ချဲလ်ဆီးအသင်းပွဲကြည့်စင်ပေါ်မှာ ရှားရှားပါးပါးပြန်လည်မြင်တွေ့ရတဲ့ ပိုင်ရှင်မိုဗစ်ခ်ျ

0
383
Photo Credit: Daily Mail

ချဲလ်ဆီးက ဆဲလ်ဘတ်ကို ၅-၃ နဲ့အနိုင်ရခဲ့တာဟာ နောက်ဆုံးခြေစမ်းပွဲ ၃ ပွဲဆက်တိုက်အနိုင်ရမှုဖြစ်ခဲ့လို့ အသင်းပရိသတ်တွေအတွက် ပျော်ရွှင်စရာဖြစ်ခဲ့သလို ပိုင်ရှင်အေဘရာမိုဗစ်ခ်ျကို ပွဲကြည့်စင်ပေါ်မှာ ထူးထူးခြားခြား ပြန်လည်မြင်တွေ့ခွင့်ရခဲ့တာကလည်း ကျေနပ်စရာပဲလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။

Photo Credit: Daily Mail

ချဲလ်ဆီးအသင်းပိုင်ရှင်အေဘရာမိုဗစ်ခ်ျဟာ ဗြိတိန်နဲ့ ရုရှားအစိုးရကြားက နိုင်ငံရေးတင်းမာမှုကြောင့် UK ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်ခံရသူတွေထဲမှာ အပါအ၀င်ဖြစ်ခဲ့တာပါ။ ဒါကြောင့်လည်း စတမ်းဖို့ဒ်ဘရစ်ခ်ျရဲ့ပွဲကြည့်စင်ထက်မှာ အမြဲလိုလိုမြင်တွေ့ခွင့်ရခဲ့တဲ့ အေဘရာမိုဗစ်ခ်ျရဲ့ပုံရိပ်တွေပျောက်ဆုံးခဲ့ပြီး ကလပ်အပေါ်စိတ်ကုန်နေပြီလို့လည်း သတင်းထွက်ခဲ့ပါတယ်။ ဒါပေမဲ့ မိုဗစ်ခ်ျဟာ ဆဲလ်ဘတ်ကိုအနိုင်ရခဲ့တဲ့ပွဲစဉ်ကိုတော့ သြစတြီးယားမြေမှာ မိသားစုလိုက် လာရောက်အားပေးခဲ့ပြီး ပြုံးရွှင်ရယ်မောနေတာကိုလည်းမြင်တွေ့ခဲ့ရပါတယ်။

Photo Credit: Daily Mail

မိုဗစ်ခ်ျဟာ ချဲလ်ဆီးအသင်းဗိုလ်စွဲခဲ့တဲ့ ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်ဗိုလ်လုပွဲကိုလည်း အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့မှာ လာရောက်အားပေးခဲ့သေးတာပါ။ ဆဲလ်ဘတ်နဲ့ပွဲကတော့ ပြီးခဲ့တဲ့ ၁ နှစ်ကျော်အတွင်း ချဲလ်ဆီးအသင်းကို မိုဗစ်ခ်ျကိုယ်တိုင်လာရောက်အားပေးတဲ့ ဒုတိယမြောက်ပွဲစဉ်ဖြစ်ခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ ချဲလ်ဆီးအတွက် ပူလီဆစ်က ၂ ဂိုး၊ ပတ်ဒရိုက လှပတဲ့နောက်ပြန်ကန်ချက်နဲ့ ၁ ဂိုးသွင်းယူမှုအပါအ၀င် ၅-၃ နဲ့အနိုင်ရခဲ့သလို အသင်းအပေါ် မိုဗစ်ခ်ျရဲ့အာရုံစိုက်မှုကိုလည်း ပြန်လည်မြင်တွေ့ခွင့်ရခဲ့တာကြောင့် ချဲလ်ဆီးပရိသတ်တွေက ကျေနပ်နေကြပါတယ်။

(Unicode)

ချဲလ်ဆီးအသင်းပွဲကြည့်စင်ပေါ်မှာ ရှားရှားပါးပါးပြန်လည်မြင်တွေ့ရတဲ့ ပိုင်ရှင်မိုဗစ်ချ်

ချဲလ်ဆီးက ဆဲလ်ဘတ်ကို ၅-၃ နဲ့အနိုင်ရခဲ့တာဟာ နောက်ဆုံးခြေစမ်းပွဲ ၃ ပွဲဆက်တိုက်အနိုင်ရမှုဖြစ်ခဲ့လို့ အသင်းပရိသတ်တွေအတွက် ပျော်ရွှင်စရာဖြစ်ခဲ့သလို ပိုင်ရှင်အေဘရာမိုဗစ်ချ်ကို ပွဲကြည့်စင်ပေါ်မှာ ထူးထူးခြားခြား ပြန်လည်မြင်တွေ့ခွင့်ရခဲ့တာကလည်း ကျေနပ်စရာပဲလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။

ချဲလ်ဆီးအသင်းပိုင်ရှင်အေဘရာမိုဗစ်ချ်ဟာ ဗြိတိန်နဲ့ ရုရှားအစိုးရကြားက နိုင်ငံရေးတင်းမာမှုကြောင့် UK ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်ခံရသူတွေထဲမှာ အပါအဝင်ဖြစ်ခဲ့တာပါ။ ဒါကြောင့်လည်း စတမ်းဖို့ဒ်ဘရစ်ချ်ရဲ့ပွဲကြည့်စင်ထက်မှာ အမြဲလိုလိုမြင်တွေ့ခွင့်ရခဲ့တဲ့ အေဘရာမိုဗစ်ချ်ရဲ့ပုံရိပ်တွေပျောက်ဆုံးခဲ့ပြီး ကလပ်အပေါ်စိတ်ကုန်နေပြီလို့လည်း သတင်းထွက်ခဲ့ပါတယ်။ ဒါပေမဲ့ မိုဗစ်ချ်ဟာ ဆဲလ်ဘတ်ကိုအနိုင်ရခဲ့တဲ့ပွဲစဉ်ကိုတော့ သြစတြီးယားမြေမှာ မိသားစုလိုက် လာရောက်အားပေးခဲ့ပြီး ပြုံးရွှင်ရယ်မောနေတာကိုလည်းမြင်တွေ့ခဲ့ရပါတယ်။

မိုဗစ်ချ်ဟာ ချဲလ်ဆီးအသင်းဗိုလ်စွဲခဲ့တဲ့ ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်ဗိုလ်လုပွဲကိုလည်း အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့မှာ လာရောက်အားပေးခဲ့သေးတာပါ။ ဆဲလ်ဘတ်နဲ့ပွဲကတော့ ပြီးခဲ့တဲ့ ၁ နှစ်ကျော်အတွင်း ချဲလ်ဆီးအသင်းကို မိုဗစ်ချ်ကိုယ်တိုင်လာရောက်အားပေးတဲ့ ဒုတိယမြောက်ပွဲစဉ်ဖြစ်ခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ ချဲလ်ဆီးအတွက် ပူလီဆစ်က ၂ ဂိုး၊ ပတ်ဒရိုက လှပတဲ့နောက်ပြန်ကန်ချက်နဲ့ ၁ ဂိုးသွင်းယူမှုအပါအဝင် ၅-၃ နဲ့အနိုင်ရခဲ့သလို အသင်းအပေါ် မိုဗစ်ချ်ရဲ့အာရုံစိုက်မှုကိုလည်း ပြန်လည်မြင်တွေ့ခွင့်ရခဲ့တာကြောင့် ချဲလ်ဆီးပရိသတ်တွေက ကျေနပ်နေကြပါတယ်။