မက္ဆီကို အင္တာမီလန္ ကမ္းလွမ္းစဥ္က တားဆီးခဲ့တဲ့ လာေပၚတာ

0
450

Photo as english

မက္ဆီဟာ အခုအခ်ိန္မွာ ဘာစီလိုနာရဲ႕ေဘာလုံးၾကယ္ပြင့္အျဖစ္တည္ရိွေနတာဟာ လာေပၚတာနဲ႔ အမ်ားႀကီးသက္ဆုိင္ပါတယ္။ ဘာေၾကာင့္လဲဆုိရင္ လာေပၚတာသာ မက္ဆီကို အသင္းေျပာင္းခြင့္ေပးလိုက္မယ္ ဆိုရင္ မက္ဆီနဲ႔ဘာစီလုိနာရဲ႕အေနအထားဟာတစ္မ်ဳိးတစ္မည္ျဖစ္သြားႏိုင္ပါတယ္။ လာေပၚတာဟာ ဘာစီလိုနာအသင္း ဥကၠဌအျဖစ္ 7 ႏွစ္နီးပါး တာ၀န္ထမ္းေဆာင္ခဲ့သူျဖစ္ပါတယ္။ လာေပၚတာ ဘာစီလိုနာမွာ တာ၀န္ယူစဥ္တုန္းက အင္တာမီလန္ကေန မက္ဆီကိုလာေရာက္၀ယ္ယူခဲ့ပါတယ္။ ဒါေပမယ့္ အဲဒီကိစၥကို လာေပၚတာက တားဆီးခဲ့ပါတယ္။

Photo euro sport

2006 ခုႏွစ္တုန္းက အင္တာမီလန္အသင္းက မက္ဆီကို ယူရိုသန္း 150 နဲ႔ေခၚဖို႔လုပ္ခဲ့ေပမယ့္ လာေပၚတာက အဲဒီအခ်ိန္တုန္းက ယူရိုသန္း 250 အထိေစ်းဆြဲတင္ခဲ့ပါတယ္။ လာေပၚတာဟာ သူဘက္ကအေနအထားကို တတ္ႏိုင္သေလာက္ တားဆီးခဲ့သလုိ၊ မက္ဆီဘက္ကအေျခအေနကိုလည္း တားဆီးႏိုင္ခဲ့ပါတယ္။ လာေပၚတာဟာ မက္ဆီ့အေဖနဲ႔ေတြ႕ၿပီး အင္တာမီလန္ဘက္က ကမ္းလွမ္းတဲ့အေနအထားကို ေျပာျပခဲ့သလို၊ ဘာစီလိုနာမွာဆက္ေနဖို႔ လည္း လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။

Photo internet

“မက္ဆီရဲ႕အေဖနဲ႔ေတြ႕ၿပီး မေရာင္းခ်င္ေၾကာင္းေျပာခဲ့ပါတယ္။ မက္ဆီဘာစီလုိနာမွာဆက္ေနမယ္ဆိုရင္ ေငြေၾကးပိုင္းရရိွမႈလည္း ပိုေကာင္းလာမယ္။ ေအာင္ျမင္မႈလည္းပိုမ်ားလာမယ္ဆိုၿပီးကၽြန္ေတာ္ သူ႔အေဖကိုေျပာခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ဘက္ကလည္း မက္ဆီကို အေကာင္းဆုံးပံ့ပိုးကူညီေပးမယ္လို႔ေျပာခဲ့ ပါတယ္။ မက္ဆီအေဖလည္း ကၽြန္ေတာ္တို႔ဘက္က ေျပာတာကိုနားလည္ေက်နပ္ခဲ့မယ္လို႔ထင္ပါတယ္။ မက္ဆီဟာဘာစီလုိနာကို လူငယ္ကစားသမားဘ၀ကတည္းက ေရာက္ခဲ့တာျဖစ္ၿပီး၊ဒီေနရာဟာ သူ႔အတြက္ မိသားစုလုိမ်ဳိးျဖစ္ေနပါၿပီ။ မက္ဆီကလည္း ဘာစီလုိနာမွာဆက္ေနဖို႔ဆုံးျဖတ္ခဲ့တာဟာ အေကာင္းဆုံးျဖစ္ ခဲ့ပါတယ္”လို႔ လာေပၚတာက ေျပာပါတယ္။

Photo metro

အခုအခ်ိန္မွာ အသက္ 32 ႏွစ္အရြယ္ရိွေနၿပီျဖစ္တဲ့မက္ဆီဟာ ေအာင္ျမင္တဲ့ထိပ္တန္း ေဘာလုံးကစားသမား တစ္ေယာက္ အျဖစ္ရပ္တည္ေနၿပီး ဘာစီလုိနာနဲ႔ စာခ်ဳပ္သက္တမ္းေနာက္ဆုံးႏွစ္ကို ေရာက္ရိွေနတာျဖစ္ပါ တယ္။ စာခ်ဳပ္သက္တမ္းတိုးဖုိ႔လည္း ႏွစ္ဖက္ညိွႏိႈင္းေဆြးေႏြးေနၾကပါတယ္။ မက္ဆီ ဘာစီလုိနာမွာဆက္ေန မယ္လို႔ေတာ့ လာေပၚတာကယုံၾကည္ေနပါတယ္။ “မက္ဆီဟာ ကမၻာ့အေကာင္းဆုံးေဘာလုံးသမားပါ။ ကေလးဘ၀ကတည္းက အားေပးခဲ့တဲ့သူေတြ၊ သိတဲ့သူေတြဆုိရင္ မက္ဆီဟာ ဘယ္ေလာက္ေကာင္းတဲ့ သူဆိုတာ သိပါလိမ့္မယ္”လို႔ လာေပၚတာက ေျပာပါတယ္။

Photo goalcom

(Unicode Version)

မက်ဆီကို အင်တာမီလန် ကမ်းလှမ်းစဉ်က တားဆီးခဲ့တဲ့ လာပေါ်တာ

မက်ဆီဟာ အခုအချိန်မှာ ဘာစီလိုနာရဲ့ဘောလုံးကြယ်ပွင့်အဖြစ်တည်ရှိနေတာဟာ လာပေါ်တာနဲ့ အများကြီးသက်ဆိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် လာပေါ်တာသာ မက်ဆီကို အသင်းပြောင်းခွင့်ပေးလိုက်မယ် ဆိုရင် မက်ဆီနဲ့ဘာစီလိုနာရဲ့အနေအထားဟာတစ်မျိုးတစ်မည်ဖြစ်သွားနိုင်ပါတယ်။ လာပေါ်တာဟာ ဘာစီလိုနာအသင်းဥက္ကဌအဖြစ် 7 နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ လာပေါ်တာ ဘာစီလိုနာမှာ တာဝန်ယူစဉ်တုန်းက အင်တာမီလန်ကနေ မက်ဆီကိုလာရောက်ဝယ်ယူခဲ့ပါတယ်။ ဒါပေမယ့် အဲဒီကိစ္စကို လာပေါ်တာက တားဆီးခဲ့ပါတယ်။

2006 ခုနှစ်တုန်းက အင်တာမီလန်အသင်းက မက်ဆီကို ယူရိုသန်း 150 နဲ့ခေါ်ဖို့လုပ်ခဲ့ပေမယ့် လာပေါ်တာက အဲဒီအချိန်တုန်းက ယူရိုသန်း 250 အထိဈေးဆွဲတင်ခဲ့ပါတယ်။ လာပေါ်တာဟာ သူဘက်ကအနေအထားကို တတ်နိုင်သလောက် တားဆီးခဲ့သလို၊ မက်ဆီဘက်ကအခြေအနေကိုလည်း တားဆီးနိုင်ခဲ့ပါတယ်။ လာပေါ်တာဟာ မက်ဆီ့အဖေနဲ့တွေ့ပြီး အင်တာမီလန်ဘက်က ကမ်းလှမ်းတဲ့အနေအထားကို ပြောပြခဲ့သလို၊ ဘာစီလိုနာမှာဆက်နေဖို့လည်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။

“မက်ဆီရဲ့အဖေနဲ့တွေ့ပြီး မရောင်းချင်ကြောင်းပြောခဲ့ပါတယ်။ မက်ဆီဘာစီလိုနာမှာဆက်နေမယ်ဆိုရင် ငွေကြေးပိုင်းရရှိမှုလည်း ပိုကောင်းလာမယ်။ အောင်မြင်မှုလည်းပိုများလာမယ်ဆိုပြီးကျွန်တော် သူ့အဖေကိုပြောခဲ့ပါတယ်။ ကျွန်တော်တို့ဘက်ကလည်း မက်ဆီကို အကောင်းဆုံးပံ့ပိုးကူညီပေးမယ်လို့ပြောခဲ့ ပါတယ်။ မက်ဆီအဖေလည်းကျွန်တော်တို့ဘက်က ပြောတာကိုနားလည်ကျေနပ်ခဲ့မယ်လို့ထင်ပါတယ်။ မက်ဆီဟာဘာစီလိုနာကို လူငယ်ကစားသမားဘဝကတည်းက ရောက်ခဲ့တာဖြစ်ပြီး၊ဒီနေရာဟာ သူ့အတွက် မိသားစုလိုမျိုးဖြစ်နေပါပြီ။ မက်ဆီကလည်း ဘာစီလိုနာမှာဆက်နေဖို့ဆုံးဖြတ်ခဲ့တာဟာ အကောင်းဆုံးဖြစ် ခဲ့ပါတယ်”လို့ လာပေါ်တာက ပြောပါတယ်။

အခုအချိန်မှာ အသက် 32 နှစ်အရွယ်ရှိနေပြီဖြစ်တဲ့မက်ဆီဟာ အောင်မြင်တဲ့ထိပ်တန်း ဘောလုံးကစားသမား တစ်ယောက် အဖြစ်ရပ်တည်နေပြီး ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကို ရောက်ရှိနေတာဖြစ်ပါ တယ်။ စာချုပ်သက်တမ်းတိုးဖို့လည်း နှစ်ဖက်ညှိနှိုင်းဆွေးနွေးနေကြပါတယ်။ မက်ဆီ ဘာစီလိုနာမှာဆက်နေ မယ်လို့တော့ လာပေါ်တာကယုံကြည်နေပါတယ်။ “မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားပါ။ ကလေးဘဝကတည်းက အားပေးခဲ့တဲ့သူတွေ၊ သိတဲ့သူတွေဆိုရင် မက်ဆီဟာ ဘယ်လောက်ကောင်းတဲ့ သူဆိုတာ သိပါလိမ့်မယ်”လို့ လာပေါ်တာက ပြောပါတယ်။