ဥေရာပထိပ္တန္းလိဂ္ တစ္ခုခ်င္းစီက လစာအမ်ားဆုံးကစားသမားမ်ား

0
546

ကမာၻေက်ာ္စီးပြားေရးမဂၢဇင္းျဖစ္တဲ့ Forbes ရဲ႕ေဖာ္ျပခ်က္အရ ကမာၻေပၚမွာ ၀င္ေငြအေကာငး္ဆုံးအားကစားသမား အေယာက္ ၁၀၀ ထဲမွာ ေဘာလုံးသမား ၁၂ ေယာက္ပါ၀င္တယ္လို႔ သိရပါတယ္။ ဒါေပမဲ့ Forbes ဟာ ကလပ္အသင္းေတြဆီက သူတို႔ရေနတဲ့လစာထက္ အဖက္ဖက္ကရတဲ့၀င္ငြအားလုံးကိုသာ သတ္မွတ္တာ ျဖစ္ပါတယ္။ လစာခ်ည္းသက္သက္ဆုိရင္ ဥေရာပထိပ္တန္းလိဂ္ ၅ ရပ္ထဲ တစ္ခုခ်င္းစီမွာ ဘယ္သူေတြက လစာအမ်ားဆုံးျဖစ္မယ္ထင္သလဲ။

photo-gettyimages

၁။ လာလီဂါ – မက္ဆီ(တစ္လ ယူရို ၈.၃ သန္း)

လာလီဂါမွာေရာ ေဘာလုံးသမားေတြထဲမွာေရာ ကမာၻေပၚက လက္ရွိ၀င္ေငြအေကာင္းဆုံးအားကစားသမားေတြထဲမွာပါ နံပတ္ ၁ ကေတာ့ မက္ဆီပါပဲ။ ဘာစီလိုနာမွာ အဲဒီအာဂ်င္တီးနားၾကယ္ပြင့္ရေနတဲ့လစာက ဂ်ဴဗင္တပ္မွာ စီေရာ္နယ္ဒိုရေနတာထက္ ႏွစ္ဆနီးပါးေလာက္ရွိပါတယ္။

၂။ စီးရီးေအ – စီေရာ္နယ္ဒို(တစ္လ ယူရို ၄.၇ သန္း)

၃၃ ႏွစ္အရြယ္နဲ႔မလိုက္ေလာက္ေအာင္ စီေရာ္နယ္ဒိုဟာ ေျခစြမ္းျမင့္မားေနဆဲျဖစ္ၿပီး သူဟာ စီးရီးေအရဲ႕စံခ်ိန္တင္ေၾကးရွင္ျဖစ္ကာ စီးရီးေအရဲ႕လစားအမ်ားဆံုးရ ကစားသမားလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ သူဟာ ကမာၻေပၚက ၀င္ေငြအေကာင္းဆုံးအားကစားသမားေတြထဲမွာ နံပတ္ ၂ ခ်ိတ္ပါတယ္။

၃။ လီဂူး – ေနမာ(တစ္လ ယူရို ၃.၀၆ သန္း)

ပီအက္စ္ဂ်ီမွာသာ အဆင္မေျပျဖစ္ေနေပမယ့္ ေနမာကေတာ့ လီဂူးၿပိဳင္ပြဲရဲ႕လစာအမ်ားဆုံးရ ကစားသမားျဖစ္ေနတာပါ။ လက္ရွိကမာၻ႔စံခ်ိန္တင္ေၾကးရွင္လည္းျဖစ္ေနတာမို႔ အဲဒီေလာက္ေတာ့ ျဖစ္သင့္ပါတယ္။ သူဟာ ၀င္ေငြအေကာင္းဆုံးအားကစားသမားအေယာက္ ၁၀၀ ထဲမွာလည္း နံပါတ္ ၃ ခ်ိတ္ပါတယ္။

၄။ ပရီးမီးယားလိဂ္ – ဆန္းခ်က္ဇ္(တစ္လ ယူရို ၂.၂၈ သန္း)

သူရေနတဲ့လစာနဲ႔ မထိုက္တန္လြန္းတဲ့ေျခစြမ္းေၾကာင့္ အလက္ဆစ္ဆန္းခ်က္ဇ္ဟာ မန္ယူသမိုင္းမွာေတာ့ အဆုိုးဆုံးေခၚယူမႈေတြထဲက တစ္ခုျဖစ္ေနပါတယ္။ မန္ယူမွာ ရေနတဲ့လစာေၾကာင့္လည္း ဆန္းခ်က္ဇ္ဟာ ၀င္ေငြအေကာင္းဆုံးအားကစားသမားအေယာက္ ၁၀၀ စာရင္းထဲမွာ အဆင့္ ၅၃ ရွိပါတယ္။

photo-gettyimages

၅။ ဘြန္ဒက္စ္လီဂါ – လီ၀န္ေဒါစကီး(တစ္လ ယူရို ၁.၃၃ သန္း)

လီ၀န္ေဒါစကီးဟာ ဘိုင္ယန္တုိက္စစ္မွာ မရွိမျဖစ္ဆုိေတာ့ ဘြန္ဒက္စ္လီဂါရဲ႕လစားအမ်ားဆုံးရကစားသမားျဖစ္ေနတာ မဆန္းပါဘူး။ ဒါေပမဲ့ တျခားလိဂ္ေတြက လစာအမ်ားဆုံးရသူေတြနဲ႔ယွဥ္လုိက္ရင္ ဘုိင္ယန္မွာ သူရတာ အေတာ္နည္းပါတယ္။ ဘြန္ဒက္စ္လီဂါကေန ထြက္ခြာခဲ့တဲ့အူဘာမီယန္ေတာင္ အာဆင္နယ္မွာရရွိေနတဲ့လစာက လီ၀န္ေဒါစကီးထက္ ပိုမ်ားပါတယ္။

[Unicode]

ကမ္ဘာကျော်စီးပွားရေးမဂ္ဂဇင်းဖြစ်တဲ့ Forbes ရဲ့ဖော်ပြချက်အရ ကမ္ဘာပေါ်မှာ ဝင်ငွေအကောင်းဆုံးအားကစားသမား အယောက် ၁၀၀ ထဲမှာ ဘောလုံးသမား ၁၂ ယောက်ပါဝင်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ Forbes ဟာ ကလပ်အသင်းတွေဆီက သူတို့ရနေတဲ့လစာထက် အဖက်ဖက်ကရတဲ့ဝင်ငွအားလုံးကိုသာ သတ်မှတ်တာ ဖြစ်ပါတယ်။ လစာချည်းသက်သက်ဆိုရင် ဥရောပထိပ်တန်းလိဂ် ၅ ရပ်ထဲ တစ်ခုချင်းစီမှာ ဘယ်သူတွေက လစာအများဆုံးဖြစ်မယ်ထင်သလဲ။

၁။ လာလီဂါ – မက်ဆီ(တစ်လ ယူရို ၈.၃ သန်း)

လာလီဂါမှာရော ဘောလုံးသမားတွေထဲမှာရော ကမ္ဘာပေါ်က လက်ရှိဝင်ငွေအကောင်းဆုံးအားကစားသမားတွေထဲမှာပါ နံပတ် ၁ ကတော့ မက်ဆီပါပဲ။ ဘာစီလိုနာမှာ အဲဒီအာဂျင်တီးနားကြယ်ပွင့်ရနေတဲ့လစာက ဂျူဗင်တပ်မှာ စီရော်နယ်ဒိုရနေတာထက် နှစ်ဆနီးပါးလောက်ရှိပါတယ်။

၂။ စီးရီးအေ – စီရော်နယ်ဒို(တစ်လ ယူရို ၄.၇ သန်း)

၃၃ နှစ်အရွယ်နဲ့မလိုက်လောက်အောင် စီရော်နယ်ဒိုဟာ ခြေစွမ်းမြင့်မားနေဆဲဖြစ်ပြီး သူဟာ စီးရီးအေရဲ့စံချိန်တင်ကြေးရှင်ဖြစ်ကာ စီးရီးအေရဲ့လစားအများဆုံးရ ကစားသမားလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ကမ္ဘာပေါ်က ဝင်ငွေအကောင်းဆုံးအားကစားသမားတွေထဲမှာ နံပတ် ၂ ချိတ်ပါတယ်။

၃။ လီဂူး – နေမာ(တစ်လ ယူရို ၃.၀၆ သန်း)

ပီအက်စ်ဂျီမှာသာ အဆင်မပြေဖြစ်နေပေမယ့် နေမာကတော့ လီဂူးပြိုင်ပွဲရဲ့လစာအများဆုံးရ ကစားသမားဖြစ်နေတာပါ။ လက်ရှိကမ္ဘာ့စံချိန်တင်ကြေးရှင်လည်းဖြစ်နေတာမို့ အဲဒီလောက်တော့ ဖြစ်သင့်ပါတယ်။ သူဟာ ဝင်ငွေအကောင်းဆုံးအားကစားသမားအယောက် ၁၀၀ ထဲမှာလည်း နံပါတ် ၃ ချိတ်ပါတယ်။

၄။ ပရီးမီးယားလိဂ် – ဆန်းချက်ဇ်(တစ်လ ယူရို ၂.၂၈ သန်း)

သူရနေတဲ့လစာနဲ့ မထိုက်တန်လွန်းတဲ့ခြေစွမ်းကြောင့် အလက်ဆစ်ဆန်းချက်ဇ်ဟာ မန်ယူသမိုင်းမှာတော့ အဆိုးဆုံးခေါ်ယူမှုတွေထဲက တစ်ခုဖြစ်နေပါတယ်။ မန်ယူမှာ ရနေတဲ့လစာကြောင့်လည်း ဆန်းချက်ဇ်ဟာ ဝင်ငွေအကောင်းဆုံးအားကစားသမားအယောက် ၁၀၀ စာရင်းထဲမှာ အဆင့် ၅၃ ရှိပါတယ်။

၅။ ဘွန်ဒက်စ်လီဂါ – လီဝန်ဒေါစကီး(တစ်လ ယူရို ၁.၃၃ သန်း)

လီဝန်ဒေါစကီးဟာ ဘိုင်ယန်တိုက်စစ်မှာ မရှိမဖြစ်ဆိုတော့ ဘွန်ဒက်စ်လီဂါရဲ့လစားအများဆုံးရကစားသမားဖြစ်နေတာ မဆန်းပါဘူး။ ဒါပေမဲ့ တခြားလိဂ်တွေက လစာအများဆုံးရသူတွေနဲ့ယှဉ်လိုက်ရင် ဘိုင်ယန်မှာ သူရတာ အတော်နည်းပါတယ်။ ဘွန်ဒက်စ်လီဂါကနေ ထွက်ခွာခဲ့တဲ့အူဘာမီယန်တောင် အာဆင်နယ်မှာရရှိနေတဲ့လစာက လီဝန်ဒေါစကီးထက် ပိုများပါတယ်။