ဖခင်ရဲ့ ခြေရာကိုအမှီလိုက်မယ့် မျိုးဆက်သစ်

0
613
Photo internet

ဘောလုံးလောကမှာလည်း အမွေဆက်ခံတဲ့မျိုးဆက်သစ်တွေရှိပါတယ်။ အခုဖော်ပြပေးမယ့် သွေးသစ်လောင်းမယ့် မျိုးဆက်သစ်ကတော့ မန်ယူအသင်းရဲ့ကစားသမားဟောင်း ဖီးလ်နဗီးရဲ့သားဖြစ်သူဖြစ်ပါတယ်။ ဟာဗေးနဗီးဟာ မန်ယူရဲ့လူငယ်အသင်းမှာ ခြေစွမ်းတွေပြသထားနိုင်ပြီး အိုင်ယာလန်လူငယ်အသင်းမှာလည်း ပါဝင်ကစားလာခဲ့ပါတယ်။

Photo internet

အသက်၁၇နှစ်သာရှိသေးတဲ့ ဟာဗေးနဗီးဟာ ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်ပြီးတော့ ကနဦးအစမှာတော့ သူ့ရဲ့ကစားသမားဘဝကို မန်စီးတီးအသင်းဆီမှာစတင်ခဲ့တာဖြစ်ပါတယ်။ အဲဒီကနေမှစပိန်မြေက ဗလင်စီယာအသင်းဆီပြောင်းရွှေ့ခဲ့တာဖြစ်ပြီး၊ 2018 ခုနှစ်မှာတော့ မန်ယူအသင်းဆီရောက်လာခဲ့တာဖြစ်ပါတယ်။

Photo internet

ဟာဗေးနဗီးရဲ့ ဖခင်နဲ့ဦးလေးဖြစ်သူတို့ဟာ အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်းတွေဖြစ်ကြပြီး၊မိခင်ဖြစ်သူကတော့ အိုင်းရစ်သွေးပါသူဖြစ်ပါတယ်။ ဒါကြောင့် ဟာဗေးနဗီးအနေနဲ့ အိုင်ယာလန်လူငယ်လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။

Photo internet

မန်ယူအတွက်လူငယ်ခြေတက်ကလေးတွေရှိပေမယ့် မန်ယူကတော့ အခြေအနေမကောင်းသေးပါဘူး။ ကစားသမားတွေကတော့ ကြိုးစားနေကြတာပါ။ လူငယ်ကစားသမားတွေထဲမှာ ဟာဗေးနဗီးတစ်ယောက် အဖေနဲ့ဦးလေးတို့ရဲ့ခြေစွမ်းထက်ကျော်လွန်ပြီး ထွန်းတောက်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

Photo internet

(Zawgyi Version)




