ကမာၻ႔တန္ေၾကးအျမင့္ဆုံး လာဘ္ေကာင္ျဖစ္သြားတဲ့ ဒန္နီရယ္ဂ်ိမ္းစ္

0
1350
Photo Credit: Getty Images

ေအာ္စလုိၿမိဳ႕မွာကစားခဲ့တဲ့ ခရစၥတီယန္ဆန္းနဲ႔ မန္ယူအသင္းတုိ႔ရဲ႕ေျခစမ္းပြဲစဥ္မွာ မန္ယူေတာင္ပံကစားသမားသစ္ ဒန္နီရယ္ဂ်ိမ္းစ္ရဲ႕ျဖစ္ရပ္က လူမႈကြန္ယက္ေတြမွာ ေရပန္းစားသြားခဲ့ၿပီး ကမာၻေပၚမွာတန္ေၾကးအျမင့္ဆံုးလာဘ္ေကာင္လုိ႔လည္း ဟာသလုပ္ေနၾကပါတယ္။

Photo Credit: Getty Images

ခရစၥတီယန္ဆန္းနဲ႔ပြဲစဥ္မွာ ဒန္နီရယ္ဂ်ိမ္းစ္ဟာ မန္ယူအသင္းရဲ႕ ပြဲထြက္ကစားသမား ၁၁ ဦးစာရင္းမွာပါ၀င္ခဲ့တာပါ။ ဒါေပမဲ့ ပြဲမစခင္ မန္ယူအသင္းသားေတြအားလံုးစုေပါင္းၿပီး အမွတ္တရဓာတ္ပံုရိုက္ကူးစဥ္မွာ ကစားသမားေတြရပ္ရမယ့္ အေနာက္တန္းမွာ မေနဘဲ လာဘ္ေကာင္ကေလးငယ္ေတြနဲ႔အတူ ေရွ႕တန္းမွာ၀င္ရပ္ကာ ဓာတ္ပံုရိုက္ကူးခံခဲ့တာျဖစ္ပါတယ္။ မန္ယူပြဲထြက္ကစားသမားေတြထဲမွာလည္္း ဒန္နီရယ္ဂ်ိမ္းစ္ဟာ အရပ္အပုဆံုးသူျဖစ္ေနလုိ႔ ကေလးငယ္ေတြၾကားမွာရပ္ေနတဲ့ ဂ်ိမ္းစ္ကိုၾကည့္ရတာ လာဘ္ေကာင္ခ်ာတိတ္ေလးတစ္ေယာက္လုိလည္းျဖစ္ေနခဲဲ့တာပါ။

Photo Credit: Getty Images

ေဘးနားရပ္ေနတဲဲ့ ကေလးငယ္ေတြကလည္း ဒန္နီရယ္ဂ်ိမ္းစ္ကိုၾကည့္ကာ ၿပံဳးစိစိျဖစ္ေနတာကိုလည္းျမင္ေတြ႕ရပါတယ္။ ဒန္နီရယ္ဂ်ိးစ္ကလည္း အဲဒီဓာတ္ပံုကို သူ႕ရဲ႕ Twitter အေကာင့္မွာ Share ၿပီး မေန႔ကပြဲစဥ္မွာ ကလပ္ရဲ႕လာဘ္ေကာင္တစ္ဦးအျဖစ္ ေလွ်ာက္လွမ္းလာခြင့္ရတဲ့အေပၚဂုဏ္ယူမိတယ္လုိ႔ ေနာက္ေျပာင္ခဲ့ပါတယ္။ အဲဒီဓာတ္ပံုကို ပရိသတ္ေထာင္ေပါင္းမ်ားစြာကလည္း မွတ္ခ်က္ေပးခဲ့ၾကၿပီး မန္ယူကို ေပါင္ ၁၅ သန္းနဲ႔ေရာက္ရွိလာခဲ့တဲ့ ဒန္နီရယ္ဂ်ိမ္းစ္ဟာ ကမာၻ႔တန္ေၾကးအျမင့္ဆံုးလာဘ္ေကာင္လုိ႔လည္း မီဒီယာေတြကတင္စားခဲ့ၾကပါတယ္။

(Unicode)

ကမ္ဘာ့တန်ကြေးအမြင့်ဆုံး လာဘ်ကောင်ဖြစ်သွားတဲ့ ဒန်နီရယ်ဂျိမ်းစ်

အော်စလိုမြို့မှာကစားခဲ့တဲ့ ခရစ္စတီယန်ဆန်းနဲ့ မန်ယူအသင်းတို့ရဲ့ခြေစမ်းပွဲစဉ်မှာ မန်ယူတောင်ပံကစားသမားသစ် ဒန်နီရယ်ဂျိမ်းစ်ရဲ့ဖြစ်ရပ်က လူမှုကွန်ယက်တွေမှာ ရေပန်းစားသွားခဲ့ပြီး ကမ္ဘာပေါ်မှာတန်ကြေးအမြင့်ဆုံးလာဘ်ကောင်လို့လည်း ဟာသလုပ်နေကြပါတယ်။

ခရစ္စတီယန်ဆန်းနဲ့ပွဲစဉ်မှာ ဒန်နီရယ်ဂျိမ်းစ်ဟာ မန်ယူအသင်းရဲ့ ပွဲထွက်ကစားသမား ၁၁ ဦးစာရင်းမှာပါဝင်ခဲ့တာပါ။ ဒါပေမဲ့ ပွဲမစခင် မန်ယူအသင်းသားတွေအားလုံးစုပေါင်းပြီး အမှတ်တရဓာတ်ပုံရိုက်ကူးစဉ်မှာ ကစားသမားတွေရပ်ရမယ့် အနောက်တန်းမှာ မနေဘဲ လာဘ်ာင်ကလေးငယ်တွေနဲ့အတူ ရှေ့တန်းမှာဝင်ရပ်ကာ ဓာတ်ပုံရိုက်ကူးခံခဲ့တာဖြစ်ပါတယ်။ မန်ယူပွဲထွက်စားသမားတွေထဲမှာလည်း ဒန်နီရယ်ဂျိမ်းစ်ဟာ အရပ်အပုဆုံးသူဖြစ်နေလို့ ကလေးငယ်တွေကြားမှာရပ်နေတဲ့ ဂျိမ်းစ်ကိုကြည့်ရတာ လာဘ်ကောင်ချာတိတ်လေးတစ်ယောက်လိုလည်းဖြစ်နေခဲ့တာပါ။

ဘေးနားရပ်နေတဲ့ ကလေးငယ်တွေကလည်း ဒန်နီရယ်ဂျိမ်းစ်ကိုကြည့်ကာ ပြုံးစိစိဖြစ်နေတာကိုည်းမြင်တွေ့ရပါတယ်။ ဒန်နီရယ်ဂျိးစ်ကလည်း အဲဒီဓာတ်ပုံကို သူ့ရဲ့ Twitter အကောင့်မှာ Share ပြီး မနေ့ကပွဲစဉ်မှာ ကလပ်ရဲ့လာဘ်ကောင်တစ်ဦးအဖြစ် လျှောက်လှမ်းလာခွင့်ရတဲ့အပေါ်ဂုဏ်ယူမိတယ်လို့ နောက်ပြောင်ခဲ့ပါတယ်။ အဲဒီဓာတ်ပုံကို ပရိသတ်ထောင်ပေါင်းများစွာကလည်း မှတ်ချက်ပေးခဲ့ကြပြီး မန်ယူကို ပေါင် ၁၅ သန်းနဲ့ရောက်ရှိလာခဲ့တဲ့ ဒန်နီရယ်ဂျိမ်းစ်ဟာ ကမ္ဘာ့တန်ကြေးအမြင့်ဆုံးလာဘ်ကောင်လို့လည်း မီဒီယာတွေကတင်စားခဲ့ကြပါတယ်။