ေပါ့ဂ္ဘာေၾကာင့္ ရီးရဲလ္မက္ဒရစ္ဘုတ္အဖြဲ႕နဲ႔ ျပသနာေတြရႈပ္ေထြးလာတဲ့ ဇီဒန္း

0
798
Photo Credit: Daily Mail

မန္ယူအသင္းကြင္းလယ္လူေပါ့ဂ္ဘာကိုေခၚယူေရးန႔ဲပတ္သက္လုိ႔ ရီးရဲလ္မက္ဒရစ္ဥကၠ႒ပီရက္ဇ္ဦးေဆာင္တဲ့ ဘုတ္အဖြဲ႕၀င္ေတြနဲ႔ နည္းျပဇီဒန္းတုိ႔ၾကားထဲမွာ ဆက္ဆံေရးတင္းမာမႈေတြျဖစ္ေပၚေနၿပီး အေျခအေနက ပိုမိုရႈပ္ေထြးလာခဲ့ၿပီလုိ႔ သိရပါတယ္။

Photo Credit: Daily Mail

ဇီဒန္းဟာ ဒီေႏြရာသီတစ္ေလွ်ာက္လံုး သူနဲ႔တစ္ႏုိင္ငံတည္းသားျဖစ္တဲ့ ေပါ့ဂ္ဘာကိုေခၚယူဖုိ႔ ဘုတ္အဖြဲ႕ထံတုိက္တြန္းခဲ့ၿပီး ေပါ့ဂ္ဘာတစ္ဦးတည္းကသာ လက္ရွိရီးရဲလ္မက္ဒရစ္ႀကံဳေတြ႕ေနရတဲ့ ကြင္းလယ္အားနည္းမႈျပသနာကိုေျဖရွင္းႏုိင္လိမ့္မယ္လုိ႔လည္း ယံုၾကည္ေနတာပါ။ ဒါေပမဲ့ မန္ယူအသင္းဘက္က ေပါ့ဂ္ဘာကိုလက္လႊတ္လုိျခင္းမရွိသလုိ မျဖစ္မေနေရာင္းခ်ရပါကလည္း ေပါင္သန္း 180 အထိေတာင္းဆိုခဲ့တာေၾကာင့္ ေဆြးေႏြးမႈအဆင္မေျပျဖစ္ခဲ့ပါတယ္။

Photo Credit: Daily Mail

လက္ရွိအခ်ိန္မွာ ရီးရဲလ္ဘုတ္အဖြဲ႕က ေပါ့ဂ္ဘာကိုလက္လႊတ္ဖုိ႔ ေအဂ်က္ဇ္ကြင္းလယ္လူဗန္ဒီဘိခ္ကိုေခၚယူဖုိ႔ျပင္ဆင္ေနတာေၾကာင့္ နည္းျပဇီဒန္းနဲ႔ ဆက္ဆံေရးတင္းမာလာခဲ့တာပါ။ ရီးရဲလ္ဟာ အသက္ 22 ႏွစ္အရြယ္ ဗန္ဒီဘိခ္ကိုေခၚမယ္ဆုိရင္ ေပါင္သန္း 60 ခန္႔သာကုန္က်မွာျဖစ္လုိ႔ ေပါ့ဂ္ဘာထက္ အမ်ားႀကီးပိုမိုသက္သာမွာျဖစ္ပါတယ္။ ဒီေႏြရာသီအတြင္း ေပါင္သန္း 300 ေက်ာ္သံုးစြဲထားၿပီးေနာက္ လူပိုေတြေရာင္းခ်ရာမွာလည္း အဆင္မေျပျဖစ္ေနတဲ့ ေပါ့ဂ္ဘာကိုေခၚယူေရးက ေငြေၾကးပိုင္းအရ အဟန္႔အတားျဖစ္ေနခဲ့တာပါ။

Photo Credit: Daily Mail

ဒါ့အျပင္ ေတာင္ပံကစားသမား ဂါရတ္ေဘးလ္ကို ဇီဒန္းက တရုတ္ကလပ္ထံေရာင္းခ်လုိေပမယ့္ အေျပာင္းအေရႊ႕ျဖစ္ခါနီးက်မွ ရီးရဲလ္ဘုတ္အဖြဲ႕က တားဆီးခဲ့ျခင္းကိုလည္း မေက်မနပ္ျဖစ္ေနတယ္လုိ႔ ဆုိပါတယ္။ နယ္သာလန္လူငယ္ၾကယ္ပြင့္ ဗန္ဒီဘိခ္ဟာ ေအဂ်က္ဇ္မွာ 4 ရာသီအတြင္း ၿပိဳင္ပြဲအရပ္ရပ္ 138 ပြဲကစားၿပီး 31 ဂုိးသြင္းယူကာ အလားအလာေကာင္းေတြကိုျပသႏုိင္ခဲ့သလုိ ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္မွာလည္း ဖရန္ကီဒီေဂ်ာင္နဲ႔အတူ အေကာင္းဆံုးစြမ္းေဆာင္ႏုိင္ခဲ့တာပါ။ ဒါေၾကာင့္လည္း ရီးရဲလ္ဘုတ္အဖြဲ႕က အသက္ရလာတဲ့ မုိဒရစ္နဲ႔ တုိနီခရူးစ္တုိ႔ရဲ႕ေနရာမွာ ေရရွည္အစားထုိးမႈအျဖစ္ေခၚယူလုိေနတာျဖစ္ပါတယ္။

(Unicode)

ပေါ့ဂ်ဘာကြောင့် ရီးရဲလ်မက်ဒရစ်ဘုတ်အဖွဲ့နဲ့ ပြသနာတွေရှုပ်ထွေးလာတဲ့ ဇီဒန်း

မန်ယူအသင်းကွင်းလယ်လူပေါ့ဂ်ဘာကိုခေါ်ယူရေးနဲ့ပတ်သက်လို့ ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌပီရက်ဇ်ဦးဆောင်တဲ့ ဘုတ်အဖွဲ့ဝင်တွေနဲ့ နည်းပြဇီဒန်းတို့ကြားထဲမှာ ဆက်ဆံရေးတင်းမာမှုတွေဖြစ်ပေါ်နေပြီး အခြေအနေက ပိုမိုရှုပ်ထွေးလာခဲ့ပြီလို့ သိရပါတယ်။

ဇီဒန်းဟာ ဒီနွေရာသီတစ်လျှောက်လုံး သူနဲ့တစ်နိုင်ငံတည်းသားဖြစ်တဲ့ ပေါ့ဂ်ဘာကိုခေါ်ယူဖို့ ဘုတ်အဖွဲ့ထံတိုက်တွန်းခဲ့ပြီး ပေါ့ဂ်ဘာတစ်ဦးတည်းကသာ လက်ရှိရီးရဲလ်မက်ဒရစ်ကြုံတွေ့နေရတဲ့ ကွင်းလယ်အားနည်းမှုပြသနာကိုဖြေရှင်းနိုင်လိမ့်မယ်လို့လည်း ယုံကြည်နေတာပါ။ ဒါပေမဲ့ မန်ယူအသင်းဘက်က ပေါ့ဂ်ဘာကိုလက်လွှတ်လိုခြင်းမရှိသလို မဖြစ်မနေရောင်းချရပါကလည်း ပေါင်သန်း 180 အထိတောင်းဆိုခဲ့တာကြောင့် ဆွေးနွေးမှုအဆင်မပြေဖြစ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ ရီးရဲလ်ဘုတ်အဖွဲ့က ပေါ့ဂ်ဘာကိုလက်လွှတ်ဖို့ အေဂျက်ဇ်ကွင်းလယ်လူဗန်ဒီဘိခ်ကိုခေါ်ယူဖို့ပြင်ဆင်နေတာကြောင့် နည်းပြဇီဒန်းနဲ့ ဆက်ဆံရေးတင်းမာလာခဲ့တာပါ။ ရီးရဲလ်ဟာ အသက် 22 နှစ်အရွယ် ဗန်ဒီဘိခ်ကိုခေါ်မယ်ဆိုရင် ပေါင်သန်း 60 ခန့်သာကုန်ကျမှာဖြစ်လို့ ပေါ့ဂ်ဘာထက် အများကြီးပိုမိုသက်သာမှာဖြစ်ပါတယ်။ ဒီနွေရာသီအတွင်း ပေါင်သန်း 300 ကျော်သုံးစွဲထားပြီးနောက် လူပိုတွေရောင်းချရာမှာလည်း အဆင်မပြေဖြစ်နေတဲ့ ပေါ့ဂ်ဘာကိုခေါ်ယူရေးက ငွေကြေးပိုင်းအရ အဟန့်အတားဖြစ်နေခဲ့တာပါ။

ဒါ့အပြင် တောင်ပံကစားသမား ဂါရတ်ဘေးလ်ကို ဇီဒန်းက တရုတ်ကလပ်ထံရောင်းချလိုပေမယ့် အပြောင်းအရွှေ့ဖြစ်ခါနီးကျမှ ရီးရဲလ်ဘုတ်အဖွဲ့က တားဆီးခဲ့ခြင်းကိုလည်း မကျေမနပ်ဖြစ်နေတယ်လို့ ဆိုပါတယ်။ နယ်သာလန်လူငယ်ကြယ်ပွင့် ဗန်ဒီဘိခ်ဟာ အေဂျက်ဇ်မှာ 4 ရာသီအတွင်း ပြိုင်ပွဲအရပ်ရပ် 138 ပွဲကစားပြီး 31 ဂိုးသွင်းယူကာ အလားအလာကောင်းတွေကိုပြသနိုင်ခဲ့သလို ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်မှာလည်း ဖရန်ကီဒီဂျောင်နဲ့အတူ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တာပါ။ ဒါကြောင့်လည်း ရီးရဲလ်ဘုတ်အဖွဲ့က အသက်ရလာတဲ့ မိုဒရစ်နဲ့ တိုနီခရူးစ်တို့ရဲ့နေရာမှာ ရေရှည်အစားထိုးမှုအဖြစ်ခေါ်ယူလိုနေတာဖြစ်ပါတယ်။