မက္ဆီေျပာလာတဲ့ အသင္းေျပာင္းတဲ့ကိစၥ၊ စီေရာ္နယ္ဒိုနဲ႔ညစာစားဖို႔အေျဖနဲ႔ ၊ေနမာရဲ႕အေျခအေနမ်ား

0
457

Photo internet

မက္ဆီနဲ႔ SPORT တို႔အင္တာဗ်ဴးထားတာေတြထဲကမွ အခ်ဳိ႕အေၾကာင္းအရာေတြကို ထုတ္ႏႈတ္ေဖာ္ျပေပး လိုက္ပါတယ္။ ဒဏ္ရာအေျခအေနနဲ႔ပတ္သက္လို႔ေတာ့ “ကၽြန္ေတာ္အခုအေျခအေနေကာင္းပါတယ္။ ေလ့က်င့္ခန္းဆင္းတဲ့ ပထမဆုံးေန႔မွျဖစ္သြားတာျဖစ္တဲ့အတြက္ ေတာ္ေတာ္ေတာ့ဆုိးပါတယ္။ လတစ္၀က္ေလာက္ေတာ့နားလုိက္ရတယ္။ အခုေတာ့ေကာင္းေနပါၿပီ။ ကၽြန္ေတာ္အျပည့္အ၀ေကာင္းမြန္တဲ့ အခါ အေကာင္းဆုံးျပန္ကစားပါမယ္”လို႔ မက္ဆီကေျပာပါတယ္။

Photo internet

ေနမာအေရးနဲ႔ပတ္သက္လုိ႔ေတာ့ “ေနမာကိုျပန္လာေစခ်င္ပါတယ္။ေနမာဟာ အေကာင္းဆုံး ေဘာလုံးသမားေတြ ထဲကတစ္ေယာက္လုိ႔ ကၽြန္ေတာ္ျမင္ပါတယ္။ ဒါေပမယ့္ ေနမာျပန္မလာႏိုင္တဲ့အတြက္ ကၽြန္ေတာ္တို႔အေကာင္းဆုံး နဲ႔ေရွ႕ဆက္သြားရပါမယ္။ဘာစီလုိနာအေနနဲ႔ေနမာအေရးနဲ႔ပတ္သက္ၿပီး ေရွ႕ဆက္ညိွႏိႈင္းလို႔ရ၊မရဆိုတာက ကၽြန္ေတာ္အမွန္အတိုင္းေျပာရမယ္ဆိုရင္မသိပါဘူး။ကၽြန္ေတာ့္ အေနနဲ႔အခ်က္အလက္ပိုင္းနဲ႔ပတ္သက္ၿပီးမသိလုိ႔ပါ ”လို႔ မက္ဆီကဆိုပါတယ္။

Photo espn

ဘာစီလုိနာကေနေျပာင္း၊မေျပာင္းနဲ႔ပတ္သက္လို႔ကေတာ့ “စာခ်ဳပ္နဲ႔ပတ္သက္တဲ့အေၾကာင္းအရာေတြကို ကၽြန္ေတာ္အတည္ျပဳမေျပာဆိုခ်င္ပါဘူး။ ကၽြန္ေတာ္ျဖစ္ႏိုင္ရင္ဘာစီလုိနာမွာပဲေနခ်င္ပါတယ္။ ဘာစီလိုနာဟာ ကၽြန္ေတာ္ဘ၀ရဲ႕အစျဖစ္သလုိ၊ ကိုယ့္ရဲ႕အိမ္လိုလည္းျဖစ္ေနလို႔ပါ။ ဒါေပမယ့္ကၽြန္ေတာ္ႏွစ္ရွည္ စာခ်ဳပ္ႀကီးေတာ့ မခ်ဳပ္ခ်င္ပါဘူး။ ဒါေၾကာင့္ ကၽြန္ေတာ္ဒီမွာဆက္ရိွေနတာပါ။ ကၽြန္ေတာ္ဒီမွာေနရတာ စိတ္ခ်မ္းသာတယ္။ ပိုက္ဆံဆိုတာ ကၽြန္ေတာ့္အတြက္အေရးမႀကီးပါဘူး။ ေအာင္ျမင္တဲ့အသင္းတစ္သင္းျဖစ္ဖို႔ သာ အေရးႀကီးတာပါ”လို႔ သူကေျပာပါတယ္။

Photo internet

စီေရာ္နယ္ဒိုနဲ႔ညစာအတူတူစားဖို႔အတြက္ကိုေတာ့ “သူနဲ႔အတူတူညစာစားဖို႔အဆင္ေျပပါတယ္။ ကၽြန္ေတာ္နဲ႔ သူဘာျပႆနာမွမရိွပါဘူး။ အ၀တ္လဲခန္းတစ္ခုကိုအတူတူမသုံးရတဲ့အတြက္ သူငယ္ခ်င္းေတြေတာ့ မျဖစ္ႏိုင္ဘူးေပါ့။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ဆုေပးပြဲအခမ္းအနားေတြမွာအၿမဲေတြ႕ေနတာပါပဲ။ဘာျပႆနာမွ မရိွပါဘူး။ ကၽြန္ေတာ္ တို႔ၿပီးခဲ့တဲ့ဆုေပးပြဲတုန္းကေတာင္ အခ်ိန္ၾကာၾကာစကားေျပာျဖစ္ပါေသးတယ္။  ညစာ အတူ စားျဖစ္မလား ဆုိတာ ကၽြန္ေတာ္လည္း ေသခ်ာေပါက္ မေျပာနုိင္ပါဘူး ။ ဘာျဖစ္လို႔လဲ ဆုိေတာ့ အနာဂတ္အေျခအေနေတြက အေျပာင္းအလဲျဖစ္ႏိုင္လို႔ပါ။ ဘာေၾကာင့္လဲဆိုရင္ ကၽြန္ေတာ္ တို႔ႏွစ္ေယာက္စလုံးမွာ ကိုယ္ပိုင္ဘ၀ေတြ၊ ကိုယ္တိုင္ျဖစ္ခ်င္တဲ့အရာေတြရိွလို႔ပါ။ ညစာစားဖို႔ဖိတ္ေခၚခဲ့ရင္ေတာ့ ကၽြန္ေတာ္လက္ခံမွာပါ”လို႔ မက္ဆီကေျပာပါတယ္။

Photo internet

(Unicode Version)

မက်ဆီပြောလာတဲ့ အသင်းပြောင်းတဲ့ကိစ္စ၊ စီရော်နယ်ဒိုနဲ့ညစာစားဖို့အဖြေနဲ့ ၊နေမာရဲ့အခြေအနေများ

မက်ဆီနဲ့ SPORT တို့အင်တာဗျူးထားတာတွေထဲကမှ အချို့အကြောင်းအရာတွေကို ထုတ်နှုတ်ဖော်ပြပေး လိုက်ပါတယ်။ ဒဏ်ရာအခြေအနေနဲ့ပတ်သက်လို့တော့ “ကျွန်တော်အခုအခြေအနေကောင်းပါတယ်။ လေ့ကျင့်ခန်းဆင်းတဲ့ ပထမဆုံးနေ့မှဖြစ်သွားတာဖြစ်တဲ့အတွက် တော်တော်တော့ဆိုးပါတယ်။ လတစ်ဝက်လောက်တော့နားလိုက်ရတယ်။ အခုတော့ကောင်းနေပါပြီ။ ကျွန်တော်အပြည့်အဝကောင်းမွန်တဲ့ အခါ အကောင်းဆုံးပြန်ကစားပါမယ်”လို့ မက်ဆီကပြောပါတယ်။

နေမာအရေးနဲ့ပတ်သက်လို့တော့ “နေမာကိုပြန်လာစေချင်ပါတယ်။နေမာဟာ အကောင်းဆုံး ဘောလုံးသမားတွေထဲကတစ်ယောက်လို့ ကျွန်တော်မြင်ပါတယ်။ ဒါပေမယ့် နေမာပြန်မလာနိုင်တဲ့အတွက် ကျွန်တော်တို့အကောင်းဆုံးနဲ့ရှေ့ဆက်သွားရပါမယ်။ဘာစီလိုနာအနေနဲ့နေမာအရေးနဲ့ပတ်သက်ပြီး ရှေ့ဆက်ညှိနှိုင်းလို့ရ၊မရဆိုတာက ကျွန်တော်အမှန်အတိုင်းပြောရမယ်ဆိုရင်မသိပါဘူး။ကျွန်တော့် အနေနဲ့အချက်အလက်ပိုင်းနဲ့ပတ်သက်ပြီးမသိလို့ပါ ”လို့ မက်ဆီကဆိုပါတယ်။

ဘာစီလိုနာကနေပြောင်း၊မပြောင်းနဲ့ပတ်သက်လို့ကတော့ “စာချုပ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို ကျွန်တော်အတည်ပြုမပြောဆိုချင်ပါဘူး။ ကျွန်တော်ဖြစ်နိုင်ရင်ဘာစီလိုနာမှာပဲနေချင်ပါတယ်။ ဘာစီလိုနာဟာကျွန်တော်ဘဝရဲ့အစဖြစ်သလို၊ ကိုယ့်ရဲ့အိမ်လိုလည်းဖြစ်နေလို့ပါ။ ဒါပေမယ့်ကျွန်တော်နှစ်ရှည် စာချုပ်ကြီးတော့မချုပ်ချင်ပါဘူး။ ဒါကြောင့် ကျွန်တော်ဒီမှာဆက်ရှိနေတာပါ။ ကျွန်တော်ဒီမှာနေရတာ စိတ်ချမ်းသာတယ်။ ပိုက်ဆံဆိုတာကျွန်တော့်အတွက်အရေးမကြီးပါဘူး။ အောင်မြင်တဲ့အသင်းတစ်သင်းဖြစ်ဖို့ သာ အရေးကြီးတာပါ”လို့ သူကပြောပါတယ်။

စီရော်နယ်ဒိုနဲ့ညစာအတူတူစားဖို့အတွက်ကိုတော့ “သူနဲ့အတူတူညစာစားဖို့အဆင်ပြေပါတယ်။ ကျွန်တော်နဲ့သူဘာပြဿနာမှမရှိပါဘူး။ အဝတ်လဲခန်းတစ်ခုကိုအတူတူမသုံးရတဲ့အတွက် သူငယ်ချင်းတွေတော့ မဖြစ်နိုင်ဘူးပေါ့။ ဒါပေမယ့် ကျွန်တော်တို့ဆုပေးပွဲအခမ်းအနားတွေမှာအမြဲတွေ့နေတာပါပဲ။ဘာပြဿနာမှ မရှိပါဘူး။ ကျွန်တော်တို့ပြီးခဲ့တဲ့ဆုပေးပွဲတုန်းကတောင် အချိန်ကြာကြာစကားပြောဖြစ်ပါသေးတယ်။ ညစာ အတူ စားဖြစ်မလား ဆိုတာ ကျွန်တော်လည်း သေချာပေါက် မပြောနိုင်ပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ အနာဂတ်အခြေအနေတွေက အပြောင်းအလဲဖြစ်နိုင်လို့ပါ။ ဘာကြောင့်လဲဆိုရင် ကျွန်တော် တို့နှစ်ယောက်စလုံးမှာ ကိုယ်ပိုင်ဘဝတွေ၊ ကိုယ်တိုင်ဖြစ်ချင်တဲ့အရာတွေရှိလို့ပါ။ ညစာစားဖို့ဖိတ်ခေါ်ခဲ့ရင်တော့ ကျွန်တော်လက်ခံမှာပါ”လို့ မက်ဆီကပြောပါတယ်။