ေနမာရဲ႕ ကစားသမားဘ၀ကို ၿခိမ္းေျခာက္ေျပာဆုိေနတဲ့ ပီအက္စ္ဂ်ီအသင္းဥကၠဌ

0
745

Photo Credit-Internet

ေဘာလုံးကစားသမားေတြ ဘယ္ေလာက္ပဲေတာ္ေတာ္ ေျမေတာင္ေျမွာက္ေပးတဲ့သူ၊ တန္ဖိုးႀကီးႀကီးေပးမယ့္သူ မရိွရင္ သူတို႔ဘ၀ဟာေတာက္ပဖုိ႔ခက္သလုိ၊ စာခ်ဳပ္တစ္ေစာင္နဲ႔ ေအာင္ျမင္ေနတဲ့ဘ၀ကို ေျပာင္းျပန္ျဖစ္ေအာင္ လုပ္ႏိုင္တဲ့ အသင္းပိုင္ရွင္ေတြလည္း ရိွပါတယ္။ လာမယ့္ရာသီအေျပာင္းအေရႊ႕အတြက္ ကစားသမားေတာ္ေတာ္မ်ားမ်ား သူတို႔စိတ္ႀကိဳက္ဖန္တီးႏိုင္ၾကေပမယ့္ ေနမာကေတာ့ အဲဒီထဲမွာ မပါ၀င္ပါဘူး။

Photo Credit-Marca

ပီအက္စ္ဂ်ီအသင္းကေန ထြက္ခြာလိုေနတဲ့သူဟာ အခုေနာက္ဆုံးမွာေတာ့ ျပင္သစ္ေျမကိုပဲျပန္လာေနရပါ တယ္။ ၿပီးခဲ့တဲ့ရာသီမွာ သတင္းလူသားတစ္ေယာက္ျဖစ္ခဲ့တဲ့ ေနမာဟာ ပီအက္စ္ဂ်ီဆီကို ျပန္လည္ေရာက္ရိွ လာေပမယ့္ အဆင္ေျပတဲ့အေနအထားေတာ့မရိွပါဘူး။ ဘာေၾကာင့္လဲဆုိရင္ ပီအက္စ္ဂ်ီအသင္းဥကၠဌရဲ႕ မ်က္မုန္းက်ဳိးတဲ့ဒဏ္ကို ခံစားေနရလို႔ျဖစ္ပါတယ္။

Photo Credit-The Sun

ေနမာဟာ အသင္းေဟာင္းဘာစီလုိနာကိုျပန္သြားခ်င္တာေၾကာင့္ ခ်ိ္တ္ဆက္တာေတြလုပ္ထားတဲ့အျပင္ အင္တာဗ်ဴး တစ္ခုမွာလည္း ဘာစီလုိနာအသင္းမွာရိွတုန္းက ပီအက္စ္ဂ်ီအသင္းကို အႏိုင္ရရိွခ့ဲတာဟာ ကစားသမား ဘ၀ရဲ႕အေကာင္းဆုံးအမွတ္တရတစ္ခုပါလုိ႔ ေျပာခဲ့တာေၾကာင့္ အမုန္းမီးစေတြ ပိုေတာက္ေလာင္ေန တာျဖစ္ပါတယ္။

Photo Credit-the daily star

အခုပီအက္စ္ဂ်ီမွာေလ့က်င့္ခန္းဆင္းေနေပမယ့္လည္း အျခားကစားသမားေတြနဲ႔ ရင္းႏွီးေရာေထြးတာမရိွဘဲ တစ္ေယာက္တည္း သပ္သပ္ေလ့က်င့္ခန္းဆင္းေနတဲ့ အေနအထားရိွပါတယ္။ ဒီလုိအဆင္မေျပမႈေတြေၾကာင့္ ပီအက္စ္ဂ်ီအသင္း ဥကၠဌက ေနမာကို 2022 ခုႏွစ္အထိ ပြဲထြက္ခြင့္မေပးဘဲထားမယ္ဆုိတဲ့ ၿခိမ္းေျခာက္ စကားသံ ေတြထြက္ေပၚလာခဲ့ပါတယ္။

Photo Credit-google news

အသက္ 26 ႏွစ္အရြယ္ရိွၿပီျဖစ္တဲ့ ေနမာဟာ 2022 ခုႏွစ္အထိ ပီအက္စ္ဂ်ီအသင္းနဲ႔စာခ်ဳပ္ခ်ဳပ္ဆုိထားတာျဖစ္ ပါတယ္။ ရာသီအႀကိဳေလ့က်င့္ခန္းအစီအစဥ္ကိုလည္း တစ္ပတ္ေနာက္က်တဲ့ေနမာဟာ ေရွ႕ပိုင္းမွာ အသင္းရဲ႕ ေျပာဆိုတာကိုလည္း ခံထားရပါတယ္။ ေနမာေျပာင္းခ်င္ေနတဲ့ ဘာစီလုိနာဟာလည္း ဂရစ္ဇ္မန္းကို ေခၚယူထားၿပီးျဖစ္တာေၾကာင့္ ေျပာင္းေရႊ႕ေၾကးမ်ားတဲ့ေနာက္ထပ္ကစားသမားတစ္ေယာက္ကို ေခၚယူဖုိ႔ဟာ သိပ္မျဖစ္ႏိုင္ေတာ့ပါဘူး။

Photo Credit-Internet

ပီအက္စ္ဂ်ီဘက္ကလည္း မက္ေလာက္တဲ့ ေျပာင္းေရႊ႕ေၾကးေပးမွ ေနမာကို ေရာင္းခ်မယ္ဆိုတဲ့ အသံလႊင့္ထားပါတယ္။ ေနမာကေတာ့ ေလာေလာဆယ္ ေလ့က်င့္ခန္းဆင္းေနတဲ့ပုံရိပ္ေတြကို သူ႔ပရိသတ္အတြက္မွ်ေ၀ထားပါတယ္။ ပီအက္စ္ဂ်ီမွာဆက္ေနရမွာျဖစ္တာေၾကာင့္ အသင္းဥကၠဌ အျမင္မၾကည္သေရြ႕ေတာ့ သူ႔ရဲ႕ကစားသမားဘ၀ဟာ ခက္ခဲႏိုင္တဲ့အေနအထားရိွပါတယ္။

Photo Credit-USA today

(Unicode Version)

နေမာရဲ့ ကစားသမားဘဝကို ခြိမ်းခြောက်ပြောဆိုနေတဲ့ ပီအက်စ်ဂျီအသင်းဥက္ကဌ

ဘောလုံးကစားသမားတွေ ဘယ်လောက်ပဲတော်တော် မြေတောင်မြှောက်ပေးတဲ့သူ၊ တန်ဖိုးကြီးကြီးပေးမယ့်သူ မရှိရင် သူတို့ဘဝဟာတောက်ပဖို့ခက်သလို၊ စာချုပ်တစ်စောင်နဲ့ အောင်မြင်နေတဲ့ဘဝကို ပြောင်းပြန်ဖြစ်အောင် လုပ်နိုင်တဲ့ အသင်းပိုင်ရှင်တွေလည်း ရှိပါတယ်။ လာမယ့်ရာသီအပြောင်းအရွှေ့အတွက် ကစားသမားတော် တော်များများ သူတို့စိတ်ကြိုက်ဖန်တီးနိုင်ကြပေမယ့် နေမာကတော့ အဲဒီထဲမှာ မပါဝင်ပါဘူး။

ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာလိုနေတဲ့သူဟာ အခုနောက်ဆုံးမှာတော့ ပြင်သစ်မြေကိုပဲပြန်လာနေရပါ တယ်။ ပြီးခဲ့တဲ့ရာသီမှာ သတင်းလူသားတစ်ယောက်ဖြစ်ခဲ့တဲ့ နေမာဟာ ပီအက်စ်ဂျီဆီကို ပြန်လည်ရောက်ရှိ လာပေမယ့် အဆင်ပြေတဲ့အနေအထားတော့မရှိပါဘူး။ ဘာကြောင့်လဲဆိုရင် ပီအက်စ်ဂျီအသင်းဥက္ကဌရဲ့ မျက်မုန်းကျိုးတဲ့ဒဏ်ကိုခံစားနေရလို့ဖြစ်ပါတယ်။

နေမာဟာ အသင်းဟောင်းဘာစီလိုနာကိုပြန်သွားချင်တာကြောင့် ချိတ်ဆက်တာတွေလုပ်ထားတဲ့အပြင် အင်တာဗျူးတစ်ခုမှာလည်း ဘာစီလိုနာအသင်းမှာရှိတုန်းက ပီအက်စ်ဂျီအသင်းကို အနိုင်ရရှိခဲ့တာဟာ ကစားသမားဘဝရဲ့အကောင်းဆုံးအမှတ်တရတစ်ခုပါလို့ ပြောခဲ့တာကြောင့် အမုန်းမီးစတွေ ပိုတောက်လောင်နေတာဖြစ်ပါတယ်။

အခုပီအက်စ်ဂျီမှာလေ့ကျင့်ခန်းဆင်းနေပေမယ့်လည်း အခြားကစားသမားတွေနဲ့ ရင်းနှီးရောထွေးတာမရှိဘဲ တစ်ယောက်တည်း သပ်သပ်လေ့ကျင့်ခန်းဆင်းနေတဲ့ အနေအထားရှိပါတယ်။ ဒီလိုအဆင်မပြေမှုတွေကြောင့် ပီအက်စ်ဂျီအသင်း ဥက္ကဌက နေမာကို 2022 ခုနှစ်အထိ ပွဲထွက်ခွင့်မပေးဘဲထားမယ်ဆိုတဲ့ ခြိမ်းခြောက် စကားသံ တွေထွက်ပေါ်လာခဲ့ပါတယ်။

အသက် 26 နှစ်အရွယ်ရှိပြီဖြစ်တဲ့ နေမာဟာ 2022 ခုနှစ်အထိ ပီအက်စ်ဂျီအသင်းနဲ့စာချုပ်ချုပ်ဆိုထားတာဖြစ် ပါတယ်။ ရာသီအကြိုလေ့ကျင့်ခန်းအစီအစဉ်ကိုလည်း တစ်ပတ်နောက်ကျတဲ့နေမာဟာ ရှေ့ပိုင်းမှာ အသင်းရဲ့ ပြောဆိုတာကိုလည်း ခံထားရပါတယ်။ နေမာပြောင်းချင်နေတဲ့ ဘာစီလိုနာဟာလည်း ဂရစ်ဇ်မန်းကို ခေါ်ယူထားပြီးဖြစ်တာကြောင့် ပြောင်းရွှေ့ကြေးများတဲ့နောက်ထပ်ကစားသမားတစ်ယောက်ကို ခေါ်ယူဖို့ဟာ သိပ်မဖြစ်နိုင်တော့ပါဘူး။

ပီအက်စ်ဂျီဘက်ကလည်း မက်လောက်တဲ့ ပြောင်းရွှေ့ကြေးပေးမှ နေမာကို ရောင်းချမယ်ဆိုတဲ့ အသံလွှင့်ထားပါတယ်။ နေမာကတော့ လောလောဆယ် လေ့ကျင့်ခန်းဆင်းနေတဲ့ပုံရိပ်တွေကို သူ့ပရိသတ်အတွက်မျှဝေထားပါတယ်။ ပီအက်စ်ဂျီမှာဆက်နေရမှာဖြစ်တာကြောင့် အသင်းဥက္ကဌ အမြင်မကြည်သရွေ့တော့ သူ့ရဲ့ကစားသမားဘဝဟာ ခက်ခဲနိုင်တဲ့အနေအထားရှိပါတယ်။