တစ္ရာသီလံုး ဂုိး 20 မျပည့္ရင္ ဘာဆင္ေျခမွေပးလုိ႔ရမွာမဟုတ္တဲ့ ရက္ရွ္ဖုိ႔ဒ္

0
868
Photo Credit: Getty Images

မန္ယူအသင္းတုိက္စစ္မွဴးရက္ရွ္ဖုိ႔ဒ္အေနနဲ႔ ပရီးမီးယားလိဂ္တစ္ရာသီလံုးမွာ ဂိုး 20 ျပည့္ေအာင္မသြင္းႏုိင္ရင္ ဘာမွဆင္ေျခေပးေနလုိ႔မရဘူးလုိ႔ တုိက္စစ္မွဴးေဟာင္းလူး၀စ္ဆာဟာက သတိေပးေျပာၾကားခဲ့ပါတယ္။

Photo Credit: Getty Images

အသက္ 21 ႏွစ္အရြယ္ ရက္ရွ္ဖုိ႔ဒ္ဟာ မန္ယူက ခ်ဲလ္ဆီးကို 4-0 နဲ႔အႏုိင္ရခဲ့တဲ့ ရာသီအဖြင့္ပြဲမွာ 2 ဂုိးသြင္းကာေျခစြမ္းျပႏုိင္ခဲ့သူပါ။ ဒါေပမဲ့ သူဟာ မန္ယူအသင္းႀကီးအတြက္ စတင္ပြဲထြက္ခြင့္ရၿပီးေနာက္ပိုင္း 4 ရာသီအတြင္း ပရီးမီးယားလိဂ္မွာ 10 ဂုိးထက္ပိုၿပီးသြင္းႏုိင္တာက တစ္ႀကိမ္မွ်မရွိခဲ့ပါဘူး။ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္ 33 ပြဲမွာ 10 ဂုိးသြင္းႏုိင္ခဲ့တာက ရက္ရွ္ဖုိ႔ဒ္ရဲ႕ မန္ယူကစားသမားဘ၀မွာ အျမင့္ဆံုးရာသီျဖစ္ခဲ့တာပါ။

Photo Credit: Getty Images

ဒီရာသီမွာေတာ့ ရက္ရွ္ဖုိ႔ဒ္ဟာ နည္းျပဆုိးလ္ရွားရဲ႕ဦးစားေပးကစားသမားျဖစ္လာခဲ့ၿပီး မန္ယူတုိက္စစ္ပိုင္းအတြက္ အေရးပါဆံုးသူတစ္ဦးအျဖစ္လည္း သတ္မွတ္ခံထားရပါတယ္။ ဒါေၾကာင့္လည္း ဆာဟာက ရက္ရွ္ဖုိ႔ဒ္ရဲ႕ေျခစြမ္းကိုခ်ီးက်ဴးခဲ့ေပမယ့္ တစ္ရာသီလံုးေနလုိ႔ ဂုိး 20 ျပည့္ေအာင္မသြင္းႏုိင္ရင္ေတာ့ ဆင္ေျခေပးလုိ႔မရႏုိင္ဘူးလုိ႔ ေျပာၾကားလုိက္တာျဖစ္ပါတယ္။

Photo Credit: Getty Images

”ပရီးမီးယားလိဂ္မွာ ဂိုး 20 ျပည့္ေအာင္မသြင္းႏုိင္ရင္ေတာ့ ရက္ရွ္ဖုိ႔ဒ္အတြက္ ဘာမွဆင္ေျခေပးေနလုိ႔မရပါဘူး။ သူဟာ တုိက္စစ္မွာ ဆုိးလ္ရွားရဲ႕အဓိကလူျဖစ္ေနၿပီဆုိတာထင္ရွားပါတယ္။ ပြဲစဥ္တုိင္းနီးပါးပါ၀င္ခြင့္ရေတာ့မွာျဖစ္ၿပီး ဂိုးေတြသြင္းႏုိင္ဖုိ႔ လံုေလာက္တဲ့အခြင့္အေရးေတြရေတာ့မွာပါ။ သူဟာ သိပ္ေကာင္းတဲ့ကစားသမားျဖစ္ၿပီး ေရႊဖိနပ္ဆုရႏုိင္တဲ့ အရည္အေသြးအားလံုးကိုလည္း ပိုင္ဆုိင္ထားတဲ့သူပါ”လုိ႔ ဆာဟာကေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ ဆာဟာက နည္းျပဆုိးလ္ရွားမွာ ကစားသမားဘ၀က အဆံုးသတ္ဂိုးသြင္းမႈပိုင္းမွာ အေကာင္းဆံုးသူျဖစ္ခဲ့လုိ႔ ရက္ရွ္ဖုိ႔ဒ္ကို ကူညီေပးႏုိင္မယ္လုိ႔လည္း ဆုိပါတယ္။

(Unicode)

တစ်ရာသီလုံး ဂိုး 20 မပြည့်ရင် ဘာဆင်ခြေမှပေးလို့ရမှာမဟုတ်တဲ့ ရက်ရှ်ဖို့ဒ်

မန်ယူအသင်းတိုက်စစ်မှူးရက်ရှ်ဖို့ဒ်အနေနဲ့ ပရီးမီးယားလိဂ်တစ်ရာသီလုံးမှာ ဂိုး 20 ပြည့်အောင်မသွင်းနိုင်ရင် ဘာမှဆင်ခြေပေးနေလို့မရဘူးလို့ တိုက်စစ်မှူးဟောင်းလူးဝစ်ဆာဟာက သတိပေးပြောကြားခဲ့ပါတယ်။

အသက် 21 နှစ်အရွယ် ရက်ရှ်ဖို့ဒ်ဟာ မန်ယူက ချဲလ်ဆီးကို 4-0 နဲ့အနိုင်ရခဲ့တဲ့ ရာသီအဖွင့်ပွဲမှာ 2 ဂိုးသွင်းကာခြေစွမ်းပြနိုင်ခဲ့သူပါ။ ဒါပေမဲ့ သူဟာ မန်ယူအသင်းကြီးအတွက် စတင်ပွဲထွက်ခွင့်ရပြီးနောက်ပိုင်း 4 ရာသီအတွင်း ပရီးမီးယားလိဂ်မှာ 10 ဂိုးထက်ပိုပြီးသွင်းနိုင်တာက တစ်ကြိမ်မျှမရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် 33 ပွဲမှာ 10 ဂိုးသွင်းနိုင်ခဲ့တာက ရက်ရှ်ဖို့ဒ်ရဲ့ မန်ယူကစားသမားဘဝမှာ အမြင့်ဆုံးရာသီဖြစ်ခဲ့တာပါ။

ဒီရာသီမှာတော့ ရက်ရှ်ဖို့ဒ်ဟာ နည်းပြဆိုးလ်ရှားရဲ့ဦးစားပေးကစားသမားဖြစ်လာခဲ့ပြီး မန်ယူတိုက်စစ်ပိုင်းအတွက် အရေးပါဆုံးသူတစ်ဦးအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။ ဒါကြောင့်လည်း ဆာဟာက ရက်ရှ်ဖို့ဒ်ရဲ့ခြေစွမ်းကိုချီးကျူးခဲ့ပေမယ့် တစ်ရာသီလုံးနေလို့ ဂိုး 20 ပြည့်အောင်မသွင်းနိုင်ရင်တော့ ဆင်ခြေပေးလို့မရနိုင်ဘူးလို့ ပြောကြားလိုက်တာဖြစ်ပါတယ်။

”ပရီးမီးယားလိဂ်မှာ ဂိုး 20 ပြည့်အောင်မသွင်းနိုင်ရင်တော့ ရက်ရှ်ဖို့ဒ်အတွက် ဘာမှဆင်ခြေပေးနေလို့မရပါဘူး။ သူဟာ တိုက်စစ်မှာ ဆိုးလ်ရှားရဲ့အဓိကလူဖြစ်နေပြီဆိုတာထင်ရှားပါတယ်။ ပွဲစဉ်တိုင်းနီးပါးပါဝင်ခွင့်ရတော့မှာဖြစ်ပြီး ဂိုးတွေသွင်းနိုင်ဖို့ လုံလောက်တဲ့အခွင့်အရေးတွေရတော့မှာပါ။ သူဟာ သိပ်ကောင်းတဲ့ကစားသမားဖြစ်ပြီး ရွှေဖိနပ်ဆုရနိုင်တဲ့ အရည်အသွေးအားလုံးကိုလည်း ပိုင်ဆိုင်ထားတဲ့သူပါ”လို့ ဆာဟာကပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဆာဟာက နည်းပြဆိုးလ်ရှားမှာ ကစားသမားဘဝက အဆုံးသတ်ဂိုးသွင်းမှုပိုင်းမှာ အကောင်းဆုံးသူဖြစ်ခဲ့လို့ ရက်ရှ်ဖို့ဒ်ကို ကူညီပေးနိုင်မယ်လို့လည်း ဆိုပါတယ်။