ခ်န္ပီယံလိဂ္ဖလားမရခဲ့ရင္လည္း ကိုယ့္ကိုယ္ကိုယ္ သတ္ေသမွာမဟုတ္ဘူးလို႔ ဆိုလုိက္တဲ့ ဂြါဒီယိုလာ

0
206

Photo internet

စီးတီးနည္းျပ ဂြါဒီယိုလာဟာ ဘာစီလိုနာအသင္းကို ကိုင္တြယ္ခဲ့တုန္းက ခ်န္ပီယံလိဂ္အရွင္သခင္ ႏွစ္ႀကိမ္ျဖစ္ခဲ့ဖူးေပမယ့္ ဘိုင္ယန္ျမဴးနစ္၊ မန္စီးတီးအသင္းေတြနဲ႔ေတာ့ ခ်န္ပီယံလိဂ္ဖလားကိုင္ေျမွာက္ႏိုင္ျခင္းမရွိေသးပါဘူူး။

Photo internet

ပက္ဂြါဒီယိုလာက ခ်န္ပီယံလိဂ္ဖလား ၂ လံုးစာရင္း ထပ္တိုးဖို႔ အစြဲအလန္းမရွိဘူးလို႔ ဆိုပါတယ္။ ဂြါဒီယိုလာဟာ ဘာစီလိုနာအသင္းမွာေတာ့ ခ်န္ပီယံလိဂ္ ေအာင္ျမင္မႈမွတ္တမ္းေတြ ေရးထိုးႏိုင္ခဲ့ေပမယ့္ ဘိုင္ယန္ျမဴးနစ္ နည္းျပအျဖစ္နဲ႔ေတာ့ ခ်န္ပီယံလိဂ္ဖလားနဲ႔ ေဝးကြားခဲ့ၿပီး မန္စီးတီးနည္းျပအျဖစ္နဲ႔လည္း အခုခ်ိန္အထိ ခ်န္ပီယံလိဂ္ဖလားမရရွိေသးပါဘူး။

Photo internet

သူဟာ စီးတီးနဲ႔အတူ ပရီးမီးယားလိဂ္ဖလား ၂ လံုး၊ လိဂ္ဖလား ၂ လံုးနဲ႔ အက္ဖ္ေအဖလားတို႔ကို သိမ္းပိုက္ႏိုင္ခဲ့ေပမယ့္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာေတာ့ အရွင္သခင္ မျဖစ္ေသးပါဘူး။ စီးတီးရဲ႕ အံ့ၾသဖြယ္လူစာရင္းနဲ႔ ဥေရာပမွာေအာင္ျမင္မႈ ရရွိဖို႔က ဂြါဒီယိုယာရဲ႕ ေနာက္ထပ္ေျခလွမ္းသစ္တစ္ရပ္ပါ။

Photo internet

စီးတီးဟာ ခ်န္ပီယံလိဂ္ ဒုတိယအုပ္စုအဆင့္ ပြဲစဥ္အျဖစ္ ဒိုင္နမိုဇာဂရက္အသင္းနဲ႔ မကစားမီ စပိန္သားနည္းျပကေတာ့ ခ်န္ပီယံလိဂ္ဖလားရယူႏိုင္ဖို႔ ပစ္မွတ္ထားေနတာ ျဖစ္ပါတယ္။

Photo internet

ဂြါဒီယိုလာက “ကၽြန္ေတာ္ ခ်န္ပီယံလိဂ္မွာအႏိုင္ရရွိလိုပါတယ္၊ ဒါေပမဲ့ ႐ံႈးနိမ့္ခဲ့ရင္လည္း ကၽြန္ေတာ့္ဘဝက ေျပာင္းလဲသြားမွာမဟုတ္ပါဘူး၊ ကုိယ့္ကိုယ္ကိုယ္ သတ္ေသမွာလည္းမဟုတ္ပါဘူး”လုိ႔ ေျပာပါတယ္။

Photo internet

ဆက္လက္ၿပီး ဂြါဒီယိုလာက ”ဒါကတူညီတဲ့ ေမးခြန္းပါပဲ၊ ပထမဆံုးအင္တာဗ်ဴးမွာလည္း ကၽြန္ေတာ္ဒီကိုေရာက္လာတာ ခ်န္ပီယံလိဂ္ဖလား ပိုင္ဆိုင္ႏိုင္ဖို႔လားလို႕ေမးၾကပါတယ္၊ ကၽြန္ေတာ္ စီးတီးရဲ႕ အလုပ္အမႈေဆာင္ ဥကၠဌဖာရန္ဆုိရီယာႏိုန႔ဲ ဥကၠဌအယ္မူဘာရက္ခ္တို႔ကိုေျပာခဲ့ပါတယ္၊ သူတို႔ကေတာ့ ဒါကရယူဖို႔ မျဖစ္ႏိုင္ဘူး၊ ရယူႏိုင္တယ္လို႔ မေတြးဘဲနဲ႔ပဲႀကိဳစားၾကည့္ပါလို႔ တစ္ခါမွ မေျပာၾကပါဘူး”လုိ႔ ေျပာၾကားသြားခဲ့ပါတယ္။

Photo internet

(Unicode Version)

ချန်ပီယံလိဂ်ဖလားမရခဲ့ရင်လည်း ကိုယ့်ကိုယ်ကိုယ် သတ်သေမှာမဟုတ်ဘူးလို့ ဆိုလိုက်တဲ့ ဂွါဒီယိုလာ

စီးတီးနည်းပြ ဂွါဒီယိုလာဟာ ဘာစီလိုနာအသင်းကို ကိုင်တွယ်ခဲ့တုန်းက ချန်ပီယံလိဂ်အရှင်သခင် နှစ်ကြိမ်ဖြစ်ခဲ့ဖူးပေမယ့် ဘိုင်ယန်မြူးနစ်၊ မန်စီးတီးအသင်းတွေနဲ့တော့ ချန်ပီယံလိဂ်ဖလားကိုင်မြှောက်နိုင်ခြင်းမရှိသေးပါဘူူး။

ပက်ဂွါဒီယိုလာက ချန်ပီယံလိဂ်ဖလား ၂ လုံးစာရင်း ထပ်တိုးဖို့ အစွဲအလန်းမရှိဘူးလို့ ဆိုပါတယ်။ ဂွါဒီယိုလာဟာ ဘာစီလိုနာအသင်းမှာတော့ ချန်ပီယံလိဂ် အောင်မြင်မှုမှတ်တမ်းတွေ ရေးထိုးနိုင်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ် နည်းပြအဖြစ်နဲ့တော့ ချန်ပီယံလိဂ်ဖလားနဲ့ ဝေးကွားခဲ့ပြီး မန်စီးတီးနည်းပြအဖြစ်နဲ့လည်း အခုချိန်အထိ ချန်ပီယံလိဂ်ဖလားမရရှိသေးပါဘူး။

သူဟာ စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၂ လုံး၊ လိဂ်ဖလား ၂ လုံးနဲ့ အက်ဖ်အေဖလားတို့ကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ အရှင်သခင် မဖြစ်သေးပါဘူး။ စီးတီးရဲ့ အံ့သြဖွယ်လူစာရင်းနဲ့ ဥရောပမှာအောင်မြင်မှု ရရှိဖို့က ဂွါဒီယိုယာရဲ့ နောက်ထပ်ခြေလှမ်းသစ်တစ်ရပ်ပါ။

စီးတီးဟာ ချန်ပီယံလိဂ် ဒုတိယအုပ်စုအဆင့် ပွဲစဉ်အဖြစ် ဒိုင်နမိုဇာဂရက်အသင်းနဲ့ မကစားမီ စပိန်သားနည်းပြကတော့ ချန်ပီယံလိဂ်ဖလားရယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

ဂွါဒီယိုလာက “ကျွန်တော် ချန်ပီယံလိဂ်မှာအနိုင်ရရှိလိုပါတယ်၊ ဒါပေမဲ့ ရှုံးနိမ့်ခဲ့ရင်လည်း ကျွန်တော့်ဘဝက ပြောင်းလဲသွားမှာမဟုတ်ပါဘူး၊ ကိုယ့်ကိုယ်ကိုယ် သတ်သေမှာလည်းမဟုတ်ပါဘူး”လို့ ပြောပါတယ်။

ဆက်လက်ပြီး ဂွါဒီယိုလာက ”ဒါကတူညီတဲ့ မေးခွန်းပါပဲ၊ ပထမဆုံးအင်တာဗျူးမှာလည်း ကျွန်တော်ဒီကိုရောက်လာတာ ချန်ပီယံလိဂ်ဖလား ပိုင်ဆိုင်နိုင်ဖို့လားလို့မေးကြပါတယ်၊ ကျွန်တော် စီးတီးရဲ့ အလုပ်အမှုဆောင် ဥက္ကဌဖာရန်ဆိုရီယာနိုနဲ့ ဥက္ကဌအယ်မူဘာရက်ခ်တို့ကိုပြောခဲ့ပါတယ်၊ သူတို့ကတော့ ဒါကရယူဖို့ မဖြစ်နိုင်ဘူး၊ ရယူနိုင်တယ်လို့ မတွေးဘဲနဲ့ပဲကြိုစားကြည့်ပါလို့ တစ်ခါမှ မပြောကြပါဘူး”လို့ ပြောကြားသွားခဲ့ပါတယ်။