ဘာစီလုိနာမွာ မက္ဆီနဲ႔အတူတြဲကစားရမယ့္အေပၚ စိတ္လႈပ္ရွားေနတဲ့ဂရစ္ဇ္မန္း

0
478

ဘာစီလုိနာတုိက္စစ္မႈးသစ္ဂရစ္ဇ္မန္းက အသင္းသစ္မွာ ကမာၻ႔အေကာင္းဆုံးကစားသမားတစ္ေယာက္ျဖစ္တဲ့ မက္ဆီနဲ႔ အတူေလ့က်င့္၊အတူတြဲကစားရမယ့္အေရးဟာ မယဳံုၾကည္ႏိုင္စရာေပ်ာ္ရႊင္မႈျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားလုိက္ပါတယ္။ အဲဒီျပင္သစ္သားတုိက္စစ္မႈးဟာ ေျပာင္းေရႊ႕ေၾကးယူရိုသန္း ၁၂၀ နဲ႔ ၅ ႏွစ္တာအက္သလက္တီကိုကစားသမားဘ၀ကို အဆုံးသတ္ခဲ့ၿပီး ၅ ႏွစ္စာခ်ဳပ္နဲ႔ ဘာစီလိုနာကို ေရာက္လာခဲ့တာပါ။ သူ႔ရဲ႕စာခ်ဳပ္ပါတန္ေၾကးနဲ႔ပတ္သက္လုိ႔ ႏွစ္ဖက္အသင္းၾကား အျငင္းပြားေနၾကေပမယ့္ ဂရစ္ဇ္မန္းကေတာ့ ကြင္းအတြင္း စြမ္းေဆာင္ေပးႏိုင္ဖို႔ကိုသာ အာရုံစိုက္ထားပါတယ္။

photo-gettyimages

အထူးသျဖင့္ ဘာစီလိုနာကို သူေျပာင္းလာခဲ့ရျခင္းရဲ႕အေၾကာင္းရင္းေတြထဲမွာ မက္ဆီနဲဲ႔အတူတြဲကစားခြင့္ရေရးဟာလည္း အဓိကအခ်က္တစ္ခ်က္အေနနဲ႔ ပါ၀င္ခဲ့ပါတယ္။ အရင္က Balllond’Or ၅ ဆုရွင္မက္ဆီဟာ လာလီဂါမွာ သူ႔ရဲ႕အဓိကၿပိဳင္ဘက္တစ္ေယာက္ျဖစ္ခဲ့တာပါ။ အခုေတာ့ တစ္သင္းထဲမွာ အတူတြဲကစားရေတာ့မွာ ျဖစ္ပါတယ္။ ဘာစီလိုနာသမုိင္းတစ္ေလွ်ာက္ အႀကီးက်ယ္ဆုံးကစားသမားနဲ႔အတူတြဲကစားရမွာမို႔ ၂၈ ႏွစ္အရြယ္ ဂရစ္ဇ္မန္းဟာ စိတ္လႈပ္ရွားေနတာပါ။

photo-gettyimages

”ေန႔စဥ္ေလ့က်င့္ခန္းဆင္းရမႈမွာ မက္ဆီဟာ ဘယ္လုိပုံစံလဲဆိုတာ ေတြ႕ျမင္ရဖို႔ မေစာင့္ႏိုင္ေတာ့ပါဘူး။ သူန႔ဲအတူ တြဲကစားရမွာဟာ မယုံႏိုင္စရာေပ်ာ္ရႊင္ရမႈတစ္ခုပါ။ ကၽြန္ေတာ့္အသင္းေဖာ္သစ္ေတြအျပင္ နည္းျပနဲ႔ အလုပ္အတူလုပ္ဖို႔ကိုလည္း ကၽြန္ေတာ္ တကယ္ကိုမေစာင့္ႏိုင္ေတာ့ပါဘူး။ ႏူးကမ့္ကြင္းႀကီးမွာကစားၿပီး မ်ားစြာေသာေအာင္ျမင္မႈေတြ ရရွိမယ္လို႔ ေမွ်ာ္လင့္ပါတယ္”လို႔ ဂရစ္ဇ္မန္းက ဘာစီလုိနာအသင္းကို ေရာက္ရွိလာခ်ိန္မွာ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

[Unicode]

ဘာစီလိုနာတိုက်စစ်မှုးသစ်ဂရစ်ဇ်မန်းက အသင်းသစ်မှာ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်တဲ့ မက်ဆီနဲ့ အတူလေ့ကျင့်၊အတူတွဲကစားရမယ့်အရေးဟာ မယုံကြည်နိုင်စရာပျော်ရွှင်မှုဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အဲဒီပြင်သစ်သားတိုက်စစ်မှုးဟာ ပြောင်းရွှေ့ကြေးယူရိုသန်း ၁၂၀ နဲ့ ၅ နှစ်တာအက်သလက်တီကိုကစားသမားဘဝကို အဆုံးသတ်ခဲ့ပြီး ၅ နှစ်စာချုပ်နဲ့ ဘာစီလိုနာကို ရောက်လာခဲ့တာပါ။ သူ့ရဲ့စာချုပ်ပါတန်ကြေးနဲ့ပတ်သက်လို့ နှစ်ဖက်အသင်းကြား အငြင်းပွားနေကြပေမယ့် ဂရစ်ဇ်မန်းကတော့ ကွင်းအတွင်း စွမ်းဆောင်ပေးနိုင်ဖို့ကိုသာ အာရုံစိုက်ထားပါတယ်။

အထူးသဖြင့် ဘာစီလိုနာကို သူပြောင်းလာခဲ့ရခြင်းရဲ့အကြောင်းရင်းတွေထဲမှာ မက်ဆီနဲ့အတူတွဲကစားခွင့်ရရေးဟာလည်း အဓိကအချက်တစ်ချက်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ အရင်က Balllond’Or ၅ ဆုရှင်မက်ဆီဟာ လာလီဂါမှာ သူ့ရဲ့အဓိကပြိုင်ဘက်တစ်ယောက်ဖြစ်ခဲ့တာပါ။ အခုတော့ တစ်သင်းထဲမှာ အတူတွဲကစားရတော့မှာ ဖြစ်ပါတယ်။ ဘာစီလိုနာသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးကစားသမားနဲ့အတူတွဲကစားရမှာမို့ ၂၈ နှစ်အရွယ် ဂရစ်ဇ်မန်းဟာ စိတ်လှုပ်ရှားနေတာပါ။

”နေ့စဉ်လေ့ကျင့်ခန်းဆင်းရမှုမှာ မက်ဆီဟာ ဘယ်လိုပုံစံလဲဆိုတာ တွေ့မြင်ရဖို့ မစောင့်နိုင်တော့ပါဘူး။ သူနဲ့အတူ တွဲကစားရမှာဟာ မယုံနိုင်စရာပျော်ရွှင်ရမှုတစ်ခုပါ။ ကျွန်တော့်အသင်းဖော်သစ်တွေအပြင် နည်းပြနဲ့ အလုပ်အတူလုပ်ဖို့ကိုလည်း ကျွန်တော် တကယ်ကိုမစောင့်နိုင်တော့ပါဘူး။ နူးကမ့်ကွင်းကြီးမှာကစားပြီး များစွာသောအောင်မြင်မှုတွေ ရရှိမယ်လို့ မျှော်လင့်ပါတယ်”လို့ ဂရစ်ဇ်မန်းက ဘာစီလိုနာအသင်းကို ရောက်ရှိလာချိန်မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။