0
494
Photo internet
Photo internet
Photo internet
Photo internet
Photo internet
(Unicode Version)
မန်ယူအတွက်တိုက်စစ်သမားတစ်ယောက်ခေါ်ဖို့စဉ်းစားနေတဲ့ ဆိုးလ်ရှား
မန်ယူကတော့ ဒီနှစ်ကအဖြစ်ကမနှစ်ကလိုဖြစ်နေပါတယ်။ ဒါကြောင့် အသင်းအတွက်ပြုပြင်ပြောင်းလဲဖို့တွေလုပ်ဖို့လိုအပ်နေသလို၊ ကစားသမားအသစ်လည်းထပ်ခေါ်ဖို့လိုနေပါတယ်။ ဘာကြောင့်လဲဆိုရင် လူကာကူနဲ့ ဆန်းချက်ဇ်တို့ကို အင်တာမီလန်အသင်းဆီ ရောင်းချ / အငှားတို့နဲ့ပြောင်းရွှေ့ခဲ့တာကြောင့် အသင်းမှာ မာရှယ် နဲ့ ရက်ရှ်ဖို့ဒ်တို့ လိုကစားသမားတွေသာရှိပါတော့တယ်။
ဒါကြောင့်နည်းပြဆိုးလ်ရှားက အသင်းအတွက် တိုက်စစ်မှူးတွေခေါ်ယူဖို့စဉ်းစားထားပြီး အခုလောလောဆယ်မှာတော့ စောင့်ကြည့်လေ့လာနေကာ လာမယ့် ဇန်နဝါရီလောက်မှာ ခေါ်ယူမှာဖြစ်ကြောင်းသိရပါတယ်။ ခေါ်ယူဖို့စောင့်ကြည့်လေ့လာနေတယ်ဆိုြ့ပီးသတင်းထွက်နေတာကတော့ လိုင်ယွန်တိုက်စစ်မှူးဒမ်ဘီလီ၊ ဂျူဗင်တပ်စ်တိုက်စစ်မှူး မန်ဇူကစ်၊ ဘီလ်ဘာအိုတိုက်စစ်မှူး ဝီလီယံတို့ဖြစ်ပါတယ်။
“ကျွန်တော်တို့ ဆန်းချက်နဲ့ လူကာကူကို လက်လွှတ်လိုက်ရပြီးနောက်မှာ အသင်းအတွက်အားဖြည့်မှုတွေပြန်မလုပ်ခဲ့ရပါဘူး။ ကျွန်တော်တို့ အရည်အသွေးရှိတဲ့ ကစားသမားတချို့ကို ရှာဖွေခဲ့ပြီး ကျွန်တော်တို့လိုချင်တဲ့ ကစားသမားကိုတော့ မရခဲ့ပါဘူး။ လောလောဆယ်ကစားသမားအသစ်အနေနဲ့ ဘယ်ကစားသမားကိုရမယ်လို့ အာမခံလို့တော့ မရပါဘူး”လို့နည်းပြ ဆိုးလ်ရှားကပြောပါတယ်။
“ကျွန်တော်တို့ ဂိုးတွေရဖို့တော့ လိုနေပါတယ်။ ခံစစ်အနေအထားကကောင်းလာပါပြီ။ တိုက်စစ်အတွက်ရုန်းကန်နေရပါတယ်။ အသင်းအတွက် ကစားပေးချင်တဲ့သူမျိုး၊ အသင်းမှာ ရေရှည်ကစားပေးမယ့်သူမျိုးကိုပဲ ကျွန်တော်တို့ ခေါ်ယူချင်ပါတယ်”လို့နည်းပြဆိုးလ်ရှားကဆိုပါတယ်။လက်ရှိမှာ ဒဏ်ရာရနေတဲ့ ကစားသမားတွေနဲ့ လူငယ်ကစားသမားတွေကိုအားထားနေရတဲ့မန်ယူအတွက် ဘယ်ကစားသမားအသစ်က ပါဝင်အားဖြည့်လာမလဲဆိုတာ စောင့်ကြည့်ရပါမယ်။