Nike ဖိနစ္သစ္မွာ အသင္းေဟာင္းကိုဂုဏ္ျပဳတဲ့ ဟာဇတ္ကို ခ်ဲလ္ဆီးပရိသတ္ေတြခ်ီးက်ဴး

0
480

ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္သစ္အီဒင္ဟာဇတ္ဟာ လာမယ့္ရာသီ၀တ္ဆင္ကစားမယ့္ သူ႔ရဲ႕Nike ဖိနပ္သစ္မွာ အသင္းေဟာင္းကို ဂုဏ္ျပဳမႈလုပ္ခဲ့တာေၾကာင့္ အဲဒီအတြက္ ခ်ဲလ္ဆီးပရိသတ္ေတြဟာ ဆုိရွယ္မီဒီယာေပၚမွာ ခ်ီးက်ဴးမႈေတြ ျပဳလုပ္ေနၾကပါတယ္။ အဲဒီဘယ္လ္ဂ်ီယံၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့မတ္လကမွ ေျပာင္းေရႊ႕ေၾကးေပါင္ ၈၉ သန္းနဲ႔ ခ်ဲလ္ဆီးကေန ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေရႊ႕သြားတာျဖစ္ၿပီး ေအာင္ျမင္မႈေပၚမူတည္ကာ သူ႔ရဲ႕ေျပာင္းေရႊ႕ေၾကးဟာ ေပါင္သန္း ၁၅၀ အထိ ရွိလာႏိုင္ပါတယ္။ သူဟာ စတမ္းဖို႔ဒ္ဘရစ္ခ်္က ၇ ႏွစ္တာကစားသမားဘ၀ကို အသင္းပရိသတ္ေတြနဲ႔ ေကာင္းမြန္စြာအဆုံးသတ္ခဲ့တာျဖစ္ၿပီး ခ်ဲလ္ဆီးကစားသမားဘ၀ သူ႔ရဲ႕ေနာက္ဆုံးပြဲမွာ ယူရိုပါလိဂ္ေအာင္ျမင္မႈ ရယူေပးခဲ့ပါတယ္။

photo-gettyimages

ထြက္ခြာမယ့္ သူ႔ရဲ႕ဆုံးျဖတ္ခ်က္ကို ေၾကညာခ်ိန္က ခ်ဲလ္ဆီးနဲ႔အသင္းပရိသတ္ေတြဟာ သူ႔အတြက္ အၿမဲတမ္းထူးရွယ္ျဖစ္လိမ့္မယ္လို႔ ဟာဇတ္က ေျပာခဲ့တာပါ။ အခုေတာ့ သူ႔ရဲ႕စကားေတြကို သက္ေသထူဖို႔ ေျခတစ္လွမ္း လွမ္းခဲ့တာ ျဖစ္ပါတယ္။ ၂၈ ႏွစ္အရြယ္ ဟာဇတ္ဟာ လာမယ့္ရာသီ သူ၀တ္ဆင္ကစားမယ့္ ကိုယ္ပိုင္ဖိနပ္အတြက္ Nike နဲ႔လက္တြဲလုပ္ေဆာင္ခဲ့ၿပီး အဲဒီမွာ အသင္းေဟာင္းကို ဂုဏ္ျပဳမယ့္ဟာလည္း ပါ၀င္ခဲ့တာပါ။ အဲဒါကေတာ့ ဖိနပ္ဟာ ရီးရဲလ္ရဲ႕အိမ္ကြင္း၀တ္စုံအေရာင္ျဖစ္တဲ့ အျဖဴနဲ႔ေရႊေရာင္ခ်ည္းသက္သက္မဟုတ္ဘဲ အသင္းေဟာင္းကိုဂုဏ္ျပဳတဲ့အေနနဲ႔ အျပာေရာင္ကိုလည္း ထည့္သြင္းခဲ့တာပါ။ အျပာေရာင္ထည့္တာက ဟာဇတ္က အသင္းေဟာင္းကိုဂုဏ္ျပဳခ်င္လုိ႔ျဖစ္ေၾကာင္း Nike ၀က္ဘ္ဆိုဒ္ကလည္း ေၾကညာခဲ့ပါတယ္။

photo-Nike

အဲဒါေၾကာင့္လည္း ခ်ဲလ္ဆီးပရိသတ္ေတြဟာ ဆိုရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Twitter ေပၚမွာ သူတုိ႔ရဲ႕ကစားသမားေဟာင္းကို ခ်ီးက်ဴးမႈေတြျပဳလုပ္ခဲ့ၾကပါတယ္။ ပရိသတ္တစ္ေယာက္က ”ဟာဇတ္ဆီက အဆင့္အတန္းရွိတဲ့အျပဳအမူ”လု႔ိ ခ်ီးက်ဴးခဲ့ၿပီး ေနာက္ပရိသတ္တစ္ေယာက္ကလည္း “ထြက္သြားေပမယ့္ ေမ့မွာမဟုတ္ဘူး” လို႔ ေရးတင္ခဲ့ပါတယ္။ ဟာဇတ္ရဲ႕ဖိနပ္သစ္ကို Nike ၀က္ဘ္ဆိုဒ္မွာ ေပါင္ ၂၃၄.၃၅ နဲ႔၀ယ္ယူႏိုင္တယ္လုိ႔ သိရပါတယ္။

[Unicode]

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်သစ်အီဒင်ဟာဇတ်ဟာ လာမယ့်ရာသီဝတ်ဆင်ကစားမယ့် သူ့ရဲ့Nike ဖိနပ်သစ်မှာ အသင်းဟောင်းကို ဂုဏ်ပြုမှုလုပ်ခဲ့တာကြောင့် အဲဒီအတွက် ချဲလ်ဆီးပရိသတ်တွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ ချီးကျူးမှုတွေ ပြုလုပ်နေကြပါတယ်။ အဲဒီဘယ်လ်ဂျီယံကြယ်ပွင့်ဟာ ပြီးခဲ့တဲ့မတ်လကမှ ပြောင်းရွှေ့ကြေးပေါင် ၈၉ သန်းနဲ့ ချဲလ်ဆီးကနေ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့သွားတာဖြစ်ပြီး အောင်မြင်မှုပေါ်မူတည်ကာ သူ့ရဲ့ပြောင်းရွှေ့ကြေးဟာ ပေါင်သန်း ၁၅၀ အထိ ရှိလာနိုင်ပါတယ်။ သူဟာ စတမ်းဖို့ဒ်ဘရစ်ချ်က ၇ နှစ်တာကစားသမားဘဝကို အသင်းပရိသတ်တွေနဲ့ ကောင်းမွန်စွာအဆုံးသတ်ခဲ့တာဖြစ်ပြီး ချဲလ်ဆီးကစားသမားဘ၀ သူ့ရဲ့နောက်ဆုံးပွဲမှာ ယူရိုပါလိဂ်အောင်မြင်မှု ရယူပေးခဲ့ပါတယ်။

ထွက်ခွာမယ့် သူ့ရဲ့ဆုံးဖြတ်ချက်ကို ကြေညာချိန်က ချဲလ်ဆီးနဲ့အသင်းပရိသတ်တွေဟာ သူ့အတွက် အမြဲတမ်းထူးရှယ်ဖြစ်လိမ့်မယ်လို့ ဟာဇတ်က ပြောခဲ့တာပါ။ အခုတော့ သူ့ရဲ့စကားတွေကို သက်သေထူဖို့ ခြေတစ်လှမ်း လှမ်းခဲ့တာ ဖြစ်ပါတယ်။ ၂၈ နှစ်အရွယ် ဟာဇတ်ဟာ လာမယ့်ရာသီ သူဝတ်ဆင်ကစားမယ့် ကိုယ်ပိုင်ဖိနပ်အတွက် Nike နဲ့လက်တွဲလုပ်ဆောင်ခဲ့ပြီး အဲဒီမှာ အသင်းဟောင်းကို ဂုဏ်ပြုမယ့်ဟာလည်း ပါဝင်ခဲ့တာပါ။ အဲဒါကတော့ ဖိနပ်ဟာ ရီးရဲလ်ရဲ့အိမ်ကွင်းဝတ်စုံအရောင်ဖြစ်တဲ့ အဖြူနဲ့ရွှေရောင်ချည်းသက်သက်မဟုတ်ဘဲ အသင်းဟောင်းကိုဂုဏ်ပြုတဲ့အနေနဲ့ အပြာရောင်ကိုလည်း ထည့်သွင်းခဲ့တာပါ။ အပြာရောင်ထည့်တာက ဟာဇတ်က အသင်းဟောင်းကိုဂုဏ်ပြုချင်လို့ဖြစ်ကြောင်း Nike ဝက်ဘ်ဆိုဒ်ကလည်း ကြေညာခဲ့ပါတယ်။

အဲဒါကြောင့်လည်း ချဲလ်ဆီးပရိသတ်တွေဟာ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Twitter ပေါ်မှာ သူတို့ရဲ့ကစားသမားဟောင်းကို ချီးကျူးမှုတွေပြုလုပ်ခဲ့ကြပါတယ်။ ပရိသတ်တစ်ယောက်က ”ဟာဇတ်ဆီက အဆင့်အတန်းရှိတဲ့အပြုအမူ”လု့ိ ချီးကျူးခဲ့ပြီး နောက်ပရိသတ်တစ်ယောက်ကလည်း “ထွက်သွားပေမယ့် မေ့မှာမဟုတ်ဘူး” လို့ ရေးတင်ခဲ့ပါတယ်။ ဟာဇတ်ရဲ့ဖိနပ်သစ်ကို Nike ဝက်ဘ်ဆိုဒ်မှာ ပေါင် ၂၃၄.၃၅ နဲ့ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။