ဘယ်သူတွေဘယ်ကိုပြောင်းပြောင်း ကော်တင်ညိုကတော့ ဘာစီလိုနာမှာပဲ ဆက်နေရမယ်

0
384

Photo Credit-givemesport

ကစားသမားအပြောင်းအရွှေ့ဈေးကွက်မှာ အခြားသူတွေနာမည်ကျော်နေပေမယ့် ကော်တင်ညိုကတော့ ခေါ်မယ့် အသင်းမရှိဘူးဖြစ်နေပါတယ်။ ရှေ့ပိုင်းမှာတော့ လီဗာပူး၊မန်ယူတို့ဆီရောက်မယ်ဆိုတဲ့အသံတွေထွက်ခဲ့ပါတယ်။ ဒါပေမယ့်ထင်သလို မဖြစ်ခဲ့ပါဘူး။

Photo Credit-internet

ကော်တင်ညိုဟာ ၂၀၁၈-၁၉ ဘောလုံးရာသီမှာ အတော်ကိုကြိုးစားကစားခဲ့ရပါတယ်။ ဒါပေမယ့် မျက်နှာပန်းလှတဲ့ ကစားသမားတစ်ယောက်တော့မဖြစ်ခဲ့ပါဘူး။  ဒါကြောင့် ဘာစီလိုနာဟာ ကော်တင်ညိုကို ဈေးလျှော့ရောင်းချင်နေပါတယ်။ ဒါပေမယ့် ကမ်းလှမ်းချက်တွေမရှိဘူးလို့ အသင်းရဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

Photo Credit-skysports

ဒါ့ကြောင့် ကော်တင်ညိုဟာ ဘာစီလိုနာအသင်းမှာသာ ဆက်နေသွားရတော့မှာဖြစ်ပါတယ်။ လာမယ့်ပွဲတွေမှာ ကော်တင်ညိုရဲ့ ကြိုးစားမှုကသာ သူ့ရဲ့ ကံတရားကိုပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်။ အခုအပြောင်းအရွှေ့ကာလမှာတော့ သူ့အတွက်မျှော်လင့်ချက်မရှိတော့ပါဘူး။ ကော်တင်ညိုဟာ ပြီးခဲ့တဲ့နှစ်က လီဗာပူးကနေ ဘာစီလိုနာကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

Photo Credit-telegraph

(Unicode Version)

ဖာနန်ဒက်စ်နဲ့ မပြီးဆုံးနိုင်တဲ့သတင်းတွေ

စပို့တင်းအသင်းရဲ့ကစားသမားဖာနန်ဒက်စဟာ ကွင်းထဲမှာ ငိုခဲ့တဲ့အချိန်ကနေ စပြီးသတင်းလူသားအဖြစ် ပိုမိုကျော်ကြားလာခဲ့တာဖြစ်ပါတယ်။ မန်ယူကိုပြောင်းရလို့ငိုတယ်ဆိုပြီးမှတ်ချက်ချတာတွေ ရှိသလို၊မကြာမီပဲဆေးစစ်ရတော့မယ်ဆိုတဲ့သတင်းစကားတွေလည်းကြားရပါတယ်။ ဒါ့အပြင် လေယာဉ်ပျံကြီးစီးပြီးမန်ယူကိုလာနေပြန်ပြီဆိုတဲ့ သတင်းတွေလည်းထွက်ပေါ်ပြန်ပါတယ်။

ဒါပေမယ့် အခုအချိန်ထိတိကျသေချာတဲ့သတင်းတွေမရသေးပါဘူး။ ဒီလိုအခြေအနေမှာပဲ သတင်းတွေကိုပိုဆူစေမယ့် အနေအထားတစ်ရပ်ဖြစ်လာပါတယ်။ ဒါကတော့ စပါးအသင်းက ဖာနန်ဒက်စ်ကို ကြားဖြတ်ခေါ်ယူမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။

စပါးအသင်းဟာပြောင်းရွှေ့ကြေးမြင့်မားတဲ့ကစားသမားတွေထက် ဈေးနည်းနည်း သက်သာတဲ့လူငယ်ကစားသမားတွေကိုသာပစ်မှတ်ထားခေါ်ယူတာဖြစ်ပါတယ်။ ဒါကြောင့် တကယ်သာ ဖာနန်ဒက်စ်ကိုခေါ်ယူမယ်ဆိုရင်တော့ ဒီနှစ်ထဲမှာ ပြောင်းရွှေ့ကြေးအတွက် ငွေတော်တော်သုံးမယ်လို့ စပါးအနေနဲ့ဆုံးဖြတ်ထားဟန်ရှိပါတယ်။

ဖာနန်ဒက်စ်အတွက်ပြောင်းရွှေ့ကြေး ပေါင် 45 သန်းပေးထားပေမယ့် အဆင်မပြေတာကြောင့် ထပ်မံညှိနှိုင်းဖို့ကြိုးစားနေတယ်လို့အချို့သတင်းတွေက ဆိုကြပါတယ်။ စပါးဟာတကယ်ပဲ ဖာနန်ဒက်စ်ကို ခေါ်ယူချင်တာလား၊ဒါမှမဟုတ် မန်ယူ၊ဖာနန်ဒက်စ်နဲ့စပို့တင်းကိစ္စကို ပိုမိုဇာတ်ရှိန်တက်အောင်လုပ်တာလားဆိုတာစောင့်ကြည့်ရပါမယ်။ လက်ရှိမှာတော့ ဖာနန်ဒက်စ်အနေနဲ့ စပို့တင်းမှာပဲလေ့ကျင့်ရေးတွေဆင်းနေလား၊ မန်ယူဆီကိုသွားတဲ့လေယာဉ်ပေါ်မှာလား ဆိုတာကတော့ မကြာမီ အဖြေပေါ်တော့မှာဖြစ်ပါတယ်။