ေနာက္ထပ္ လိဂ္ၿပိဳင္ပြဲ အသစ္တစ္ခုကို ထပ္မံက်င္းပမယ့္ ဥေရာပ ေဘာလံုးအဖြဲ႔ခ်ဳပ္

0
409

Photo internet

ေဘာလုံးပရိသတ္ေတြအတြက္ ေနာက္ထပ္ၾကည့္ရႈရမယ့္ ေဘာလုံးၿပိဳင္ပြဲတစ္ခုထပ္မံေပၚထြက္ လာပါေတာ့မယ္။ ကမၻာ့ေဘာလံုးေစ်းကြက္ ၾကီးမားလာတာေၾကာင့္ ဥေရာပ ေဘာလံုးအဖြဲ႕ခ်ဳပ္ကေနၿပီး လိဂ္ၿပိဳင္ပြဲအသစ္တစ္ခု ကိုထပ္မံက်င္းပဖို႔ဆုံးျဖတ္လိုက္တာျဖစ္ပါတယ္။ ဥေရာပတစ္၀န္းက ကလပ္အသင္းေတြအားလုံးပါ၀င္ယွဥ္ၿပိဳင္ႏိုင္မယ့္ အခြင့္အေရးျဖစ္ပါတယ္။ ၿပိဳင္ပြဲသစ္ရဲ႕အမည္ကေတာ့ UEFA Europa Conference League (UEFA ယူရုိပါ ကြန္းဖရင့္လိဂ္) ျဖစ္ပါတယ္။

Photo internet

အဲဒီၿပိဳင္ပြဲအသစ္ဟာ ခ်န္ပီယံလိဂ္၊ယူရိုပါလိဂ္ပြဲေတြရဲ႕ေနာက္ တတိယတန္းအဆင့္မွာရိွလာမွာ ျဖစ္ပါတယ္။ ၿပိဳင္ပြဲအသစ္ကို စုစုေပါင္း အသင္း 32 သင္းနဲ႔ 4 သင္းစီ အုပ္စု 8 ခုခြဲကာ က်င္းပမွာျဖစ္ျပီး ၊ 2021 ခုႏွစ္ မွာမွ စတင္သြားမွာျဖစ္ပါတယ္။ “ဒီျပိဳင္ပြဲက်င္းပဖို႔အတြက္ ဥေရာပ ကလပ္အသင္းမ်ား အဖြဲ႔အစည္းနဲ႔ ေသခ်ာတိုင္ပင္ျပီးမွ လုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။ ဥေရာပတစ္၀န္းမွာ ရွိတဲ့ ကလပ္အသင္းေတြရဲ႕ ယွဥ္ျပိဳင္ခြင့္ကိုလည္း ပိုျပီး မ်ားလာေအာင္ဖန္တီး ေပးႏိုင္မွာ ျဖစ္ပါတယ္”လို႔ ဥေရာပ ေဘာလံုး အဖြဲ႔ခ်ဳပ္ ဥကၠဌ စီဖာရင္ကေျပာပါတယ္။

Photo internet

လိဂ္ျပိဳင္ပြဲအသစ္မွာ အင္အားနည္းတဲ့ ဥေရာပႏုိင္ငံငယ္ေလးေတြက ကလပ္အသင္းေတြ ဦးစားေပး ယွဥ္ျပိဳင္ခြင့္ ရရွိမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ယူရုိပါလိဂ္အုပ္စု အတြင္း တတိယ ေနရာမွာ ရပ္တည္ႏိုင္တဲ့ အသင္းေတြဟာ ယူရုိပါ ကြန္းဖရင့္လိဂ္ဆီ ကူးေျပာင္း ယွဥ္ျပိဳင္ခြင့္ ရရွိပါမယ္။ ဖီဖာကေတာ့ ဥေရာပဘက္က ပြဲစဥ္ ဆက္တိုက္ တိုးခ်ဲ႕ေနတာေၾကာင့္ ေဘာလံုးသမားေတြရဲ႕ပင္ပန္းမႈနဲ႔ က်န္းမာေရး ထိခိုက္ႏိုင္တာေတြနဲ႔ပတ္သက္ၿပီး IFAB အစည္းအေ၀း က်ရင္ ဥေရာပ ေဘာလံုးအဖြဲ႔ခ်ဳပ္နဲ႔ေဆြးေႏြးတာေတြျပဳလုပ္ဖို႔ စီစဥ္ထားပါတယ္။

Photo internet

ယူရိုပါ ကြန္းဖရင့္လိဂ္ဖလားကို ဗိုလ္စြဲတဲ့အသင္းဟာ ေနာက္တစ္ရာသီမွာ ယူရိုပါလိဂ္ အုပ္စုကို တိုက္ရိုက္ ၀င္ခြင့္ ရရွိမွာ ျဖစ္ပါတယ္။ ၿပိဳင္ပြဲက်င္းပမယ့္ရက္ေတြအတြက္လည္း ရုပ္သံလုပ္ငန္းေတြနဲ႔ညိွႏိႈင္းေဆြးေႏြးေနပါတယ္။ လိဂ္ၿပိဳင္ပြဲအသစ္ဟာ ေရွ႕ကၿပိဳင္ပြဲေတြကိုေတာ့ ထိခုိက္ေစႏိုင္မွာမဟုတ္ပါဘူး။ ကလပ္အသင္းငယ္ေတြ အတြက္အခြင့္အေရးသစ္တစ္ခုျဖစ္လာမယ့္ ၿပိဳင္ပြဲျဖစ္ပါတယ္။

Photo internet

(Unicode Version)

နောက်ထပ် လိဂ်ပြိုင်ပွဲ အသစ်တစ်ခုကို ထပ်မံကျင်းပမယ့် ဥရောပ ဘောလုံးအဖွဲ့ချုပ်

ဘောလုံးပရိသတ်တွေအတွက် နောက်ထပ်ကြည့်ရှုရမယ့် ဘောလုံးပြိုင်ပွဲတစ်ခုထပ်မံပေါ်ထွက် လာပါတော့မယ်။ ကမ္ဘာ့ဘောလုံးဈေးကွက် ကြီးမားလာတာကြောင့် ဥရောပ ဘောလုံးအဖွဲ့ချုပ်ကနေပြီး လိဂ်ပြိုင်ပွဲအသစ်တစ်ခုကိုထပ်မံကျင်းပဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ဥရောပတစ်ဝန်းက ကလပ်အသင်းတွေအားလုံးပါဝင်ယှဉ်ပြိုင်နိုင်မယ့် အခွင့်အရေးဖြစ်ပါတယ်။ ပြိုင်ပွဲသစ်ရဲ့အမည်ကတော့ UEFA Europa Conference League (UEFA ယူရိုပါ ကွန်းဖရင့်လိဂ်) ဖြစ်ပါတယ်။

အဲဒီပြိုင်ပွဲအသစ်ဟာ ချန်ပီယံလိဂ်၊ယူရိုပါလိဂ်ပွဲတွေရဲ့နောက် တတိယတန်းအဆင့်မှာရှိလာမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲအသစ်ကို စုစုပေါင်း အသင်း 32 သင်းနဲ့ 4 သင်းစီ အုပ်စု 8 ခုခွဲကာ ကျင်းပမှာဖြစ်ပြီး ၊ 2021 ခုနှစ် မှာမှ စတင်သွားမှာဖြစ်ပါတယ်။ “ဒီပြိုင်ပွဲကျင်းပဖို့အတွက် ဥရောပ ကလပ်အသင်းများ အဖွဲ့အစည်းနဲ့ သေချာတိုင်ပင်ပြီးမှ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဥရောပတစ်ဝန်းမှာ ရှိတဲ့ ကလပ်အသင်းတွေရဲ့ ယှဉ်ပြိုင်ခွင့်ကိုလည်း ပိုပြီး များလာအောင်ဖန်တီး ပေးနိုင်မှာ ဖြစ်ပါတယ်”လို့ ဥရောပ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ စီဖာရင်ကပြောပါတယ်။

လိဂ်ပြိုင်ပွဲအသစ်မှာ အင်အားနည်းတဲ့ ဥရောပနိုင်ငံငယ်လေးတွေက ကလပ်အသင်းတွေ ဦးစားပေး ယှဉ်ပြိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူရိုပါလိဂ်အုပ်စု အတွင်း တတိယ နေရာမှာ ရပ်တည်နိုင်တဲ့ အသင်းတွေဟာ ယူရိုပါ ကွန်းဖရင့်လိဂ်ဆီ ကူးပြောင်း ယှဉ်ပြိုင်ခွင့် ရရှိပါမယ်။ ဖီဖာကတော့ ဥရောပဘက်က ပွဲစဉ် ဆက်တိုက် တိုးချဲ့နေတာကြောင့် ဘောလုံးသမားတွေရဲ့ပင်ပန်းမှုနဲ့ ကျန်းမာရေး ထိခိုက်နိုင်တာတွေနဲ့ပတ်သက်ပြီး IFAB အစည်းအဝေး ကျရင် ဥရောပ ဘောလုံးအဖွဲ့ချုပ်နဲ့ဆွေးနွေးတာတွေပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

ယူရိုပါ ကွန်းဖရင့်လိဂ်ဖလားကို ဗိုလ်စွဲတဲ့အသင်းဟာ နောက်တစ်ရာသီမှာ ယူရိုပါလိဂ် အုပ်စုကို တိုက်ရိုက် ဝင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲကျင်းပမယ့်ရက်တွေအတွက်လည်း ရုပ်သံလုပ်ငန်းတွေနဲ့ညှိနှိုင်းဆွေးနွေးနေပါ တယ်။ လိဂ်ပြိုင်ပွဲအသစ်ဟာ ရှေ့ကပြိုင်ပွဲတွေကိုတော့ ထိခိုက်စေနိုင်မှာမဟုတ်ပါဘူး။ ကလပ်အသင်းငယ်တွေ အတွက်အခွင့်အရေးသစ်တစ်ခုဖြစ်လာမယ့် ပြိုင်ပွဲဖြစ်ပါတယ်။