မက္ဆီအသင္းေျပာင္းမယ့္ကိစၥနဲ႔ ပတ္သက္ၿပီး မစိုးရိမ္ဘူးလို႔ ပီေကးေျပာဆို

0
164

Photo daily express

အသင္းေျပာင္းေရႊ႕ေရးကိစၥအတြက္ နာမည္ႀကီးလာတဲ့ ကစားသမားကေတာ့ မက္ဆီပါ။ သူကတျခားသူေတြလုိ ဘယ္အသင္းကေခၚမွ၊ ခုေရာက္ေနတဲ့အသင္းက သေဘာတူမွ စတဲ့အခ်က္ေတြမရိွဘဲ အလြတ္ေျပာင္းေရႊ႕ႏိုင္ ခြင့္ရိွတယ္ဆုိၿပီး သတင္းထြက္ေနတာျဖစ္ပါတယ္။ ထြက္ေပၚလာတဲ့သတင္းေတြအရေတာ့ မက္ဆီအေန နဲ႔ၿပီးခဲ့တဲ့ဇြန္လကတည္းက ဘာစီလုိနာ အသင္းနဲ႔ ခ်ဳပ္ထားတဲ့စာခ်ဳပ္ကို သူ႔ရဲ႕ဆုံးျဖတ္ခ်က္နဲ႔ ဖ်က္သိမ္းခဲ့ တာျဖစ္ၿပီး၊ ႀကိဳက္တဲ့အသင္းကို အလြတ္ေျပာင္းႏိုင္တယ္ဆိုၿပီးျဖစ္ပါတယ္။

Photo Internet

မက္ဆီအသင္းေျပာင္းမယ္၊မေျပာင္းဘူးဆိုၿပီး စိတ္၀င္စားတဲ့သူရိွသလို၊ စိုးရိမ္တဲ့သူလည္းရိွပါတယ္။ ဒါေပမယ့္ အသင္းေဖာ္ပီေကးကေတာ့ အဲဒီကိစၥအတြက္ မစုိးရိမ္ေၾကာင္းေျပာဆိုလာပါတယ္။ ပီေကးအေနနဲ႔ မက္ဆီဟာ ဘာစီလိုနာကေနထြက္ခြာသြားမွာမဟုတ္ဘူးဆိုၿပီး ယုံၾကည္ေနတာျဖစ္ပါတယ္။ မက္ဆီအတြက္ ဘာစီလုိနာဟာ တကယ္ကိုအေရးပါၿပီး၊အေထာက္အကူအမ်ားႀကီးျဖစ္ေစခဲ့တဲ့ အသင္းျဖစ္ပါတယ္။ မက္ဆီတစ္ေယာက္ ဘာစီလုိနာအကယ္ဒမီကေန ေပၚထြက္ခဲ့တာျဖစ္ၿပီး၊ အခုအခ်ိန္အထိ ဘာစီလိုနာမွာပဲ အေျခခိုင္ခိုင္မေျပာင္းမလဲ ကစားခဲ့တာျဖစ္ပါတယ္။

Photo Internet

ဒါေပမယ့္လည္း အေျပာင္းအေရႊ႕သတင္းေတြက မၾကာခဏထြက္ေပၚေလ့ရိွတာေၾကာင့္ ဘာစီလုိနာ ပရိသတ္ေတြက စိုးရိမ္ၾကတာျဖစ္ပါတယ္။ “ကၽြန္ေတာ္မက္ဆီအေၾကာင္းကို ေကာင္းေကာင္းသိပါတယ္။ အခုရာသီအကုန္မွာသူ႔အေနနဲ႔ အလြတ္သေဘာေျပာင္းခြင့္ရိွတယ္ဆုိတာလည္း ကၽြန္ေတာ္သိထားပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္သူအသင္းေျပာင္း မလားဆုိတာကို မစိုးရိမ္ပါဘူး။ ဘာေၾကာင့္လဲဆုိရင္ မက္ဆီတစ္ေယာက္ ဒီအသင္းကို ဘယ္ေလာက္ခ်စ္ခင္တယ္။ သံေယာဇဥ္ရိွတယ္ဆုိတာ သိပါတယ္”လို႔ ပီေကးက ေျပာပါတယ္။

Photo Mirror

“ကၽြန္ေတာ္သူနဲ႔စကားေျပာၿပီးပါၿပီ။ ဒီရာသီမွာလည္း သူအေကာင္းဆုံးကစားမယ္လို႔ ကၽြန္ေတာ္ေမွ်ာ္လင့္ ပါတယ္။ အနာဂတ္အတြက္ မက္ဆီမွာ ေရြးခ်ယ္ဆုံးျဖတ္ပိုင္ခြင့္ေတြရိွပါတယ္။ ေဘာလုံးေလာကမွာ ႏွစ္စဥ္ႏွစ္တိုင္း အခြင့္အေရးေတြ ရိွပါတယ္”လို႔ ပီေကးက ဆိုပါတယ္။ မက္ဆီနဲ႔ဘာစီလုိနာရဲ႕စာခ်ဳပ္သက္တမ္း ဟာ 2021 ခုႏွစ္အထိရိွတာျဖစ္ေပမယ့္ ၿပီးခဲ့တဲ့ဇြန္လကမွ ေျပာင္းလဲႏိုင္တဲ့အေနအထားရိွခဲ့တာပါ။ မက္ဆီတစ္ေယာက္ သူ႔ရဲ႕မိခင္တပ္ရင္း ဘာစီလိုနာမွာပဲဆက္လက္ရိွမွာလား၊ တျခားအရပ္ကို ထြက္ခြာသြားမွာလားဆုိတာ ေစာင့္ၾကည့္ရပါမယ္။

Photo espn

(Unicode Version)

မက်ဆီအသင်းပြောင်းမယ့်ကိစ္စနဲ့ပတ်သက်ပြီး မစိုးရိမ်ဘူးလို့ ပီကေးပြောဆို

အသင်းပြောင်းရွှေ့ရေးကိစ္စအတွက် နာမည်ကြီးလာတဲ့ ကစားသမားကတော့ မက်ဆီပါ။ သူကတခြားသူတွေလို ဘယ်အသင်းကခေါ်မှ၊ ခုရောက်နေတဲ့အသင်းက သဘောတူမှ စတဲ့အချက်တွေမရှိဘဲ အလွတ်ပြောင်းရွှေ့နိုင် ခွင့်ရှိတယ်ဆိုပြီး သတင်းထွက်နေတာဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့သတင်းတွေအရတော့ မက်ဆီအနေ နဲ့ပြီးခဲ့တဲ့ဇွန်လကတည်းက ဘာစီလိုနာ အသင်းနဲ့ ချုပ်ထားတဲ့စာချုပ်ကို သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ ဖျက်သိမ်းခဲ့ တာဖြစ်ပြီး၊ ကြိုက်တဲ့အသင်းကို အလွတ်ပြောင်းနိုင်တယ်ဆိုပြီးဖြစ်ပါတယ်။

မက်ဆီအသင်းပြောင်းမယ်၊မပြောင်းဘူးဆိုပြီး စိတ်ဝင်စားတဲ့သူရှိသလို၊ စိုးရိမ်တဲ့သူလည်းရှိပါတယ်။ ဒါပေမယ့် အသင်းဖော်ပီကေးကတော့ အဲဒီကိစ္စအတွက် မစိုးရိမ်ကြောင်းပြောဆိုလာပါတယ်။ ပီကေးအနေနဲ့ မက်ဆီဟာ ဘာစီလိုနာကနေထွက်ခွာသွားမှာမဟုတ်ဘူးဆိုပြီး ယုံကြည်နေတာဖြစ်ပါတယ်။ မက်ဆီအတွက် ဘာစီလိုနာဟာ တကယ်ကိုအရေးပါပြီး၊အထောက်အကူအများကြီးဖြစ်စေခဲ့တဲ့ အသင်းဖြစ်ပါတယ်။ မက်ဆီတစ်ယောက် ဘာစီလိုနာအကယ်ဒမီကနေ ပေါ်ထွက်ခဲ့တာဖြစ်ပြီး၊ အခုအချိန်အထိ ဘာစီလိုနာမှာပဲ အခြေခိုင်ခိုင်မပြောင်းမလဲ ကစားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အပြောင်းအရွှေ့သတင်းတွေက မကြာခဏထွက်ပေါ်လေ့ရှိတာကြောင့် ဘာစီလိုနာ ပရိသတ်တွေက စိုးရိမ်ကြတာဖြစ်ပါတယ်။ “ကျွန်တော်မက်ဆီအကြောင်းကို ကောင်းကောင်းသိပါတယ်။ အခုရာသီအကုန်မှာသူ့အနေနဲ့ အလွတ်သဘောပြောင်းခွင့်ရှိတယ်ဆိုတာလည်း ကျွန်တော်သိထားပါတယ်။ ဒါပေမယ့် ကျွန်တော်သူအသင်းပြောင်းမလားဆိုတာကို မစိုးရိမ်ပါဘူး။ ဘာကြောင့်လဲဆိုရင် မက်ဆီတစ်ယောက် ဒီအသင်းကို ဘယ်လောက်ချစ်ခင်တယ်။ သံယောဇဉ်ရှိတယ်ဆိုတာ သိပါတယ်”လို့ ပီကေးက ပြောပါတယ်။

“ကျွန်တော်သူနဲ့စကားပြောပြီးပါပြီ။ ဒီရာသီမှာလည်း သူအကောင်းဆုံးကစားမယ်လို့ ကျွန်တော်မျှော်လင့် ပါတယ်။ အနာဂတ်အတွက် မက်ဆီမှာ ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်တွေရှိပါတယ်။ ဘောလုံးလောကမှာ နှစ်စဉ်နှစ်တိုင်း အခွင့်အရေးတွေ ရှိပါတယ်”လို့ ပီကေးက ဆိုပါတယ်။ မက်ဆီနဲ့ဘာစီလိုနာရဲ့စာချုပ်သက်တမ်း ဟာ 2021 ခုနှစ်အထိရှိတာဖြစ်ပေမယ့် ပြီးခဲ့တဲ့ဇွန်လကမှ ပြောင်းလဲနိုင်တဲ့အနေအထားရှိခဲ့တာပါ။ မက်ဆီတစ်ယောက် သူ့ရဲ့မိခင်တပ်ရင်း ဘာစီလိုနာမှာပဲဆက်လက်ရှိမှာလား၊ တခြားအရပ်ကို ထွက်ခွာသွားမှာလားဆိုတာ စောင့်ကြည့်ရပါမယ်။