အနာဂါတ္မေရရာေသးေပမယ့္ ရိုးမားနဲ႔႔ပြဲ ရီးရဲလ္လူစာရင္းမွာျပန္ပါလာတဲ့ေဘးလ္

0
272

photo-gettyimages

photo-gettyimages

သူ႔ရဲ႕အနာဂါတ္ဟာ ဘာေနဗ်ဴးမွာ ဘာမွမေရရာမေသခ်ာေသးေပမယ့္ ဂါရတ္ေဘးလ္ကေတာ့ ရိုးမားနဲ႔ေျခစမ္းပြဲကစားမယ့္ နည္းျပဇီဒန္းရဲ႕ရီးရဲလ္လူစာရင္းမွာ ျပန္လည္ပါ၀င္လာခဲ့ပါတယ္။ အဲဒီေ၀းလ္လက္ေရြးစင္ကစားသမားဟာ ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ အသင္းကထြက္ခြာလုနီးပါးျဖစ္ခဲ့ၿပီး မက္ေလာက္ဖြယ္ တစ္ပတ္ေပါင္ ၁ သန္းစာခ်ဳပ္နဲ႔ တရုတ္စူပါလိဂ္ကိုေရာက္မလိုျဖစ္ခဲ့ေပမယ့္ အံ့ၾသစြာနဲ႔ပဲ ပ်က္ျပယ္သြားခဲ့ရပါတယ္။ အခုခ်ိန္ထိလည္း ဒီရာသီရီးရဲလ္မွာ သူဆက္ရွိႏိုင္မလားဆိုတာ ရွင္းရွင္းလင္းလင္းမရွိေသးပါဘူး။

photo-gettyimages

ရီးရဲလ္နည္းျပဇီဒန္းကေတာ့ အသက္ ၃၀ အရြယ္ဂါရတ္ေဘးလ္ကို အသင္းမွာ မရွိေစခ်င္ေတာ့ဘူးလို႔ ပြင့္ပြင့္လင္းလင္းေျပာထားပါတယ္။ အဲဒီလုိေျပာခဲ့မႈေၾကာင့္လည္း ေဘးလ္ရဲ႕ေအးဂ်င့္က ျပင္းျပင္းထန္ထန္ျပန္လည္တု႔ံျပန္မႈျပဳလုပ္ခဲ့ပါတယ္။ ဒီလုိအေျခအေနေၾကာင့္လည္း ေဘးလ္ဟာ ရီးရဲလ္ရဲ႕ရာသီႀကိဳကာလပြဲစဥ္အမ်ားစုမွာ လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရပါတယ္။ သူဟာ ဒီရာသီႀကိဳက ရီးရဲလ္ရဲ႕ပြဲစဥ္ ၆ ပြဲမွာ ၂ ပြဲသာပါခဲ့ၿပီး ဇူလိုင္လအတြင္းက ကစားခဲ့တဲ့ အာဆင္နယ္၊အက္သလက္တီကိုတို႔နဲ႔ပြဲေတြမွာပါ။

photo-real madrid

ဒါေပမဲ့လည္း လာလီဂါရာသီသစ္မစခင္ အသင္းရဲ႕ေနာက္ဆုံးေျခစမ္းပြဲအတြက္ အေယာက္ ၂၀ ပါလူစာရင္းမွာ ေဘးလ္ျပန္ပါလာတာဟာ အသင္းမွာ သူဆက္ရွိႏိုင္တဲ့အေျခအေနအေျပာင္းအလဲ ျဖစ္လာႏိုင္ပါတယ္။ ေဘးလ္ကသာ ရီးရဲလ္လူစာရင္းမွာ ျပန္ပါလာေပမယ့္ ကြင္းလယ္လူဂ်ိမ္းစ္ရိုဒရီဂြက္ဇ္ကေတာ့ အခုခ်ိန္ထိ ေရြးခ်ယ္ခံရျခင္း မရွိေသးပါဘူး။ အဲဒီကိုလံဘီယာသားဟာ ဘုိင္ယန္မွာ ၂ ႏွစ္ၾကာအငွားကစားၿပီးေနာက္ ရီးရဲလ္ကိုျပန္ေရာက္ေနေပမယ့္ ရာသီႀကဳိမွာလုံး၀ပါ၀င္ရျခင္းမရွိေသးတာပါ။ ဂ်ိမ္းစ္ရိုဒရီဂြက္ဇ္ကို အက္သလက္တီကိုနဲ႔ နာပိုလီတို႔က ေခၚယူဖို႔ အၿပိဳ္င္အဆိုင္ႀကိဳးပမ္းေနၾကပါတယ္။

[Unicode]

သူ့ရဲ့အနာဂါတ်ဟာ ဘာနေဗျူးမှာ ဘာမှမရေရာမသေချာသေးပေမယ့် ဂါရတ်ဘေးလ်ကတော့ ရိုးမားနဲ့ခြေစမ်းပွဲကစားမယ့် နည်းပြဇီဒန်းရဲ့ရီးရဲလ်လူစာရင်းမှာ ပြန်လည်ပါဝင်လာခဲ့ပါတယ်။ အဲဒီဝေးလ်လက်ရွေးစင်ကစားသမားဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ အသင်းကထွက်ခွာလုနီးပါးဖြစ်ခဲ့ပြီး မက်လောက်ဖွယ် တစ်ပတ်ပေါင် ၁ သန်းစာချုပ်နဲ့ တရုတ်စူပါလိဂ်ကိုရောက်မလိုဖြစ်ခဲ့ပေမယ့် အံ့သြစွာနဲ့ပဲ ပျက်ပြယ်သွားခဲ့ရပါတယ်။ အခုချိန်ထိလည်း ဒီရာသီရီးရဲလ်မှာ သူဆက်ရှိနိုင်မလားဆိုတာ ရှင်းရှင်းလင်းလင်းမရှိသေးပါဘူး။

ရီးရဲလ်နည်းပြဇီဒန်းကတော့ အသက် ၃၀ အရွယ်ဂါရတ်ဘေးလ်ကို အသင်းမှာ မရှိစေချင်တော့ဘူးလို့ ပွင့်ပွင့်လင်းလင်းပြောထားပါတယ်။ အဲဒီလိုပြောခဲ့မှုကြောင့်လည်း ဘေးလ်ရဲ့အေးဂျင့်က ပြင်းပြင်းထန်ထန်ပြန်လည်တုံ့ပြန်မှုပြုလုပ်ခဲ့ပါတယ်။ ဒီလိုအခြေအနေကြောင့်လည်း ဘေးလ်ဟာ ရီးရဲလ်ရဲ့ရာသီကြိုကာလပွဲစဉ်အများစုမှာ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။ သူဟာ ဒီရာသီကြိုက ရီးရဲလ်ရဲ့ပွဲစဉ် ၆ ပွဲမှာ ၂ ပွဲသာပါခဲ့ပြီး ဇူလိုင်လအတွင်းက ကစားခဲ့တဲ့ အာဆင်နယ်၊အက်သလက်တီကိုတို့နဲ့ပွဲတွေမှာပါ။

ဒါပေမဲ့လည်း လာလီဂါရာသီသစ်မစခင် အသင်းရဲ့နောက်ဆုံးခြေစမ်းပွဲအတွက် အယောက် ၂၀ ပါလူစာရင်းမှာ ဘေးလ်ပြန်ပါလာတာဟာ အသင်းမှာ သူဆက်ရှိနိုင်တဲ့အခြေအနေအပြောင်းအလဲ ဖြစ်လာနိုင်ပါတယ်။ ဘေးလ်ကသာ ရီးရဲလ်လူစာရင်းမှာ ပြန်ပါလာပေမယ့် ကွင်းလယ်လူဂျိမ်းစ်ရိုဒရီဂွက်ဇ်ကတော့ အခုချိန်ထိ ရွေးချယ်ခံရခြင်း မရှိသေးပါဘူး။ အဲဒီကိုလံဘီယာသားဟာ ဘိုင်ယန်မှာ ၂ နှစ်ကြာအငှားကစားပြီးနောက် ရီးရဲလ်ကိုပြန်ရောက်နေပေမယ့် ရာသီကြိုမှာလုံးဝပါဝင်ရခြင်းမရှိသေးတာပါ။ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို အက်သလက်တီကိုနဲ့ နာပိုလီတို့က ခေါ်ယူဖို့ အပြိုင်အဆိုင်ကြိုးပမ်းနေကြပါတယ်။