ကစားသမားအေျပာင္းအေရႊ႕နဲ႔ပတ္သက္ၿပီး ဒုကၡေတြရွာခဲ့တာလား ဆိုးလ္ရွား

0
488

Photo Internet

မန္ယူပရိသတ္ေတြကေတာ့ ရာသီအစမွာ နည္းျပဆိုးလ္ရွားကိုခ်ီးက်ဴးခဲ့ၾကေပမယ့္ အခုေနာက္ပိုင္းပြဲေတြမွာ သူ႔ကို ေ၀ဖန္လာၾကပါတယ္။ အခုလည္း BT Sports ရဲ႕သတင္းသံုးသပ္သူတစ္ဦးျဖစ္တဲ့ ခရစ္ဆပ္တြန္က ၿပီးခဲ့တဲ့ အေျပာင္းအေရႊ႕နဲ႔ပတ္သက္ၿပီး ဆိုးလ္ရွားကို ေ၀ဖန္ေျပာဆိုလာခဲ့ပါတယ္။ ဆိုးလ္ရွားအေနနဲ႔ အလက္ဆစ္ ဆန္းခ်က္ကို မန္ယူကေန ထြက္ခြာခြင့္ေပးလိုက္တာဟာ အသင္းအတြက္ ရလဒ္ပိုင္းထိခိုက္ေစ ႏိုင္ေၾကာင္း မွတ္ခ်က္ေပးေျပာၾကား လာခဲ့တာျဖစ္ပါတယ္။

Photo daily express

ဆန္းခ်က္အေနနဲ႔ မန္ယူမွာ 18 လေက်ာ္ကစားရင္း ေျခစြမ္းသိပ္မျပႏိုင္ဘဲ ပြဲထြက္ခြင့္ေတြ နည္းလာတာကေန အသင္းေျပာင္းခ်င္လာခဲ့တာပါ။ အခုအခါ ဆန္းခ်က္ဟာ လူကာကူနဲ႔ အင္တာမီလန္မွာတြဲဖက္ကစားရပါေတာ့ မယ္။ “မန္ယူအေနနဲ႔ ထိပ္ဆုံးအဆင့္ေလးသင္းစာရင္းကို ျပန္လည္၀င္ေရာက္ဖို႔ သိပ္ေတာ့မလြယ္ပါဘူး။ ကစားသမား အထားအသို၊အခင္းအက်င္းမွာ ျပည့္စုံတဲ့အေနအထားမရိွဘူးလို႔ ထင္ပါတယ္”ဆိုၿပီး ခရစ္ဆပ္တြန္က ေျပာပါတယ္။

Photo Football 365

“ဆန္းခ်က္မတိုင္မီ မန္ယူက လူကာကူကိုေရာင္းခဲ့တယ္။ ၿပီးေတာ့ ဆန္းခ်က္ထြက္သြားတယ္။ သူတို႔ေတြ မွာတိုက္စစ္အင္အားနည္းတယ္လို႔ကၽြန္ေတာ္ထင္ပါတယ္။ အခုေတာ့ မာရွယ္၊ရပ္ရွ္ဖို႔ နဲ႔လူငယ္ကစားသမားေတြ ကို အားကိုးေနရပါတယ္။  နည္းျပဆုိးလ္ရွားအေနနဲ႔ ၿပီးခဲ့တဲ့ရာသီတုန္းကလည္း ရလဒ္ေကာင္းေအာင္ မလုပ္ႏိုင္ခဲ့ပါဘူး။ အခုလူစာရင္းနဲ႔  ပတ္သက္ၿပီးလည္း ကၽြန္ေတာ္အေနနဲ႔ေတာ့ ယုံၾကည္ခ်က္အားနည္းေန ပါတယ္”လို႔ ခရစ္ကဆိုပါတယ္။

Photo Internet

မန္ယူကစားသမား မာတစ္ကလည္း နည္းျပဆိုးလ္ရွားရဲ႕ဆုံးျဖတ္ခ်က္ေတြမွားေနတယ္လို႔ ေျပာဆိုထားပါတယ္။ ဒါေပမယ့္ အခ်ဳိ႕သုံးသပ္သူေတြကေတာ့ ထြက္သြားတဲ့ကစားသမားေတြဟာ မန္ယူအတြက္ ဒီထက္ပိုၿပီး အေထာက္အပံ့ေပးႏိုင္ မွာမဟုတ္ဘူးလို႔လည္း မွတ္ခ်က္ျပဳထားၾကပါတယ္။ ဘာပဲျဖစ္ျဖစ္ လာမယ့္ပြဲသစ္ေတြမွာေတာ့ မန္ယူအေနန႔ဲႏိုင္ဖို႔ လိုအပ္ေနတာ အမွန္ပဲျဖစ္သလုိ၊ ၀ိုင္းၿပီးေ၀ဖန္ေနၾကသူေတြရဲ႕ အေျပာကို ဆိုးလ္ရွားအေနနဲ႔ ရလဒ္ေကာင္းေတြျပၿပီး ေခ်ဖ်က္ဖို႔လည္းလိုေနပါတယ္။

Photo Internet

(Unicode Version)

ကစားသမားအပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဒုက္ခတွေရှာခဲ့တာလား ဆိုးလ်ရှား

မန်ယူပရိသတ်တွေကတော့ ရာသီအစမှာ နည်းပြဆိုးလ်ရှားကိုချီးကျူးခဲ့ကြပေမယ့် အခုနောက်ပိုင်းပွဲတွေမှာ သူ့ကို ဝေဖန်လာကြပါတယ်။ အခုလည်း BT Sports ရဲ့သတင်းသုံးသပ်သူတစ်ဦးဖြစ်တဲ့ ခရစ်ဆပ်တွန်က ပြီးခဲ့တဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဆိုးလ်ရှားကို ဝေဖန်ပြောဆိုလာခဲ့ပါတယ်။ ဆိုးလ်ရှားအနေနဲ့ အလက်ဆစ် ဆန်းချက်ကို မန်ယူကနေ ထွက်ခွာခွင့်ပေးလိုက်တာဟာ အသင်းအတွက် ရလဒ်ပိုင်းထိခိုက်စေ နိုင်ကြောင်း မှတ်ချက်ပေးပြောကြားလာခဲ့တာဖြစ်ပါတယ်။

ဆန်းချက်အနေနဲ့ မန်ယူမှာ 18 လကျော်ကစားရင်း ခြေစွမ်းသိပ်မပြနိုင်ဘဲ ပွဲထွက်ခွင့်တွေ နည်းလာတာကနေ အသင်းပြောင်းချင်လာခဲ့တာပါ။ အခုအခါ ဆန်းချက်ဟာ လူကာကူနဲ့ အင်တာမီလန်မှာတွဲဖက်ကစားရပါတော့ မယ်။ “မန်ယူအနေနဲ့ ထိပ်ဆုံးအဆင့်လေးသင်းစာရင်းကို ပြန်လည်ဝင်ရောက်ဖို့ သိပ်တော့မလွယ်ပါဘူး။ ကစားသမား အထားအသို၊အခင်းအကျင်းမှာ ပြည့်စုံတဲ့အနေအထားမရှိဘူးလို့ ထင်ပါတယ်”ဆိုပြီး ခရစ်ဆပ်တွန်က ပြောပါတယ်။

“ဆန်းချက်မတိုင်မီ မန်ယူက လူကာကူကိုရောင်းခဲ့တယ်။ ပြီးတော့ ဆန်းချက်ထွက်သွားတယ်။ သူတို့တွေ မှာတိုက်စစ်အင်အားနည်းတယ်လို့ကျွန်တော်ထင်ပါတယ်။ အခုတော့ မာရှယ်၊ရပ်ရှ်ဖို့ နဲ့လူငယ်ကစားသမားတွေ ကို အားကိုးနေရပါတယ်။ နည်းပြဆိုးလ်ရှားအနေနဲ့ ပြီးခဲ့တဲ့ရာသီတုန်းကလည်း ရလဒ်ကောင်းအောင် မလုပ်နိုင်ခဲ့ပါဘူး။ အခုလူစာရင်းနဲ့ ပတ်သက်ပြီးလည်း ကျွန်တော်အနေနဲ့တော့ ယုံကြည်ချက်အားနည်းနေ ပါတယ်”လို့ ခရစ်ကဆိုပါတယ်။

မန်ယူကစားသမား မာတစ်ကလည်း နည်းပြဆိုးလ်ရှားရဲ့ဆုံးဖြတ်ချက်တွေမှားနေတယ်လို့ ပြောဆိုထားပါတယ်။ ဒါပေမယ့် အချို့သုံးသပ်သူတွေကတော့ ထွက်သွားတဲ့ကစားသမားတွေဟာ မန်ယူအတွက် ဒီထက်ပိုပြီး အထောက်အပံ့ပေးနိုင်မှာမဟုတ်ဘူးလို့လည်း မှတ်ချက်ပြုထားကြပါတယ်။ ဘာပဲဖြစ်ဖြစ် လာမယ့်ပွဲသစ်တွေမှာ တော့ မန်ယူအနေနဲ့နိုင်ဖို့လိုအပ်နေတာ အမှန်ပဲဖြစ်သလို၊ ဝိုင်းပြီးဝေဖန်နေကြသူတွေရဲ့ အပြောကို ဆိုးလ်ရှားအနေနဲ့ ရလဒ်ကောင်းတွေပြပြီး ချေဖျက်ဖို့လည်းလိုနေပါတယ်။