သူေအာင္ျမင္ေက်ာ္ၾကားတာကို ဖခင္မျမင္ေတြ႕သြားခဲ့ရတဲ့အေပၚ ၀မ္းနည္းငိုေၾကြးခဲ့တဲ့ စီေရာ္နယ္ဒို

0
1051

Photo internet

ေအာင္ျမင္ေက်ာ္ၾကားမႈေတြျပည့္ႏွက္ေနတဲ့စီေရာ္နယ္ဒိုမွာ ၀မ္းနည္းေၾကြကြဲဖြယ္ကိစၥလည္းရိွပါတယ္။ သူ႕အတြက္ အေဖဆိုတာဟာအခုအခ်ိန္မွာဘယ္လုိမွအစားထိုးလို႔မရတဲ့ပုဂိၢဳလ္တစ္ေယာက္ျဖစ္ခဲ့ပါၿပီ။ ငယ္ရြယ္တဲ့အခ်ိန္ သာမန္ဘ၀မွာတုန္းက မိစုံဘစုံရိွခဲ့ေပမယ့္ လူသိမ်ားေအာင္ျမင္ေက်ာ္ၾကားတဲ့အခ်ိန္မွာေတာ့ ဖခင္ဟာ လူ႔ေလာကႀကီးကိုႏႈတ္ဆက္ထြက္ခြာသြားခဲ့ပါၿပီ။ စီေရာ္နယ္ဒိုတစ္ေယာက္ဖခင္ကို ေက်းဇူးေတြေကာင္းေကာင္း မဆပ္လိုက္ရသလိုျဖစ္သြားပါတယ္။

Photo internet

သူ႕အတြက္အေဖဆိုတာဟာ သတိရတိုင္း၊ျပန္လည္တမ္းတတိုင္း ၀မ္းနည္းေနရမွာပါ။ၿပီးခဲ့တဲ့အင္တာဗ်ဴး တစ္ခုမွာလည္း အေဖနဲ႔ပတ္သက္ၿပီးေျပာၾကားရင္း စီေရာ္နယ္ဒိုတစ္ေယာက္ ၀မ္းနည္းမ်က္ရည္က်ခဲ့ရ ပါေသးတယ္။ စီေရာ္နယ္ဒိုရဲ႕အေဖဟာ အသက္52အရြယ္ 2005 ခုႏွစ္မွာ သူ႔ကိုထားသြားခဲ့တာျဖစ္ပါတယ္။ “ကၽြန္ေတာ့္အေဖနဲ႔ပတ္သက္ၿပီး 100 ရာခုိင္ႏႈန္း မသိခဲ့ပါဘူး။ သူကအရက္ေတြပဲေသာက္ေနခဲ့တာပါ။ ကၽြန္ေတာ့္အေနနဲ႔အေဖ့ကို သာမန္လိုမ်ဳိးစကားေျပာဖို႔ေတာင္ခက္ခဲ့ပါတယ္”လို႔ စီေရာ္နယ္ဒိုက မ်က္ရည္စေတြနဲ႔ေျဖၾကားခဲ့ပါတယ္။

Photo internet

အဲဒီအင္တာဗ်ဴးမွာ စီေရာ္နယ္ဒိုဟာ သူ႕အေဖရဲ႕ဗီဒီယုိဖိုင္ကိုျမင္ေတြ႕ခဲ့ရပါတယ္။အဲဒီဖုိင္ဟာ 2004 ခုႏွစ္က ရိုက္ထားတာျဖစ္ၿပီး၊ အေဖျဖစ္သူက သူ႔ရဲ႕အေၾကာင္းေတြကို ဂုဏ္ယူစြာနဲ႔ေျပာေနခဲ့တာျဖစ္ပါတယ္။ “ကၽြန္ေတာ္နံပါတ္တစ္ျဖစ္တဲ့အခ်ိန္ကို အေဖမျမင္ေတြ႕သြားခဲ့့ရပါဘူး။ ကၽြန္ေတာ္ဆုေတြရယူႏိုင္တာကိုလည္း မေတြ႕သြားခဲ့ရပါဘူး။ ေအာင္ျမင္ေက်ာ္ၾကားေနတဲ့အခ်ိန္မွာ အေဖမရိွေတာ့ပါဘူး”လို႔ ဒိုေလးက ၀မ္းနည္းစြာနဲ႔ေျပာပါတယ္။

Photo internet

အသက္ 25 ႏွစ္အရြယ္အတူေနမိန္းကေလးနဲ႔ပတ္သက္လို႔ေတာ့ “သူမကကၽြန္ေတာ္ကို အမ်ားႀကီးအကူအညီေပး ပါတယ္။ ကၽြန္ေတာ္သူ႔ကိုသိပ္ခ်စ္ပါတယ္။ သူမဟာကေလးေတြရဲ႕အေမပါ။ သူဟာခ်စ္သူရည္းစားလည္းျဖစ္သလို၊ သူငယ္ခ်င္းတစ္ေယာက္လုိပါပဲ။ ကၽြန္ေတာ္တို႔ႏွစ္ေယာက္ ႏွလုံးသားခ်င္းရင္းႏွီးၾကၿပီး၊ ပြင့္ပြင့္လင္းလင္းေနထိုင္ၾကပါ တယ္”လို႔စီေရာ္နယ္ဒိုကေျပာပါတယ္။ စီေရာ္နယ္ဒိုဟာ 2013 BALLON D’OR ဆုရယူခဲ့တုန္းကလည္း ၀မ္းသာေပ်ာ္ရႊင္ၿပီးငိုခဲ့ပါေသးတယ္။

Photo internet

(Unicode Version)

သူအောင်မြင်ကျော်ကြားတာကို ဖခင်မမြင်တွေ့သွားခဲ့ရတဲ့အပေါ် ဝမ်းနည်းငိုကြွေးခဲ့တဲ့ စီရော်နယ်ဒို

အောင်မြင်ကျော်ကြားမှုတွေပြည့်နှက်နေတဲ့စီရော်နယ်ဒိုမှာ ဝမ်းနည်းကြွေကွဲဖွယ်ကိစ္စလည်းရှိပါတယ်။ သူ့အတွက် အဖေဆိုတာဟာအခုအချိန်မှာဘယ်လိုမှအစားထိုးလို့မရတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ခဲ့ပါပြီ။ ငယ်ရွယ်တဲ့အချိန် သာမန်ဘဝမှာတုန်းက မိစုံဘစုံရှိခဲ့ပေမယ့် လူသိများအောင်မြင်ကျော်ကြားတဲ့အချိန်မှာတော့ ဖခင်ဟာ လူ့လောကကြီးကိုနှုတ်ဆက်ထွက်ခွာသွားခဲ့ပါပြီ။ စီရော်နယ်ဒိုတစ်ယောက်ဖခင်ကို ကျေးဇူးတွေကောင်းကောင်းမဆပ်လိုက်ရသလိုဖြစ်သွားပါတယ်။

သူ့အတွက်အဖေဆိုတာဟာ သတိရတိုင်း၊ပြန်လည်တမ်းတတိုင်း ဝမ်းနည်းနေရမှာပါ။ပြီးခဲ့တဲ့အင်တာဗျူး တစ်ခုမှာလည်း အဖေနဲ့ပတ်သက်ပြီးပြောကြားရင်း စီရော်နယ်ဒိုတစ်ယောက် ဝမ်းနည်းမျက်ရည်ကျခဲ့ရ ပါသေးတယ်။ စီရော်နယ်ဒိုရဲ့အဖေဟာ အသက်52အရွယ် 2005 ခုနှစ်မှာ သူ့ကိုထားသွားခဲ့တာဖြစ်ပါတယ်။ “ကျွန်တော့်အဖေနဲ့ပတ်သက်ပြီး 100 ရာခိုင်နှုန်း မသိခဲ့ပါဘူး။ သူကအရက်တွေပဲသောက်နေခဲ့တာပါ။ ကျွန်တော့်အနေနဲ့အဖေ့ကို သာမန်လိုမျိုးစကားပြောဖို့တောင်ခက်ခဲ့ပါတယ်”လို့ စီရော်နယ်ဒိုက မျက်ရည်စတွေနဲ့ဖြေကြားခဲ့ပါတယ်။

အဲဒီအင်တာဗျူးမှာ စီရော်နယ်ဒိုဟာ သူ့အဖေရဲ့ဗီဒီယိုဖိုင်ကိုမြင်တွေ့ခဲ့ရပါတယ်။အဲဒီဖိုင်ဟာ 2004 ခုနှစ်က ရိုက်ထားတာဖြစ်ပြီး၊ အဖေဖြစ်သူက သူ့ရဲ့အကြောင်းတွေကို ဂုဏ်ယူစွာနဲ့ပြောနေခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်နံပါတ်တစ်ဖြစ်တဲ့အချိန်ကို အဖေမမြင်တွေ့သွားခဲ့ရပါဘူး။ ကျွန်တော်ဆုတွေရယူနိုင်တာကိုလည်း မတွေ့သွားခဲ့ရပါဘူး။ အောင်မြင်ကျော်ကြားနေတဲ့အချိန်မှာ အဖေမရှိတော့ပါဘူး”လို့ ဒိုလေးက ဝမ်းနည်းစွာနဲ့ပြောပါတယ်။

အသက် 25 နှစ်အရွယ်အတူနေမိန်းကလေးနဲ့ပတ်သက်လို့တော့ “သူမကကျွန်တော်ကို အများကြီးအကူအညီပေးပါတယ်။ ကျွန်တော်သူ့ကိုသိပ်ချစ်ပါတယ်။ သူမဟာကလေးတွေရဲ့အမေပါ။ သူဟာချစ်သူရည်းစားလည်းဖြစ်သလို၊သူငယ်ချင်းတစ်ယောက်လိုပါပဲ။ ကျွန်တော်တို့နှစ်ယောက် နှလုံးသားချင်းရင်းနှီးကြပြီး၊ ပွင့်ပွင့်လင်းလင်းနေထိုင်ကြပါတယ်”လို့စီရော်နယ်ဒိုကပြောပါတယ်။ စီရော်နယ်ဒိုဟာ 2013 BALLON D’OR ဆုရယူခဲ့တုန်းကလည်း ဝမ်းသာပျော်ရွှင်ပြီးငိုခဲ့ပါသေးတယ်။