ဂျူဗင်တပ်စ်ကို ပြောင်းခဲ့တာ မှားပြီလား ဒီလစ်

0
230
Photo internet

အသွားမတော်တစ်လှမ်း၊အစားမတော်တစ်လုတ်ဆိုတဲ့စကားအတိုင်း ဘောလုံးကစားသမားအချို့ဟာ အသင်းပြောင်းရွှေ့ပြီးခါမှ အဲဒီအသင်းဟာမိမိအတွက်အဆင်မပြေမှန်းသိကြပြီး၊ အခက်အခဲတွေနဲ့ရင်ဆိုင်ကြ ရပါတယ်။ အခုလည်း ဂျူဗင်တပ်စ်အသင်းကို ပြီးခဲ့တဲ့ရာသီအပြောင်းအရွှေ့မှာ ရောက်ရှိလာခဲ့တဲ့ ဒီလစ်တစ်ယောက် အဲလိုအနေအထားမျိုးကြုံတွေ့နေရပြီလားဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။

Photo internet

ဘာကြောင့်လဲဆိုရင် ဂျူဗင်တပ်စ်အသင်းမှာ အခုအချိန်အထိ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိသေးကြောင်း ဒီလစ်ကပြောဆိုလာလို့ဖြစ်ပါတယ်။ ဒီလစ်ကတော့ ဟော်လန်ကလပ် အေဂျက်ဇ်ကနေ ဂျူဗင်တပ်စ်ကို ပေါင် ၇၅သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းမှာ လိဂ် ၅ ပွဲနဲ့ ချန်ပီယံလိဂ် ၂ ပွဲသာ ပါဝင်ကစားပေးထားသာဖြစ်ပါတယ်။

Photo internet

“အေဂျက်ဇ်မှာတုန်းကတော့ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို အကောင်းဆုံး နောက်ခံလူတစ်ယောက်အဖြစ် ယုံကြည်မှုအပြည့် ရှိခဲ့ပါတယ်။ အခု ဂျူဗင်တပ်စ်မှာတော့ အဲဒီလိုယုံကြည်ချက်မျိုး မရှိသေးဘူး ဖြစ်နေပါတယ်။ ကျွန်တော်ဘာလို့ ခြေစွမ်းကျဆင်းသွားရလဲဆိုတာ ကျွန်တော် ကိုယ်တိုင်လည်း မသိပါဘူး။ ကျွန်တော် ဒီထက်ပိုပြီး အကောင်းဆုံးကြိုးစားရပါမယ်။ အသင်းဖော်တွေဆီကလည်းသင်ယူရပါမယ်။ ကျွန်တော့်ခြေစွမ်းတွေပြန်ရဖို့ယုံကြည်ချက်ရှိပါတယ်”လို့ ဒီလစ်က ပြောပါတယ်။

Photo internet

အသက် 20 အရွယ် ဒီလစ်ကို ဂျူဗင်တပ်စ်အသင်းဟာ ရေရှည်အတွက်မျှော်မှန်းပြီးခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နာပိုလီနဲ့ပွဲမှာ အမှားတွေရှိခဲ့တာကြောင့် ဒီလစ်ဟာဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ ဂျူဗင်တပ်စ်ပရိသတ်တွေကတော့ ဒီလစ်ရဲ့ခြေစွမ်းတွေပြန်ကောင်းလာဖို့မျှော်လင့်နေကြပါတယ်။

photo internet

(Zawgyi Version)

ဂ်ဴဗင္တပ္စ္ကို ေျပာင္းခဲ့တာ မွားၿပီလား ဒီလစ္

အသြားမေတာ္တစ္လွမ္း၊အစားမေတာ္တစ္လုတ္ဆိုတဲ့စကားအတုိင္း ေဘာလုံးကစားသမားအခ်ဳိ႕ဟာ အသင္းေျပာင္းေရႊ႕ၿပီးခါမွ အဲဒီအသင္းဟာမိမိအတြက္အဆင္မေျပမွန္းသိၾကၿပီး၊ အခက္အခဲေတြနဲ႔ရင္ဆိုင္ၾက ရပါတယ္။ အခုလည္း ဂ်ဴဗင္တပ္စ္အသင္းကို ၿပီးခဲ့တဲ့ရာသီအေျပာင္းအေရႊ႕မွာ ေရာက္ရိွလာခဲ့တဲ့ ဒီလစ္တစ္ေယာက္ အဲလုိအေနအထားမ်ဳိးႀကဳံေတြ႕ေနရၿပီလားဆုိတာ စဥ္းစားစရာျဖစ္လာပါတယ္။

ဘာေၾကာင့္လဲဆိုရင္ ဂ်ဴဗင္တပ္စ္အသင္းမွာ အခုအခ်ိန္အထိ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈမရိွေသးေၾကာင္း ဒီလစ္ကေျပာဆိုလာလို႔ျဖစ္ပါတယ္။ ဒီလစ္ကေတာ့ ေဟာ္လန္ကလပ္ ေအဂ်က္ဇ္ကေန ဂ်ဴဗင္တပ္စ္ကို ေပါင္ ၇၅သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းမွာ လိဂ္ ၅ ပြဲနဲ႔ ခ်န္ပီယံလိဂ္ ၂ ပြဲသာ ပါဝင္ကစားေပးထားသာျဖစ္ပါတယ္။

“ေအဂ်က္ဇ္မွာတုန္းကေတာ့ ကြ်န္ေတာ္ဟာ ကိုယ့္ကိုယ္ကို အေကာင္းဆံုး ေနာက္ခံလူတစ္ေယာက္အျဖစ္ ယံုၾကည္မႈအျပည့္ ရွိခဲ့ပါတယ္။ အခု ဂ်ဴဗင္တပ္စ္မွာေတာ့ အဲဒီလိုယံုၾကည္ခ်က္မ်ိဳး မရွိေသးဘူး ျဖစ္ေနပါတယ္။ ကၽြန္ေတာ္ဘာလုိ႔ ေျခစြမ္းက်ဆင္းသြားရလဲဆိုတာ ကြ်န္ေတာ္ ကိုယ္တုိင္လည္း မသိပါဘူး။ ကြ်န္ေတာ္ ဒီထက္ပိုၿပီး အေကာင္းဆံုးႀကိဳးစားရပါမယ္။ အသင္းေဖာ္ေတြဆီကလည္းသင္ယူရပါမယ္။ ကၽြန္ေတာ့္ေျခစြမ္းေတြျပန္ရဖို႔ယုံၾကည္ခ်က္ရိွပါတယ္”လို႔ ဒီလစ္က ေျပာပါတယ္။

အသက္ 20 အရြယ္ ဒီလစ္ကို ဂ်ဴဗင္တပ္စ္အသင္းဟာ ေရရွည္အတြက္ေမွ်ာ္မွန္းၿပီးေခၚယူခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ၿပီးခဲ့တဲ့ နာပိုလီနဲ႔ပြဲမွာ အမွားေတြရိွခဲ့တာေၾကာင့္ ဒီလစ္ဟာေ၀ဖန္မႈေတြနဲ႔ရင္ဆိုင္ေနရပါတယ္။ ဂ်ဴဗင္တပ္စ္ပရိသတ္ေတြကေတာ့ ဒီလစ္ရဲ႕ေျခစြမ္းေတြျပန္ေကာင္းလာဖုိ႔ေမွ်ာ္လင့္ေနၾကပါတယ္။