း ပင္နယ္တီ ျပစ္ဒဏ္ေဘာ ေပးလိုက္တဲ့ ကြင္းလယ္ဒိုင္လူႀကီး စခိုမီနာကို ျပစ္တင္ေဝဖန္ခဲ့ပါတယ္။ ေ၀ဖန္တာကိုလည္း လူမႈကြန္ရက္စာမ်က္ႏွာထက္မွာ ေရးသားခဲ့ပါတယ္။ အဲလိုေ၀ဖန္ျပစ္တင္ေရးသားမႈေတြေၾကာင့္ ယူအီးအက္ဖ္ေအရဲ႕ ဥေရာပပြဲ ၃ ပြဲပယ္ျပစ္ဒဏ္ ခ်မွတ္ခံခဲ့ရပါတယ္။

ဧၿပီလမွာေတာ့ေနမာတစ္ေယာက္ ျပင္သစ္ဖလား ဆုတံဆိပ္ကို စင္ျမင့္ေပၚတက္ယူစဥ္မွာ ေ၀ဖန္ျပစ္တင္ေျပာဆိုတဲ့ ပရိသတ္တစ္ဦးကို ေဆာင့္တြန္းခဲ့ပါတယ္။ အဲလိုလုပ္ခဲ့တာေၾကာင့္ ျပင္သစ္ေဘာလုံးအဖြဲ႕ခ်ဳပ္က ခ်က္ျခင္းပဲ ၃ ပြဲပယ္လိုက္ပါတယ္။ ဇြန္လမွာေတာ့ ကာတာနဲ႔ေျခစမ္းပြဲမွာ ေျခက်င္းဝတ္ဒဏ္ရာရခဲ့တာေၾကာင့္ ကိုပါအေမရိကပြဲကိုေတာင္ ပါဝင္မကစားႏိုင္ခဲ့ပါဘူး။

ကာမအေရးကိစၥနဲ႔လည္းပတ္သက္ၿပီး ဟိုးေလးတေၾကာ္ေၾကာ္ျဖစ္ခဲ့ပါေသးတယ္။ အဲဒီအမႈဟာစြပ္စြဲခံရတာျဖစ္ၿပီး၊ တရားရုံးအထိ ဦးတိုက္ေျဖရွင္းခဲ့ရပါေသးတယ္။ အေျပာင္းအေရႊ႕နဲ႔ပတ္သက္ၿပီးလည္း ပီအက္စ္ဂ်ီနဲ႔အဆင္မေျပခဲ့ပါဘူး။ ပီအက္စ္ဂ်ီပရိသတ္ေတြကလည္း ေနမာကို ေဒါသထြက္ခဲ့ၾကပါတယ္။

အခုေနာက္ဆုံးမွာ ႏိုင္ဂ်ီရီးယားနဲ႔ ေျခစမ္းပြဲမွာ ေပါင္ၿခံဒဏ္ရာထပ္ရခဲ့ပါတယ္။ေလးပတ္ေလာက္ အထိ အနားယူရမယ့္အေနအထားျဖစ္ပါတယ္။ ေနမာရဲ႕တစ္ႏွစ္ပတ္လုံးစြမ္းေဆာင္ရည္ေတြဟာ ဆန္ခါတင္စာရင္း၀င္ဖုိ႔အတြက္ အဆင္မေျပျဖစ္ခဲ့တာပါ။ ဘလြန္းဒီေအာဆုကို ေနာက္ဆုံး ရရွိထားသူက လူကာမိုဒရစ္ျဖစ္ၿပီး၊ အႀကိမ္အမ်ားဆုံး ရထားသူေတြက ေရာ္နယ္ဒိုနဲ႔မက္ဆီ တို႔ျဖစ္ၿပီး သူတို႔ဟာ ဆုကို ၅ ႀကိမ္စီ ရယူထားႏိုင္ခဲ့တာျဖစ္ပါတယ္။