ရီးရဲလ္ကိုေျပာင္းဖို႔ မာနီကိုတိုက္တြန္းလုိက္တဲ့ ဆီနီေဂါေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌ

0
595

တိုက္စစ္မႈးမာနီအေနနဲ႔ စိန္ေခၚမႈအသစ္အတြက္ ရီးရဲလ္မက္ဒရစ္ကိုေျပာင္းသင့္တယ္လို႔ ဆီနီေဂါေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌဆာအီဆက္က တိုက္တြန္းေျပာၾကားလိုက္ပါတယ္။ အဲဒီဆီနီေဂါသားတိုက္စစ္မႈးဟာ ၿပီးခဲ့တဲ့ရာသီမွာ လီဗာပူးနဲ႔အတူ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဗိုလ္စြဲခဲ့ၿပီး ပရီးမီးယားလိဂ္မွာလည္း ဂိုးအမ်ားဆုံးသြင္းသူဆုျဖစ္တဲ့ ေရႊဖိနပ္ဆုကို ရရွိခဲ့ပါတယ္။ ရီးရီးလ္နည္းျပဇီဒန္းကလည္း မာနီကို ေကာင္းစြာႏွစ္ၿခိဳက္ေနသူျဖစ္ေၾကာင္္း သတင္းေတြအရ သိရပါတယ္။ ဒါေၾကာင့္လည္း ဆီနီေဂါေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌက မာနီအေနနဲ႔ ရီးရဲလ္ကိုေျပာင္းဖို႔ အခ်ိန္ေကာင္းပဲလုိ႔ ဆိုခဲ့တာပါ။

photo-gettyimages

”မာနီဟာ အေကာင္းဆုံး ၁၀ ဦးစာရင္း၀င္ဆိုတာ တစ္ကမာၻလုံးက လူတိုင္းသိၾကပါတယ္။ ၿပီးခဲ့တဲ့ရာသီမွာလည္း သူဟာ လီဗာပူးနဲ႔အတူ ေအာင္ျမင္မႈႀကီးႀကီးမားမားရရွိခဲ့တာပါ။ သူနဲ႔အတူ ဆာလာနဲ႔ ဖာမီႏိုတို႔ရဲ႕ ၃ ေယာက္တြဲတိုက္စစ္ဟာ ထူးျခားဆန္းက်ယ္ပါတယ္။ ဒါေပမဲ့ ဒါက ေဘာလုံးပါ။ ၿပီးခဲ့တဲ့ရာသီမွာ ခ်န္ပီယံလိဂ္ဖလားကို သူရခဲ့ၿပီး ရီးရဲလ္ကိုေျပာင္းႏိုင္မယ့္အခြင့္အေရးလည္း ရွိပါတယ္။ ကၽြန္ေတာ့္အတြက္ကေတာ့ အဲဒါဟာ ကမာၻေပၚက အေကာင္းဆုံးကလပ္လို႔ ထင္ပါတယ္။ ကၽြန္ေတာ္ဟာ ဘာစီလုိနာပရိသတ္တစ္ေယာက္ျဖစ္ေနရင္ေတာင္ ရီးရဲလ္ဟာ အေကာင္းဆုံးကလပ္လုိ႔ ထင္ေနဆဲျဖစ္မွာပါ။ မာနီအေနနဲ႔ ဒီကမး္လွမး္မႈကို ေသေသခ်ာခ်ာစဥ္းစားသင့္ပါတယ္။ ေဘာလုံးသမားတစ္ေယာက္ရဲ႕ကစားသမားဘ၀ဆိုတာ အရမ္းကိုတိုေတာင္းပါတယ္။  တစ္ခါတစ္ရံမွာ အခြင့္အေရးမ်ား်မ်ားစားစားမရပါဘူး။ ဒါေၾကာင့္  ရွိလာခဲ့ရင္ စဥ္းစားရမွာပါ။ ဇီဒန္းကလည္း သူ႔ကိုႀကိဳက္တယ္လုိ႔ ထင္ပါတယ္။ ေနာက္ထပ္တိုင္းျပည္တစ္ခုမွာ ေနာက္ထပ္စိန္ေခၚမႈတစ္ခုကို သူေကာင္းေကာင္းလုပ္ႏိုင္မယ္လုိ႔ ကၽြန္ေတာ္ထင္ပါတယ္”လို႔ ဆီနီေဂါေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌက ေျပာၾကားခဲ့တာပါ။

photo-gettyimages

မာနီဟာ လက္ရွိက်င္းပေနဆဲ အာဖရိကႏိုင္ငံမ်ားဖလားၿပိဳင္ပြဲမွာလည္း ႏိုင္ငံအသင္းဆီနီေဂါအတြက္ ေျခစြမ္းျပကစားေပးေနပါတယ္။ သူဟာ အဲဒီၿပိဳင္ပြဲမွာ ဆီနီေဂါအတြက္ ၃ ဂိုးသြင္း၊ ၁ ဂိုးဖန္တီးေပးထားတာပါ။ သူ႔ရဲ႕ဆီနီေဂါအသင္းဟာ ဒီေန႔ညမွာ တူနီးရွားအသင္းနဲ႔ ဆီမီးဖိုင္နယ္ကစားရမွာ ျဖစ္ပါတယ္။

[Unicode]

တိုက်စစ်မှုးမာနီအနေနဲ့ စိန်ခေါ်မှုအသစ်အတွက် ရီးရဲလ်မက်ဒရစ်ကိုပြောင်းသင့်တယ်လို့ ဆီနီဂေါဘောလုံးအဖွဲ့ချုပ်ဥက္ကဌဆာအီဆက်က တိုက်တွန်းပြောကြားလိုက်ပါတယ်။ အဲဒီဆီနီဂေါသားတိုက်စစ်မှုးဟာ ပြီးခဲ့တဲ့ရာသီမှာ လီဗာပူးနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပြီး ပရီးမီးယားလိဂ်မှာလည်း ဂိုးအများဆုံးသွင်းသူဆုဖြစ်တဲ့ ရွှေဖိနပ်ဆုကို ရရှိခဲ့ပါတယ်။ ရီးရီးလ်နည်းပြဇီဒန်းကလည်း မာနီကို ကောင်းစွာနှစ်ခြိုက်နေသူဖြစ်ကြောင်း သတင်းတွေအရ သိရပါတယ်။ ဒါကြောင့်လည်း ဆီနီဂေါဘောလုံးအဖွဲ့ချုပ်ဥက္ကဌက မာနီအနေနဲ့ ရီးရဲလ်ကိုပြောင်းဖို့ အချိန်ကောင်းပဲလို့ ဆိုခဲ့တာပါ။

”မာနီဟာ အကောင်းဆုံး ၁၀ ဦးစာရင်းဝင်ဆိုတာ တစ်ကမ္ဘာလုံးက လူတိုင်းသိကြပါတယ်။ ပြီးခဲ့တဲ့ရာသီမှာလည်း သူဟာ လီဗာပူးနဲ့အတူ အောင်မြင်မှုကြီးကြီးမားမားရရှိခဲ့တာပါ။ သူနဲ့အတူ ဆာလာနဲ့ ဖာမီနိုတို့ရဲ့ ၃ ယောက်တွဲတိုက်စစ်ဟာ ထူးခြားဆန်းကျယ်ပါတယ်။ ဒါပေမဲ့ ဒါက ဘောလုံးပါ။ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်ဖလားကို သူရခဲ့ပြီး ရီးရဲလ်ကိုပြောင်းနိုင်မယ့်အခွင့်အရေးလည်း ရှိပါတယ်။ ကျွန်တော့်အတွက်ကတော့ အဲဒါဟာ ကမ္ဘာပေါ်က အကောင်းဆုံးကလပ်လို့ ထင်ပါတယ်။ ကျွန်တော်ဟာ ဘာစီလိုနာပရိသတ်တစ်ယောက်ဖြစ်နေရင်တောင် ရီးရဲလ်ဟာ အကောင်းဆုံးကလပ်လို့ ထင်နေဆဲဖြစ်မှာပါ။ မာနီအနေနဲ့ ဒီကမ်းလှမ်းမှုကို သေသေချာချာစဉ်းစားသင့်ပါတယ်။ ဘောလုံးသမားတစ်ယောက်ရဲ့ကစားသမားဘဝဆိုတာ အရမ်းကိုတိုတောင်းပါတယ်။  တစ်ခါတစ်ရံမှာ အခွင့်အရေးများျများစားစားမရပါဘူး။ ဒါကြောင့်  ရှိလာခဲ့ရင် စဉ်းစားရမှာပါ။ ဇီဒန်းကလည်း သူ့ကိုကြိုက်တယ်လို့ ထင်ပါတယ်။ နောက်ထပ်တိုင်းပြည်တစ်ခုမှာ နောက်ထပ်စိန်ခေါ်မှုတစ်ခုကို သူကောင်းကောင်းလုပ်နိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ ဆီနီဂေါဘောလုံးအဖွဲ့ချုပ်ဥက္ကဌက ပြောကြားခဲ့တာပါ။

မာနီဟာ လက်ရှိကျင်းပနေဆဲ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာလည်း နိုင်ငံအသင်းဆီနီဂေါအတွက် ခြေစွမ်းပြကစားပေးနေပါတယ်။ သူဟာ အဲဒီပြိုင်ပွဲမှာ ဆီနီဂေါအတွက် ၃ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးပေးထားတာပါ။ သူ့ရဲ့ဆီနီဂေါအသင်းဟာ ဒီနေ့ညမှာ တူနီးရှားအသင်းနဲ့ ဆီမီးဖိုင်နယ်ကစားရမှာ ဖြစ်ပါတယ်။