ေပါ့ဂ္ဘာနဲ႔ပတ္သက္ၿပီး သေဘာထားကြဲလြဲေနတဲ့ ဇီဒန္းနဲ႔ ဥကၠ႒ပီရက္ဇ္

0
683
Photo Credit: AS/Marca

မန္ယူအသင္းကြင္းလယ္လူေပါ့ဂ္ဘာကိုေခၚယူေရးန႔ဲပတ္သက္ၿပီး ရီးရဲလ္မက္ဒရစ္ဥကၠ႒ဖေလာ္ရန္တီႏိုပီရက္ဇ္နဲ႔ နည္းျပဇီဒန္းတုိ႔ၾကားမွာ သေဘာထားကြဲလဲြဲမႈေတြျဖစ္ေပၚေနကာ အေျပာင္းအေရႊ႕အေကာင္အထည္ေပၚဖုိ႔ ခက္ခဲလာၿပီလုိ႔ စပိန္သတင္းစာေတြကေဖာ္ျပခဲ့ၾကပါတယ္။

Photo Credit: Getty Images

အသက္ 26 ႏွစ္အရြယ္ ေပါ့ဂ္ဘာဟာ မန္ယူနဲ႔အတူ ရာသီႀကိဳခရီးစဥ္မွာပါ၀င္ေနေပမယ့္ ရီးရဲလ္မက္ဒရစ္န႔ဲေတာ့ အေျပာင္းအေရႊ႕သတင္းေတြထြက္ေပၚေနဆဲျဖစ္ၿပီး သူ႕ရဲ႕လႈပ္ရွားမႈတုိင္းကိုလည္း အားလံုးကေစာင့္ၾကည့္ေနၾကတာပါ။ ရီးရဲလ္နည္းျပဇီဒန္းကိုယ္တုိင္ကလည္း ေပါ့ဂ္ဘာကိုေခၚယူဖုိ႔ ဆႏၵျပင္းျပေနဆဲျဖစ္ပါတယ္။ ရီးရဲလ္ဘုတ္အဖြဲ႕ကလည္း ေပါ့ဂ္ဘာကိုေခၚယူလုိေပမယ့္ မန္ယူအသင္းဘက္က ေပါင္သန္း 180 အထိေစ်းႏႈန္းသတ္မွတ္ထားတာေၾကာင့္ ခက္ခဲမႈရွိလာခဲ့တာပါ။ ေနာက္ဆံုးသတင္းေတြအရေတာ့ ဥကၠ႒ပီရက္ဇ္ဟာ ေပါ့ဂ္ဘာကိုေခၚယူေရးလက္ေလွ်ာ့လုိက္ဖုိ႔ ဇီဒန္းကိုညႊန္ၾကားထားတယ္လုိ႔ ဆုိပါတယ္။

Photo Credit: Getty Images

ရီးရဲလ္မက္ဒရစ္ဟာ ဒီေႏြရာသီအတြင္း ေျပာင္းေရႊ႕ေၾကးေပါင္သန္း 300 ေက်ာ္အထိသံုးစြဲကာ ကစားသမားသစ္ေတြကိုေခၚယူထားေပမယ့္ ရွိၿပီးသားကစားသမားေတြကိုေတာ့ ေရာင္းခ်ဖုိ႔အခက္ေတြ႕ေနရဆဲပါပဲ။ လက္ရွိရီးရဲလ္မွာ ဂါရတ္ေဘးလ္၊ အစၥကို၊ ဂ်ိမ္းစ္ရုိဒရီဂြက္ဇ္တုိ႔လုိ နာမည္ႀကီးကစားသမားေတြက လူပိုေတြလုိျဖစ္ေနေပမယ့္ သူတုိ႔ကို လိုခ်င္တဲ့ေစ်းႏႈန္းနဲ႔ကမ္းလွမ္းလာတဲ့ကလပ္ေတာ့မရွိေသးပါဘူး။ ဂ်ိမ္းစ္ရုိဒရီဂြက္ဇ္ဟာ အက္သလက္တီကိုဆီေျပာင္းေရႊ႕မယ္လုိ႔ သတင္းထြက္ေပၚေနေပမယ့္ အေကာင္အထည္မေဖာ္ႏုိင္ေသးသလုိ ဂါရတ္ေဘးလ္ကလည္း အသင္းမွာဆက္ေနဖုိ႔သာ ဆံုးျဖတ္ထားတာပါ။ ဒါေၾကာင့္လည္း ပီရက္ဇ္က ရီးရဲလ္လူစာရင္းမွာ ဂါရတ္ေဘးလ္ကို ေနရာျပန္ေပးဖုိ႔လုိလားေနၿပီး နည္းျပဇီဒန္းနဲ႔ သေဘာထားကြဲလြဲမႈရွိေနတယ္လုိ႔ သတင္းေတြကဆုိပါတယ္။

(Unicode)

ပေါ့ဂ်ဘာနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲနေတဲ့ ဇီဒန်းနဲ့ ဥက္ကဋ္ဌပီရက်ဇ်

မန်ယူအသင်းကွင်းလယ်လူပေါ့ဂ်ဘာကိုခေါ်ယူရေးနဲ့ပတ်သက်ပြီး ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌဖလော်ရန်တီနိုပီရက်ဇ်နဲ့ နည်းပြဇီဒန်းတို့ကြားမှာ သဘောထားကွဲလွဲမှုတွေဖြစ်ပေါ်နေကာ အပြောင်းအရွှေ့အကောင်အထည်ပေါ်ဖို့ ခက်ခဲလာပြီလို့ စပိန်သတင်းစာတွေကဖော်ပြခဲ့ကြပါတယ်။

အသက် 26 နှစ်အရွယ် ပေါ့ဂ်ဘာဟာ မန်ယူနဲ့အတူ ရာသီကြိုခရီးစဉ်မှာပါဝင်နေပေမယ့် ရီးရဲလ်မက်ဒရစ်နဲ့တော့ အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်နေဆဲဖြစ်ပြီး သူ့ရဲ့လှုပ်ရှားမှုတိုင်းကိုလည်း အားလုံးကစောင့်ကြည့်နေကြတာပါ။ ရီးရဲလ်နည်းပြဇီဒန်းကိုယ်တိုင်ကလည်း ပေါ့ဂ်ဘာကိုခေါ်ယူဖို့ ဆန္ဒပြင်းပြနေဆဲဖြစ်ပါတယ်။ ရီးရဲလ်ဘုတ်အဖွဲ့ကလည်း ပေါ့ဂ်ဘာကိုခေါ်ယူလိုပေမယ့် မန်ယူအသင်းဘက်က ပေါင်သန်း 180 အထိဈေးနှုန်းသတ်မှတ်ထားတာကြောင့် ခက်ခဲမှုရှိလာခဲ့တာပါ။ နောက်ဆုံးသတင်းတွေအရတော့ ဥက္ကဋ္ဌပီရက်ဇ်ဟာ ပေါ့ဂ်ဘာကိုခေါ်ယူရေးလက်လျှော့လိုက်ဖို့ ဇီဒန်းကိုညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဒီနွေရာသီအတွင်း ပြောင်းရွှေ့ကြေးပေါင်သန်း 300 ကျော်အထိသုံးစွဲကာ ကစားသမားသစ်တွေကိုခေါ်ယူထားပေမယ့် ရှိပြီးသားကစားသမားတွေကိုတော့ ရောင်းချဖို့အခက်တွေ့နေရဆဲပါပဲ။ လက်ရှိရီးရဲလ်မှာ ဂါရတ်ဘေးလ်၊ အစ္စကို၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့လို နာမည်ကြီးကစားသမားတွေက လူပိုတွေလိုဖြစ်နေပေမယ့် သူတို့ကို လိုချင်တဲ့ဈေးနှုန်းနဲ့ကမ်းလှမ်းလာတဲ့ကလပ်တော့မရှိသေးပါဘူး။ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ အက်သလက်တီကိုဆီပြောင်းရွှေ့မယ်လို့ သတင်းထွက်ပေါ်နေပေမယ့် အကောင်အထည်မဖော်နိုင်သေးသလို ဂါရတ်ဘေးလ်ကလည်း အသင်းမှာဆက်နေဖို့သာ ဆုံးဖြတ်ထားတာပါ။ ဒါကြောင့်လည်း ပီရက်ဇ်က ရီးရဲလ်လူစာရင်းမှာ ဂါရတ်ဘေးလ်ကို နေရာပြန်ပေးဖို့လိုလားနေပြီး နည်းပြဇီဒန်းနဲ့ သဘောထားကွဲလွဲမှုရှိနေတယ်လို့ သတင်းတွေကဆိုပါတယ်။