မန္ယူကလူေတြစိတ္ဆိုးေအာင္လုပ္ျပေနတဲ့ အင္တာမီလန္ေရာက္ လူကာကူ

0
520

Photo 90min

လူကာကူဟာ မန္ယူမွာရိွစဥ္တုန္းကေတာ့ အသင္းအတြက္ အားရစရာရလဒ္ေတြထြက္ေအာင္ မကစားႏိုင္ခဲ့ပါ ဘူး။ ဒါေၾကာင့္လည္း ပရိသတ္ေတြရဲ႕ေ၀ဖန္သံေတြထြက္ခဲ့ရသလို၊အသင္းကလည္း ေရာင္းခ်လိုစိတ္ေတြ ျဖစ္ေပၚခဲ့တာျဖစ္ပါတယ္။ အခုႏွစ္အေျပာင္းအေရႊ႕ရာသီမွာ သူ႔ကိုမန္ယူဟာ ေျပာင္းေရႊ႕ေၾကးေပါင္ 74 သန္းနဲ႔ အင္တာမီလန္ ကိုေရာင္းခ် ခဲ့ပါတယ္။ အခုအခါအသင္းေျပာင္းသြားၿပီျဖစ္တဲ့ လူကာကူဟာ မန္ယူကလူေတြ စိတ္ဆိုးစရာျဖစ္ေအာင္ တစ္ခုၿပီးတစ္ခုလုပ္ျပေနသလုိျဖစ္ေနပါတယ္။

Photo Daily star

မန္ယူရဲ႕ဖက္တီးကစားသမားလို႔ေျပာစရာျဖစ္ခဲ့တဲ့ လူကာကူဟာ မန္ယူမွာရိွစဥ္တုန္းကေတာ့ ၀ိတ္ခ်တာေတြကို ထိေရာက္ေအာင္လုပ္ေဆာင္ခဲ့တာမရိွပါဘူး။ ဒါေပမယ့္ အင္တာမီလန္ကိုေရာက္သြားခ်ိန္မွာေတာ့ ဟင္းသီးဟင္းရြက္ေတြ စားၿပီး ေဘာ္ဒီ၀ိတ္ကို ေပါင္ 20 နီးပါးေတာင္ခ်ျပခဲ့ပါတယ္။ Selfie ဓာတ္ပုံရိုက္ၿပီး ၾကြားလုံးေတြလည္း ထုတ္ခဲ့ပါေသးတယ္။ မန္ယူပရိသတ္ေတြကေတာ့ မန္ယူမွာရိွစဥ္တုန္းက ၀ိတ္မခ်ခဲ့တဲ့ အေပၚ ေ၀ဖန္ေျပာဆုိေနၾက ပါတယ္။

Photo Internet

အခုအခါ ရာသီသစ္ပြဲေတြကစားတဲ့အခါမွာလည္း အင္တာမီလန္အတြက္ ဂိုးေတြရေအာင္ လုပ္ျပႏိုင္ေနပါတယ္။ စီးရီးေအ 2 ပြဲကစားၿပီး 2 ဂိုးသြင္းထားႏိုင္ခဲ့ပါတယ္။ ပင္နယ္တီဂိုး၀င္ေအာင္လည္း သြင္းႏိုင္ခဲ့ပါတယ္။ သူဟာ လက္ခ်ီနဲ႔ ကက္ဂလီယာရီပြဲမွာ ဂိုးသြင္းခဲ့တာပါ။ ဒါေၾကာင့္ အခုႏွစ္ရာသီအတြက္ ဘယ္ႏွဂိုးသြင္းၿပီး စံခ်ိန္မွတ္တမ္းယူမလဲ ဆုိတာေစာင့္ၾကည့္ရပါမယ္။ မန္ယူက ထြက္ၿပီးခ်ိန္မွာလည္း မန္ယူရဲ႕အခ်ဳိ႕ မေကာင္းေၾကာင္းေတြကို လူကာကူေျပာခဲ့ ပါေသးတယ္။

Photo Internet

ဒါေပမယ့္ လူကာကူအတြက္ ထိခိုက္စရာအေၾကာင္းတစ္ခုေတာ့ရိွပါတယ္။ ဒါကေတာ့ အသားအေရာင္ခြဲျခား ဆက္ဆံခံရတာျဖစ္ပါတယ္။ ဒီႏွစ္ေဘာလုံးရာသီမွာ အသားအေရာင္ခြဲျခားခံရတဲ့ ကိစၥေတြအျဖစ္မ်ားေနပါတယ္။ အဲဒီထဲမွာ လူကာကူလည္း အပါအ၀င္ျဖစ္သြားပါတယ္။ သူ႔ကိုေမ်ာက္ေအာ္သံေတြနဲ႔ ေလွာင္ေျပာင္ သေရာ္ၾကတာျဖစ္ပါတယ္။ လူကာကူတစ္ေယာက္ မန္ယူႏွေမ်ာေနရမယ့္ ကစားသမားအျဖစ္ ေျခစြမ္းဆက္လက္ ျပသေနမွာလားဆုိတာ ေစာင့္ၾကည့္ရပါမယ္။

Photo Internet

(Unicode Version)

မန်ယူကလူတွေစိတ်ဆိုးအောင်လုပ်ပြနေတဲ့ အင်တာမီလန်ရောက် လူကာကူ

လူကာကူဟာ မန်ယူမှာရှိစဉ်တုန်းကတော့ အသင်းအတွက် အားရစရာရလဒ်တွေထွက်အောင် မကစားနိုင်ခဲ့ပါ ဘူး။ ဒါကြောင့်လည်း ပရိသတ်တွေရဲ့ဝေဖန်သံတွေထွက်ခဲ့ရသလို၊အသင်းကလည်း ရောင်းချလိုစိတ်တွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ အခုနှစ်အပြောင်းအရွှေ့ရာသီမှာ သူ့ကိုမန်ယူဟာ ပြောင်းရွှေ့ကြေးပေါင် 74 သန်းနဲ့ အင်တာမီလန် ကိုရောင်းချ ခဲ့ပါတယ်။ အခုအခါအသင်းပြောင်းသွားပြီဖြစ်တဲ့ လူကာကူဟာ မန်ယူကလူတွေ စိတ်ဆိုးစရာဖြစ်အောင် တစ်ခုပြီးတစ်ခုလုပ်ပြနေသလိုဖြစ်နေပါတယ်။

မန်ယူရဲ့ဖက်တီးကစားသမားလို့ပြောစရာဖြစ်ခဲ့တဲ့ လူကာကူဟာ မန်ယူမှာရှိစဉ်တုန်းကတော့ ဝိတ်ချတာတွေကို ထိရောက်အောင်လုပ်ဆောင်ခဲ့တာမရှိပါဘူး။ ဒါပေမယ့် အင်တာမီလန်ကိုရောက်သွားချိန်မှာတော့ ဟင်းသီးဟင်းရွက်တွေ စားပြီး ဘော်ဒီဝိတ်ကို ပေါင် 20 နီးပါးတောင်ချပြခဲ့ပါတယ်။ Selfie ဓာတ်ပုံရိုက်ပြီး ကြွားလုံးတွေလည်း ထုတ်ခဲ့ပါသေးတယ်။ မန်ယူပရိသတ်တွေကတော့ မန်ယူမှာရှိစဉ်တုန်းက ဝိတ်မချခဲ့တဲ့ အပေါ် ဝေဖန်ပြောဆိုနေကြပါတယ်။

အခုအခါ ရာသီသစ်ပွဲတွေကစားတဲ့အခါမှာလည်း အင်တာမီလန်အတွက် ဂိုးတွေရအောင် လုပ်ပြနိုင်နေပါတယ်။ စီးရီးအေ 2 ပွဲကစားပြီး 2 ဂိုးသွင်းထားနိုင်ခဲ့ပါတယ်။ ပင်နယ်တီဂိုးဝင်အောင်လည်း သွင်းနိုင်ခဲ့ပါတယ်။ သူဟာ လက်ချီနဲ့ ကက်ဂလီယာရီပွဲမှာ ဂိုးသွင်းခဲ့တာပါ။ ဒါကြောင့် အခုနှစ်ရာသီအတွက် ဘယ်နှဂိုးသွင်းပြီး စံချိန်မှတ်တမ်းယူမလဲဆိုတာစောင့်ကြည့်ရပါမယ်။ မန်ယူက ထွက်ပြီးချိန်မှာလည်း မန်ယူရဲ့အချို့ မကောင်းကြောင်းတွေကို လူကာကူပြောခဲ့ပါသေးတယ်။

ဒါပေမယ့် လူကာကူအတွက် ထိခိုက်စရာအကြောင်းတစ်ခုတော့ရှိပါတယ်။ ဒါကတော့ အသားအရောင်ခွဲခြား ဆက်ဆံခံရတာဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာ အသားအရောင်ခွဲခြားခံရတဲ့ ကိစ္စတွေအဖြစ်များနေပါတယ်။ အဲဒီထဲမှာ လူကာကူလည်း အပါအဝင်ဖြစ်သွားပါတယ်။ သူ့ကိုမျောက်အော်သံတွေနဲ့ လှောင်ပြောင် သရော်ကြတာဖြစ်ပါတယ်။ လူကာကူတစ်ယောက် မန်ယူနှမျောနေရမယ့် ကစားသမားအဖြစ် ခြေစွမ်းဆက်လက် ပြသနေမှာလားဆိုတာ စောင့်ကြည့်ရပါမယ်။