အဲဗာတန္ကြင္းလယ္လူဂူယီကို 4 ႏွစ္စာခ်ဳပ္နဲ႔ေခၚယူလုိက္တဲ့ ပီအက္စ္ဂ်ီ

0
338
Photo Credit: PSG FC

ျပင္သစ္ခ်န္ပီယံပီအက္စ္ဂ်ီအသင္းဟာ အဲဗာတန္ကြင္းလယ္ခံစစ္ကစားသမား ဂါနာဂူယီကို ေျပာင္ေရႊ႕ေၾကး ယူရို 32 သန္းနဲ႔ အၿပီးသတ္ေခၚယူလုိက္ၿပီး 4 ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုလုိက္တယ္လုိ႔ တရား၀င္ထုတ္ျပန္ေၾကညာလုိက္ပါတယ္။

Photo Credit: PSG FC

အသက္ 29 ႏွစ္အရြယ္ ဂူယီဟာ ျပင္သစ္လီဂူးမွာ လုိင္လီနဲ႔အတူ 5 ရာသီၾကာကစားခဲ့ဖူးသူျဖစ္ၿပီး အဲဒီကမွတစ္ဆင့္ ဗီလာကိုတစ္ရာသီသြားကစားကာ 2016-17 ရာသီမွာေတာ့ အဲဗာတန္ကုိ ယူရုိ 8 သန္းနဲ႔ ထပ္မံေျပာင္းေရႊ႕လာခဲ့တာပါ။ သူဟာ အဲဗာတန္နဲ႔ 3 ရာသီအတြင္း ၿပိဳင္ပြဲအရပ္ရပ္ 108 ပြဲပါ၀င္ကစားကာ ကြင္းလယ္ခံစစ္ပိုင္းအတြက္ အဓိကက်သူတစ္ဦးအျဖစ္ရပ္တည္ႏုိင္ခဲ့ပါတယ္။ ဆီနီေဂါလက္ေရြးစင္ျဖစ္တဲ့ ဂူယီကို ပရီးမီးယားလိဂ္ကလပ္တခ်ဳိ႕ကလည္းေခၚယူခ်င္ခဲ့ေပမယ့္ ပီအက္စ္ဂ်ီကိုသာေျပာင္းေရႊ႕သြားခဲ့ၿပီး 2023 ခုႏွစ္အထိစာခ်ဳပ္ခ်ဳပ္ဆုိလုိက္ပါတယ္။

Photo Credit: BR

ပီအက္စ္ဂ်ီနဲ႔ ပထမဆံုးအင္တာဗ်ဴးမွာ ဂူယီက ”ဒီကိုေရာက္လာတဲ့အတြက္ အရမ္းကိုဂုဏ္ယူ၀င့္ၾကြားမိပါတယ္။ အာဖရိကဖလားၿပိဳင္ပြဲမွာ ဆီနီေဂါအတြက္ႀကိဳးစားေပးခဲ့ၿပီးေနာက္ ကၽြန္ေတာ့္ရဲ႕ ကလပ္ကစားသမားဘ၀ကိုျမွင့္တင္ဖုိ႔အတြက္ ပီအက္စ္ဂ်ီကိုေျပာင္းေရႊ႕ခ်င္ခဲ့တာပါ။ ဒီကလပ္ဟာ ဥေရာပမွာ အေျခခံခိုင္မာၿပီး ရည္မွန္းခ်က္အႀကီးမားဆံုးအသင္းေတြထဲကတစ္သင္းျဖစ္ပါတယ္။ ကၽြန္ေတာ့္အေပၚမွာယံုၾကည္မႈေပးခဲ့ၾကတဲ့ ကလပ္ရဲ႕ဒါရိုက္တာေတြနဲ႔ နည္းျပအဖြဲ႕ကိုလည္းေက်းဇူးတင္ပါတယ္။ အရည္အေသြးျမင့္တဲ့ကစားေဖာ္ေတြနဲ႔ပူးေပါင္းကာ ကလပ္အတြက္ အစြမ္းကုန္ျပန္ေပးဆပ္သြားမွာပါ”လုိ႔ ေျပာၾကားခဲ့ပါတယ္။

Photo Credit: PSG FC

ဂူယီဟာ ပီအက္စ္ဂ်ီအသင္းမွာ ေက်ာနံပါတ္ 27 ကို၀တ္ဆင္မွာျဖစ္ၿပီး အသင္းနဲ႔မိတ္ဆက္ပြဲမွာလည္း သူ႕ရဲ႕နံပါတ္ကိုပါတစ္ပါတည္းေဖာ္ျပခဲ့ပါတယ္။ ပီအက္စ္ဂ်ီဟာ ဒီေႏြရာသီအတြင္း ဂူယီအျပင္ မန္ယူကြင္းလယ္လူဟာရဲရား၊ ဆီဗီလာေတာင္ပံကစားသမား ဆာရာဘီယာ၊ ခ်ဲလ္ဆီးလူငယ္ဂိုးသမား ဘူလ္ကာ၊ ေအဂ်က္ဇ္ေနာက္ခံဘိတ္ကာနဲ႔ ေဒါ့မန္ေနာက္ခံလူ ဒီယာလုိတုိ႔ကိုလည္းေခၚယူထားၿပီး ယူရုိ 83.5 သန္းသံုးစြဲထားၿပီးျဖစ္ပါယ္။

(Unicode)

အဲဗာတန်ကွင်းလယ်လူဂူယီကို 4 နှစ်စာချုပ်နဲ့ခေါ်ယူလိုက်တဲ့ ပီအက်စ်ဂျီ

ပြင်သစ်ချန်ပီယံပီအက်စ်ဂျီအသင်းဟာ အဲဗာတန်ကွင်းလယ်ခံစစ်ကစားသမား ဂါနာဂူယီကို ပြောင်ရွှေ့ကြေး ယူရို 32 သန်းနဲ့ အပြီးသတ်ခေါ်ယူလိုက်ပြီး 4 နှစ်စာချုပ်ချုပ်ဆိုလိုက်တယ်လို့ တရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အသက် 29 နှစ်အရွယ် ဂူယီဟာ ပြင်သစ်လီဂူးမှာ လိုင်လီနဲ့အတူ 5 ရာသီကြာကစားခဲ့ဖူးသူဖြစ်ပြီး အဲဒီကမှတစ်ဆင့် ဗီလာကိုတစ်ရာသီသွားကစားကာ 2016-17 ရာသီမှာတော့ အဲဗာတန်ကို ယူရို 8 သန်းနဲ့ ထပ်မံပြောင်းရွှေ့လာခဲ့တာပါ။ သူဟာ အဲဗာတန်နဲ့ 3 ရာသီအတွင်း ပြိုင်ပွဲအရပ်ရပ် 108 ပွဲပါဝင်ကစားကာ ကွင်းလယ်ခံစစ်ပိုင်းအတွက် အဓိကကျသူတစ်ဦးအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။ ဆီနီဂေါလက်ရွေးစင်ဖြစ်တဲ့ ဂူယီကို ပရီးမီးယားလိဂ်ကလပ်တချို့ကလည်းခေါ်ယူချင်ခဲ့ပေမယ့် ပီအက်စ်ဂျီကိုသာပြောင်းရွှေ့သွားခဲ့ပြီး 2023 ခုနှစ်အထိစာချုပ်ချုပ်ဆိုလိုက်ပါတယ်။

ပီအက်စ်ဂျီနဲ့ ပထမဆုံးအင်တာဗျူးမှာ ဂူယီက ”ဒီကိုရောက်လာတဲ့အတွက် အရမ်းကိုဂုဏ်ယူဝင့်ကြွားမိပါတယ်။ အာဖရိကဖလားပြိုင်ပွဲမှာ ဆီနီဂေါအတွက်ကြိုးစားပေးခဲ့ပြီးနောက် ကျွန်တော့်ရဲ့ ကလပ်ကစားသမားဘဝကိုမြှင့်တင်ဖို့အတွက် ပီအက်စ်ဂျီကိုပြောင်းရွှေ့ချင်ခဲ့တာပါ။ ဒီကလပ်ဟာ ဥရောပမှာ အခြေခံခိုင်မာပြီး ရည်မှန်းချက်အကြီးမားဆုံးအသင်းတွေထဲကတစ်သင်းဖြစ်ပါတယ်။ ကျွန်တော့်အပေါ်မှာယုံကြည်မှုပေးခဲ့ကြတဲ့ ကလပ်ရဲ့ဒါရိုက်တာတွေနဲ့ နည်းပြအဖွဲ့ကိုလည်းကျေးဇူးတင်ပါတယ်။ အရည်အသွေးမြင့်တဲ့ကစားဖော်တွေနဲ့ပူးပေါင်းကာ ကလပ်အတွက် အစွမ်းကုန်ပြန်ပေးဆပ်သွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

ဂူယီဟာ ပီအက်စ်ဂျီအသင်းမှာ ကျောနံပါတ် 27 ကိုဝတ်ဆင်မှာဖြစ်ပြီး အသင်းနဲ့မိတ်ဆက်ပွဲမှာလည်း သူ့ရဲ့နံပါတ်ကိုပါတစ်ပါတည်းဖော်ပြခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ ဒီနွေရာသီအတွင်း ဂူယီအပြင် မန်ယူကွင်းလယ်လူဟာရဲရား၊ ဆီဗီလာတောင်ပံကစားသမား ဆာရာဘီယာ၊ ချဲလ်ဆီးလူငယ်ဂိုးသမား ဘူလ်ကာ၊ အေဂျက်ဇ်နောက်ခံဘိတ်ကာနဲ့ ဒေါ့မန်နောက်ခံလူ ဒီယာလိုတို့ကိုလည်းခေါ်ယူထားပြီး ယူရို 83.5 သန်းသုံးစွဲထားပြီးဖြစ်ပါယ်။