ဆံပင္ ပုံစံသစ္ကို အင္စတာဂရမ္ေပၚတင္ခဲ့လို႔ ေပါ့ဂ္ဘာကို ေဒါသထြက္ေနၾက

0
333

Photo internet

မန္ယူဟာ ဒီကေန႔ညမွာ လိဂ္ဖလား(Carabao Cup) ပြဲစဥ္အျဖစ္ ရို႕ခ်္ဒါလီနဲ႔ ကစားရမွာျဖစ္ၿပီး ဒီပြဲမတိုင္ခင္မွာ ဒဏ္ရာရလို႔ အနားယူေနရတဲ႔ ေပါ့ဂ္ဘာဟာ သူ႔ရဲ႕ဆံပင္ပုံစံသစ္ကို အင္စတာဂရမ္ေပၚမွာတင္ခဲ့တဲ႔အတြက္ သူ႔လုပ္ရပ္ကို ပရိသတ္ေတြက ေဒါသထြက္ေနၾကပါတယ္။

ျပင္သစ္လက္ေရြးစင္ျဖစ္တဲ႔ ေပါ့ဂ္ဘာဟာ ေျခခ်င္း၀တ္ဒဏ္ရာေၾကာင့္ မန္ယူရဲ႕ေနာက္ဆုံး ၃ ပြဲကိုလြဲေခ်ာ္ခဲ့သူျဖစ္ပါတယ္။ သူဟာ ရို႕ခ်္ဒါလီနဲ႔ ပြဲမွာပါ၀င္ဖို႔အတြက္ ႀကံခိုင္မႈျပည့္၀ဖြယ္ရွိလို႔ ပရိသတ္ေတြကေမွ်ာ္လင့္ေနခ်ိန္မွာ ဆံပင္ညွပ္တာကိုဘဲ အေလးထားေနတဲ႔အတြက္ သူ႔အေပၚေဒါသထြက္ေနၾကတာျဖစ္ပါတယ္။ မန္ယူနည္းျပ ဆိုးလ္ရွားက ေပါ့ဂ္ဘာဟာ ဒီညပြဲမွာ လူစား၀င္အျဖစ္ပါ၀င္ႏိုင္ဖို႔ရွိေပမယ္႔ လာမယ္႔တစ္ပတ္ အာဆင္နယ္နဲ႔ ပြဲအတြက္အဓိက ပစ္မွတ္ထားေနတယ္လို႔ ေျပာထားပါတယ္။

Photo internet

ဒီဆံပင္ညွပ္ေနပုံကိုတင္ခဲ့သူက ေပါ့ဂ္ဘာညွပ္ေနက်ျဖစ္တဲ႔ Star Barbers ျဖစ္ပါတယ္။ ဆံပင္ပုံေဖာ္ခဲ့ရာမွာ အျဖဴ နဲ႔အနီလိုင္းပါ၀င္ခဲ့ၿပီး ဒါကိုအနီးကပ္ရိုက္ျပသြားခဲ့တာလည္းျဖစ္ပါတယ္။ အဲဒီဆုိင္က အာမက္အယ္ဆာနာ၀ီဆိုတဲ႔ ဆံပင္ညွပ္တဲ႔သူဟာ ကိုယ္တိုင္ေလ႔လာရင္းနဲ႔ နာမည္ေက်ာ္ၾကားလာသူျဖစ္ၿပီး နာမည္ေက်ာ္ေဘာလုံးသမားေတြရဲ႕ လက္စြဲလည္းျဖစ္ပါတယ္။

Photo internet

ေပါ့ဂ္ဘာဟာ ဒီဆံပင္ညွပ္ဆရာကို ဘယ္ေလာက္အထိစြဲလန္းသလဲဆိုရင္ ၂၀၁၈ ကမၻာ႔ဖလားတုန္းက ျပင္သစ္အေျခစိုက္တဲ႔ေနရာကို ေလယာဥ္လက္မွတ္ဖိုး အကုန္ခံကာေခၚယူခဲ့ သူျဖစ္ၿပီး ျပင္သစ္အသင္းသား အေတာ္မ်ားမ်ားလည္း ဆံပင္ညွပ္ခဲ့ၾကပါေသးတယ္။ ဒီကမၻာ႔ဖလားမွာ ျပင္သစ္ဗိုလ္စြဲခဲ့ၿပီး ေပါ့ဂ္ဘာဟာ အသင္းရဲ႕ဦးေဆာင္သူတစ္ဦးလည္းျဖစ္ခဲ့ပါတယ္။

Photo internet

အခုေနာက္ဆုံးတင္ခဲ့တဲ႔ ပုံကိုပရိသတ္ေတြကေဒါသထြက္ေနၾကသလို အြန္လိုင္းကေနလည္း ေ၀ဖန္မႈအမ်ဳိးမ်ဳိး ျပဳလုပ္ခဲ့ၾကပါတယ္။ တစ္ခ်ဳိ႕ကဆိုရင္ ေပါ့ဂ္ဘာဟာသူ႔ဆံပင္ပုံစံကို သိပ္ေကာင္းတယ္ထင္ေနေပမယ္႔ သူ႔ကစားဟန္လိုဘဲ ဆိုးရြားလြန္းလွတယ္လို႔ ေဖာ္ျပခဲ့ၾကပါတယ္။

Photo internet

(Unicode Version)

ဆံပင် ပုံစံသစ်ကို အင်စတာဂရမ်ပေါ်တင်ခဲ့လို့ ပေါ့ဂ်ဘာကို ဒေါသထွက်နေကြမန်ယူဟာ ဒီကနေ့ညမှာ လိဂ်ဖလား(Carabao Cup) ပွဲစဉ်အဖြစ် ရို့ချ်ဒါလီနဲ့ ကစားရမှာဖြစ်ပြီး ဒီပွဲမတိုင်ခင်မှာ ဒဏ်ရာရလို့ အနားယူနေရတဲ့ ပေါ့ဂ်ဘာဟာ သူ့ရဲ့ဆံပင်ပုံစံသစ်ကို အင်စတာဂရမ်ပေါ်မှာတင်ခဲ့တဲ့အတွက် သူ့လုပ်ရပ်ကို ပရိသတ်တွေက ဒေါသထွက်နေကြပါတယ်။

ပြင်သစ်လက်ရွေးစင်ဖြစ်တဲ့ ပေါ့ဂ်ဘာဟာ ခြေချင်းဝတ်ဒဏ်ရာကြောင့် မန်ယူရဲ့နောက်ဆုံး ၃ ပွဲကိုလွဲချော်ခဲ့သူဖြစ်ပါတယ်။ သူဟာ ရို့ချ်ဒါလီနဲ့ ပွဲမှာပါဝင်ဖို့အတွက် ကြံခိုင်မှုပြည့်ဝဖွယ်ရှိလို့ ပရိသတ်တွေကမျှော်လင့်နေချိန်မှာ ဆံပင်ညှပ်တာကိုဘဲ အလေးထားနေတဲ့အတွက် သူ့အပေါ်ဒေါသထွက်နေကြတာဖြစ်ပါတယ်။ မန်ယူနည်းပြ ဆိုးလ်ရှားက ပေါ့ဂ်ဘာဟာ ဒီညပွဲမှာ လူစားဝင်အဖြစ်ပါဝင်နိုင်ဖို့ရှိပေမယ့် လာမယ့်တစ်ပတ် အာဆင်နယ်နဲ့ ပွဲအတွက်အဓိက ပစ်မှတ်ထားနေတယ်လို့ ပြောထားပါတယ်။

ဒီဆံပင်ညှပ်နေပုံကိုတင်ခဲ့သူက ပေါ့ဂ်ဘာညှပ်နေကျဖြစ်တဲ့ Star Barbers ဖြစ်ပါတယ်။ ဆံပင်ပုံဖော်ခဲ့ရာမှာ အဖြူ နဲ့အနီလိုင်းပါဝင်ခဲ့ပြီး ဒါကိုအနီးကပ်ရိုက်ပြသွားခဲ့တာလည်းဖြစ်ပါတယ်။ အဲဒီဆိုင်က အာမက်အယ်ဆာနာဝီဆိုတဲ့ ဆံပင်ညှပ်တဲ့သူဟာ ကိုယ်တိုင်လေ့လာရင်းနဲ့ နာမည်ကျော်ကြားလာသူဖြစ်ပြီး နာမည်ကျော်ဘောလုံးသမားတွေရဲ့လက်စွဲလည်းဖြစ်ပါတယ်။

ပေါ့ဂ်ဘာဟာ ဒီဆံပင်ညှပ်ဆရာကို ဘယ်လောက်အထိစွဲလန်းသလဲဆိုရင် ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက ပြင်သစ်အခြေစိုက်တဲ့နေရာကို လေယာဉ်လက်မှတ်ဖိုး အကုန်ခံကာခေါ်ယူခဲ့သူဖြစ်ပြီး ပြင်သစ်အသင်းသားအတော်များများလည်း ဆံပင်ညှပ်ခဲ့ကြပါသေးတယ်။ ဒီကမ္ဘာ့ဖလားမှာ ပြင်သစ်ဗိုလ်စွဲခဲ့ပြီး ပေါ့ဂ်ဘာဟာ အသင်းရဲ့ဦးဆောင်သူတစ်ဦးလည်းဖြစ်ခဲ့ပါတယ်။

အခုနောက်ဆုံးတင်ခဲ့တဲ့ ပုံကိုပရိသတ်တွေကဒေါသထွက်နေကြသလို အွန်လိုင်းကနေလည်း ဝေဖန်မှုအမျိုးမျိုး ပြုလုပ်ခဲ့ကြပါတယ်။ တစ်ချို့ကဆိုရင် ပေါ့ဂ်ဘာဟာသူ့ဆံပင်ပုံစံကို သိပ်ကောင်းတယ်ထင်နေပေမယ့် သူ့ကစားဟန်လိုဘဲ ဆိုးရွားလွန်းလှတယ်လို့ ဖော်ပြခဲ့ကြပါတယ်။