အာရွရဲ႕ဘက္ခမ္းစုံတြဲျဖစ္လာႏိုင္တယ္လို႔ စေနာက္ေျပာေနၾကတဲ့ Blackpink က ဂ်ီဆိုး နဲ႔ စပါးအသင္းက ဆြန္ေဟာင္မင္

0
927

Photo internet

အႏုပညာေရစီးလိႈင္းထဲမွာ ကိုရီးယားေရစီးဟာ ကမၻာနဲ႔အ၀ွမ္းကို ရိုက္ခတ္ႏိုင္စြမ္းရိွပါတယ္။ ဒါေၾကာင့္ လူသိမ်ား ေက်ာ္ၾကားတဲ့အႏုပညာရွင္မ်ားဟာ အခ်စ္ေရး၊လူမႈေရးေတြနဲ႔ပတ္သက္ၿပီးတတ္ႏိုင္သမွ်သိုသို သပ္သပ္ေနၾကရပါတယ္။ အႏုပညာေလာကမွာ Blackpink က ဂ်ီဆုိးဟာလူသိမ်ားသလုိ၊ ေဘာလုံးေလာကမွာလည္း စပါးအသင္းက ဆြန္ေဟာင္မင္ဟာ ကုိရီးယားသူေလးေတြရဲ႕ အသည္းစြဲေဘာလုံးသမားျဖစ္ပါတယ္။

Photo internet

ၿပီးခဲ့တဲ့ရက္ပိုင္းေတြက ဂ်ီဆိုးတစ္ေယာက္ လူပ်ဳိႀကီးဆြန္ေဟာင္မင္ရဲ႕ပြဲကိုသြားေရာက္အားေပးခဲ့တာေၾကာင့္ အေတာ္မ်ားမ်ားက သူတို႔ႏွစ္ေယာက္ကို စေနာက္ေျပာဆိုေနၾကပါတယ္။ ႏွစ္ေယာက္လုံးဟာ နယ္ပယ္အသီးသီး မွာေက်ာ္ၾကားတဲ့သူေတြျဖစ္တာေၾကာင့္ လူေတြက ေဒးဗစ္ဘက္ခမ္းတို႔စုံတြဲ လိုျဖစ္ႏိုင္ေၾကာင္း စေနာက္ေနၾက တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့တစ္ပတ္က စပါးနဲ႔ခရစ္စတယ္ပဲေလ့စ္ပြဲကို ဂ်ီဆိုးတစ္ေယာက္ၾကည့္ရႈအားေပးခဲ့တာျဖစ္ၿပီး၊ အဲဒီပြဲမွာ ဆြန္ေဟာင္မင္တစ္ေယာက္ ဂ်ီဆုိး အားေပးရ က်ဳိးနပ္ေအာင္ ပြဲခ်ိန္ 10 မိနစ္နဲ႔ 23 မိနစ္ေတြမွာ ဂိုးေတြသြင္းယူႏိုင္ခဲ့ပါတယ္။

Photo internet

24 ႏွစ္အရြယ္အလန္းဇယားမေလး ဂ်ီဆုိးဟာ လန္ဒန္ဖက္ရွင္ရက္သတၱပတ္အျဖစ္ ဘာဘယ္ရီအမွတ္တံဆိပ္ ကက်င္းပတဲ့ပြဲကိုတက္ေရာက္ရင္း ေတာင္ကိုရီးယားရဲ႕အုိပါးတစ္ေယာက္ျဖစ္တဲ့ ဆြန္ေဟာင္မင္ပြဲကို တက္ေရာက္အားေပး ခဲ့တာျဖစ္ပါတယ္။ ဂ်ီဆိုးဟာ သူမရဲ႕အင္စတာဂရမ္မွာ ေဘာလုံးပြဲသြားၾကည့္တဲ့ပုံေတြတင္ထားပါတယ္။

Photo internet

အာရွရဲ႕ဘက္ခမ္းအျဖစ္ေက်ာ္ၾကားတဲ့ ဆြန္ေဟာင္မင္ဟာလည္း ေခသူတစ္ေယာက္ေတာ့မဟုတ္ပါဘူး။ 27 ႏွစ္အရြယ္ အိုပါးႀကီးဟာဒီႏွစ္ထဲမွာတင္ ဆယ္လီစတားေတြျဖစ္တဲ့ Bang Min-ah နဲ့ Yoo So-young တို႔နဲ႔ဒိတ္လုပ္ခဲ့တယ္လို႔ သတင္းေတြထြက္ေပၚခဲ့ပါတယ္။ ဒါေပမယ့္လည္း အခုအခါမွာေတာ့ ဆြန္က အခ်စ္နဲ႔စိန္ေျပးတမ္းေဆာ့တာကိုရပ္ထားဖုိ႔ အေဖနဲ႔သေဘာတူထားတယ္လုိ႔ အင္တာဗ်ဴးတစ္ခုမွာေျပာထားပါတယ္။

Photo internet

ဂ်ီဆိုးဟာ စပါးအသင္းရဲ႕အမွတ္တရပစၥည္းအေရာင္းဆိုင္မွာ ဆြန္ေဟာင္မင္နာမည္နဲ႔ နံပါတ္၇ ဂ်ာစီကိုလည္း ၀ယ္ခဲ့ပါေသးတယ္။ “အဂၤလန္မွာမြန္းလဲြ3နာရီေဘာလုံးကန္ရင္ ကိုရီးယားမွာ ညသန္းေခါင္ပါ။ကၽြန္ေတာ္တို႔ခ်န္ပီယံလိဂ္ ည8 နာရီကစားရင္ ကိုရီးယားမွာက မနက္အေစာႀကီး 5နာရီေလာက္ပါ။ အဲလုိအခ်ိန္ေတြမွာေတာင္ ပရိသတ္ေတြက တီဗီကေနအားေပးၾကပါတယ္။ အဲလုိအားေပးတာေတြအတြက္ ေပးဆပ္ရမယ့္တာ၀န္ေတြကၽြန္ေတာ္မွာ ရိွပါတယ္”လို႔ဆြန္က ေျပာခဲ့ဖူးပါတယ္။ လန္ဒန္မွာ ဆြန္နဲ႔ဂ်ီဆိုးတို႔ ေတြ႕ဆုံခဲ့ၾကေသးလားဆိုတဲ့အေျဖကေတာ့ Kဖန္ေတြအတြက္ ကလိကလိျဖစ္စရာပါ။

Photo internet

(Unicode Version)

အာရှရဲ့ဘက်ခမ်းစုံတွဲဖြစ်လာနိုင်တယ်လို့ စနောက်ပြောနေကြတဲ့ Blackpink က ဂျီဆိုး နဲ့ စပါးအသင်းက ဆွန်ဟောင်မင်

အနုပညာရေစီးလှိုင်းထဲမှာ ကိုရီးယားရေစီးဟာ ကမ္ဘာနဲ့အဝှမ်းကို ရိုက်ခတ်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့် လူသိများ ကျော်ကြားတဲ့အနုပညာရှင်များဟာ အချစ်ရေး၊လူမှုရေးတွေနဲ့ပတ်သက်ပြီးတတ်နိုင်သမျှသိုသို သပ်သပ်နေကြရပါတယ်။ အနုပညာလောကမှာ Blackpink က ဂျီဆိုးဟာလူသိများသလို၊ ဘောလုံးလောကမှာလည်း စပါးအသင်းက ဆွန်ဟောင်မင်ဟာ ကိုရီးယားသူလေးတွေရဲ့ အသည်းစွဲဘောလုံးသမားဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေက ဂျီဆိုးတစ်ယောက် လူပျိုကြီးဆွန်ဟောင်မင်ရဲ့ပွဲကိုသွားရောက်အားပေးခဲ့တာကြောင့် အတော်များများက သူတို့နှစ်ယောက်ကို စနောက်ပြောဆိုနေကြပါတယ်။ နှစ်ယောက်လုံးဟာ နယ်ပယ်အသီးသီးမှာကျော်ကြားတဲ့သူတွေဖြစ်တာကြောင့် လူတွေက ဒေးဗစ်ဘက်ခမ်းတို့စုံတွဲ လိုဖြစ်နိုင်ကြောင်း စနောက်နေကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က စပါးနဲ့ခရစ်စတယ်ပဲလေ့စ်ပွဲကို ဂျီဆိုးတစ်ယောက်ကြည့်ရှုအားပေးခဲ့တာဖြစ်ပြီး၊အဲဒီပွဲမှာ ဆွန်ဟောင်မင်တစ်ယောက် ဂျီဆိုး အားပေးရ ကျိုးနပ်အောင် ပွဲချိန် 10 မိနစ်နဲ့ 23 မိနစ်တွေမှာ ဂိုးတွေသွင်းယူနိုင်ခဲ့ပါတယ်။

24 နှစ်အရွယ်အလန်းဇယားမလေး ဂျီဆိုးဟာ လန်ဒန်ဖက်ရှင်ရက်သတ္တပတ်အဖြစ် ဘာဘယ်ရီအမှတ်တံဆိပ် ကကျင်းပတဲ့ပွဲကိုတက်ရောက်ရင်း တောင်ကိုရီးယားရဲ့အိုပါးတစ်ယောက်ဖြစ်တဲ့ ဆွန်ဟောင်မင်ပွဲကို တက်ရောက်အားပေးခဲ့တာဖြစ်ပါတယ်။ ဂျီဆိုးဟာ သူမရဲ့အင်စတာဂရမ်မှာ ဘောလုံးပွဲသွားကြည့်တဲ့ပုံတွေတင်ထားပါတယ်။

အာရှရဲ့ဘက်ခမ်းအဖြစ်ကျော်ကြားတဲ့ ဆွန်ဟောင်မင်ဟာလည်း ခေသူတစ်ယောက်တော့မဟုတ်ပါဘူး။ 27 နှစ်အရွယ် အိုပါးကြီးဟာဒီနှစ်ထဲမှာတင် ဆယ်လီစတားတွေဖြစ်တဲ့ Bang Min-ah နဲ့ Yoo So-young တို့နဲ့ဒိတ်လုပ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုအခါမှာတော့ ဆွန်က အချစ်နဲ့စိန်ပြေးတမ်းဆော့တာကိုရပ်ထားဖို့ အဖေနဲ့သဘောတူထားတယ်လို့ အင်တာဗျူးတစ်ခုမှာပြောထားပါတယ်။
ဂျီဆိုးဟာ စပါးအသင်းရဲ့အမှတ်တရပစ္စည်းအရောင်းဆိုင်မှာ ဆွန်ဟောင်မင်နာမည်နဲ့ နံပါတ်၇ ဂျာစီကိုလည်းဝယ်ခဲ့ပါသေးတယ်။ “အင်္ဂလန်မှာမွန်းလွဲ3နာရီဘောလုံးကန်ရင် ကိုရီးယားမှာ ညသန်းခေါင်ပါ။ကျွန်တော်တို့ချန်ပီယံလိဂ် ည8 နာရီကစားရင် ကိုရီးယားမှာက မနက်အစောကြီး 5နာရီလောက်ပါ။ အဲလိုအချိန်တွေမှာတောင် ပရိသတ်တွေက တီဗီကနေအားပေးကြပါတယ်။ အဲလိုအားပေးတာတွေအတွက် ပေးဆပ်ရမယ့်တာဝန်တွေကျွန်တော်မှာရှိပါတယ်”လို့ဆွန်က ပြောခဲ့ဖူးပါတယ်။ လန်ဒန်မှာ ဆွန်နဲ့ဂျီဆိုးတို့ တွေ့ဆုံခဲ့ကြသေးလားဆိုတဲ့အဖြေကတော့ Kဖန်တွေအတွက် ကလိကလိဖြစ်စရာပါ။