အာႏိုးထက္ ဘစ္ဆာကာက ပိုေကာင္းတယ္လို႔ မန္ယူေနာက္ခံလူေဟာင္းသုံးသပ္

0
438

photo-gettyimages

photo-gettyimages

မန္ယူအသင္းေနာက္ခံလူေဟာင္းေပါလ္ပါကားက ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံးညာေနာက္ခံလူဟာ မန္ယူက ဘစ္ဆာကာသာျဖစ္ေၾကာငး္ ထုတ္ေဖာ္ေျပာၾကားလုိက္ပါတယ္။ မန္ယူဟာ အဲဒီအဂၤလန္ယူ-၂၁ ကစားသမားကို ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ ပဲေလ့စ္ကေန ေျပာင္းေရႊ႕ေၾကးေပါင္သန္း ၅၀ နဲ႔ ေခၚယူခဲ့ပါတယ္။ ဘစ္ဆာကာကလည္း ရာသီႀကိဳမွာေရာ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္မွာ မန္ယူအတြက္ ေျခစြမ္းျပကစားႏိုင္ခဲ့ပါတယ္။

photo-gettyimages

ဘစ္ဆာကာကစားေနတဲ့ညာေနာက္ခံေနရာမွာ လီဗာပူးရဲ႕အာႏိုးကလည္း ေျခစြမ္းျပေနတာျဖစ္ၿပီး အထူးသျဖင့္ ၿပီးခဲ့တဲ့ရာသီက လီဗာပူးနဲ႔အတူ ခ်န္ပီယံလိဂ္ေအာင္ျမင္မႈရရွိခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံးညာေနာက္ခံလူအျဖစ္ေတာင္ ေျပာဆုိသတ္မွတ္ၾကမႈေတြရွိခဲ့ပါတယ္။ ဒါေပမဲ့ ၁၉၉၁ ကေန ၁၉၉၆ အထိ မန္ယူခံစစ္မွာ ၅ ႏွစ္ၾကာကစားခဲ့တဲ့ ပါကားကေတာ့ ဘစ္ဆာကာကသာ ပိုေကာင္းတဲ့ခံစစ္ကစားသမားလို႔ ယူဆခဲ့ၿပီး ဘာေၾကာင့္ဆိုတာလဲ အခုလိုေျပာခဲ့ပါတယ္။

photo-gettyimages

”ကၽြန္ေတာ္ကေတာ့ ဘစ္ဆာကာကို ေနာက္ခံလူတစ္ေယာက္အေနနဲ႔ပဲ သုံးသပ္ျပမွာပါ။ သူဟာ ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံးညာေနာက္ခံလူပါ။ အဲဒါကို ကၽြန္ေတာ္အႀကိမ္ေပါင္းမ်ားစြာေျပာခဲ့ၿပီးပါၿပီ။ မႏွစ္ကလည္း သူ႔ပြဲေတြကို ကၽြန္ေတာ္မၾကာခဏၾကည့္ခဲ့ပါတယ္။ လူေတြက လီဗာပူးက ေကာင္ေလးအေၾကာင္းကိုသာ ေျပာေနၾကတယ္။ ဒါေပမဲ့ သူက ဘစ္ဆာကာလို ခံစစ္ကိုေကာင္းေကာင္းမကစားႏိုင္ဘူးေလ။ ဘစ္ဆာကာက ကာကြယ္ပုံေရာ ေနရာယူပုံပါ အရမ္းကိုေကာင္းတာပါ။ မေန႔က ခ်ဲလ္ဆီးနဲ႔ပြဲမွာ သူေအာင္ျမင္ခဲ့တဲ့ဖ်က္ထုတ္မႈတိုင္းဟာ ေသေသသပ္သပ္ရွိခဲ့ပါတယ္”လို႔ ေပါလ္ပါကားက ေျပာၾကားခဲ့တာပါ။

[Unicode]

မန်ယူအသင်းနောက်ခံလူဟောင်းပေါလ်ပါကားက ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးညာနောက်ခံလူဟာ မန်ယူက ဘစ်ဆာကာသာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ မန်ယူဟာ အဲဒီအင်္ဂလန်ယူ-၂၁ ကစားသမားကို ဒီနွေရာသီအပြောင်းအရွှေ့မှာ ပဲလေ့စ်ကနေ ပြောင်းရွှေ့ကြေးပေါင်သန်း ၅၀ နဲ့ ခေါ်ယူခဲ့ပါတယ်။ ဘစ်ဆာကာကလည်း ရာသီကြိုမှာရော ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ မန်ယူအတွက် ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

ဘစ်ဆာကာကစားနေတဲ့ညာနောက်ခံနေရာမှာ လီဗာပူးရဲ့အာနိုးကလည်း ခြေစွမ်းပြနေတာဖြစ်ပြီး အထူးသဖြင့် ပြီးခဲ့တဲ့ရာသီက လီဗာပူးနဲ့အတူ ချန်ပီယံလိဂ်အောင်မြင်မှုရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးညာနောက်ခံလူအဖြစ်တောင် ပြောဆိုသတ်မှတ်ကြမှုတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၉၁ ကနေ ၁၉၉၆ အထိ မန်ယူခံစစ်မှာ ၅ နှစ်ကြာကစားခဲ့တဲ့ ပါကားကတော့ ဘစ်ဆာကာကသာ ပိုကောင်းတဲ့ခံစစ်ကစားသမားလို့ ယူဆခဲ့ပြီး ဘာကြောင့်ဆိုတာလဲ အခုလိုပြောခဲ့ပါတယ်။

”ကျွန်တော်ကတော့ ဘစ်ဆာကာကို နောက်ခံလူတစ်ယောက်အနေနဲ့ပဲ သုံးသပ်ပြမှာပါ။ သူဟာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးညာနောက်ခံလူပါ။ အဲဒါကို ကျွန်တော်အကြိမ်ပေါင်းများစွာပြောခဲ့ပြီးပါပြီ။ မနှစ်ကလည်း သူ့ပွဲတွေကို ကျွန်တော်မကြာခဏကြည့်ခဲ့ပါတယ်။ လူတွေက လီဗာပူးက ကောင်လေးအကြောင်းကိုသာ ပြောနေကြတယ်။ ဒါပေမဲ့ သူက ဘစ်ဆာကာလို ခံစစ်ကိုကောင်းကောင်းမကစားနိုင်ဘူးလေ။ ဘစ်ဆာကာက ကာကွယ်ပုံရော နေရာယူပုံပါ အရမ်းကိုကောင်းတာပါ။ မနေ့က ချဲလ်ဆီးနဲ့ပွဲမှာ သူအောင်မြင်ခဲ့တဲ့ဖျက်ထုတ်မှုတိုင်းဟာ သေသေသပ်သပ်ရှိခဲ့ပါတယ်”လို့ ပေါလ်ပါကားက ပြောကြားခဲ့တာပါ။