ကာ၀ါဆာကီအရႈံးကို ဘာစီလိုနာအႏုိင္ရလဒ္နဲ႔ ျပန္လည္ေခ်ဖ်က္ႏိုင္ခဲ့တဲ့ ခ်ဲလ္ဆီး

0
588

ခ်ဲလ္ဆီးဟာ ဒီကေန႔ညေနမွာကစားသြားခဲ့တဲ့ ဘာစီလိုနာနဲ႔ေျခစမ္းပြဲစဥ္မွာ ၂-၁ ဂိုးနဲ႔အႏိုင္ရခဲ့တာေၾကာင့္ ဂ်ပန္ခရီးစဥ္ကို အႏိုင္နဲ႔ အဆုံးသတ္ႏိုင္ခဲ့ပါတယ္။ လမ္းပတ္ရဲ႕အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ေသာၾကာေန႔တုန္းက ဂ်ပန္ကလပ္ကာ၀ါဆာကီကို မေမ်ာ္လင့္ဘဲ တစ္လုံးတည္းေသာေနာက္က်ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တာကို ဘာစီလိုနာအႏိုင္ရလဒ္နဲ႔ ျပန္လည္ေခ်ဖ်က္ႏုိင္ခဲ့တာပါ။ အဲဒီပြဲက ဘာစီလိုနာတုိက္စစ္မွာ ပထမဆုံးအႀကိမ္အျဖစ္ ကစားသမားသစ္ဂရစ္ဇ္မန္းပြဲထြက္လာၿပီး ဒမ္ဘီလီနဲ႔တြဲဖက္ကစားခဲ့ကာ ေနာက္တန္းမွာေတာ့ လူစုံတက္စုံရွိခဲ့ပါတယ္။ ခ်ဲလ္ဆီးကေတာ့ ပူလီဆစ္အပါအ၀င္ လူစုံနီးပါးျဖစ္ၿပီး အေထာင္တုိက္စစ္ေနရာမွာေတာ့ ေအဘရာဟမ္ကစားခဲ့တာပါ။

photo-reuters

ပထမပိုင္း ၄၅ မိနစ္သာ ကစားသြားတဲ့ဂရစ္ဇ္မန္းဟာ တိုက္စစ္မွာ ဒမ္ဘီလီနဲ႔ေကာင္းစြာတြဲဖက္ကစားႏိုင္ခဲ့ေပမယ့္ ခ်ဲလ္ဆီးဂိုးသမားကီပါကေတာ့ ၿခိမ္းေျခာက္ႏို္င္စြမ္းမရွိခဲ့ပါဘူး။ ခ်ဲလ္ဆီးဘက္မွာေတာ့ ကစားသမားသစ္ပူလီဆစ္ ေျခစြမ္းျပကစားႏိုင္ခဲ့ပါတယ္။ သူ႔ရဲဘယ္ျခမ္းတုိက္စစ္ဟာ ဘာစီလိုနာေနာက္တန္းကို အလုပ္ရႈပ္ေစခဲ့တာပါ။ ဒါေပမဲ့ ပထမပိုင္းၿပီးကာနီးမွာ အပိုင္ရတဲ့အခြင့္အေရးကို သူအသုံးမခ်ႏိုင္ခဲ့ပါဘူး။ ဒီလိုပဲ တိုက္စစ္မႈးေအဘရာဟမ္ကလည္း ပြဲခ်ိန္အေစာပို္င္းရတဲ့အခြင့္အလမ္းေကာင္းကို ျဖဳန္းတီးခဲ့ေပမယ့္ ၃၄ မိနစ္မွာ ဘာစီလိုနာဂိုးသမားတာစတီဂန္ကိုလိမ္ေခါက္ၿပီး ခ်ဲလ္ဆီးအတြက္ ဦးေဆာင္ဂိုးျဖစ္္ေစခဲ့ပါတယ္။

photo-gettyimages

ဘာစီလိုနာက ဒုတိယပိုင္းမွာ တစ္သင္းလုံးလူစားလဲလိုက္ၿပီး ဒီေဂ်ာင္၊ရာကီတစ္နဲ႔မယ္လ္ကြန္တု႔ိ၀င္လာခဲ့ကာ ေခ်ပဂိုးရဖို႔ အေကာင္းဆုံးႀကိဳးစားခဲ့ေပမယ့္ မိနစ္ ၈၀ ေက်ာ္မွာ ခ်ဲလ္ဆီးကသာ ဂိုးထပ္ရသြားကာ လူစား၀င္လာတဲ့ဘာကေလက ေ၀့၀ိုက္ကန္သြင္းခဲ့တာပါ။ ဘာစီလိုနာကေတာ့ ပြဲၿပီးကာနီနာက်င္အခ်ိန္ပိုမွာ ရာကီတစ္ရဲ႕အျပင္းသြင္းယူမႈနဲ႔ ေခ်ပဂိုးတစ္ဂိုးသာ ျပန္ရခဲ့ပါတယ္။

[Unicode]

ချဲလ်ဆီးဟာ ဒီကနေ့ညနေမှာကစားသွားခဲ့တဲ့ ဘာစီလိုနာနဲ့ခြေစမ်းပွဲစဉ်မှာ ၂-၁ ဂိုးနဲ့အနိုင်ရခဲ့တာကြောင့် ဂျပန်ခရီးစဉ်ကို အနိုင်နဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်။ လမ်းပတ်ရဲ့အသင်းအနေနဲ့ ပြီးခဲ့တဲ့သောကြာနေ့တုန်းက ဂျပန်ကလပ်ကာဝါဆာကီကို မမျော်လင့်ဘဲ တစ်လုံးတည်းသောနောက်ကျဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကို ဘာစီလိုနာအနိုင်ရလဒ်နဲ့ ပြန်လည်ချေဖျက်နိုင်ခဲ့တာပါ။ အဲဒီပွဲက ဘာစီလိုနာတိုက်စစ်မှာ ပထမဆုံးအကြိမ်အဖြစ် ကစားသမားသစ်ဂရစ်ဇ်မန်းပွဲထွက်လာပြီး ဒမ်ဘီလီနဲ့တွဲဖက်ကစားခဲ့ကာ နောက်တန်းမှာတော့ လူစုံတက်စုံရှိခဲ့ပါတယ်။ ချဲလ်ဆီးကတော့ ပူလီဆစ်အပါအဝင် လူစုံနီးပါးဖြစ်ပြီး အထောင်တိုက်စစ်နေရာမှာတော့ အေဘရာဟမ်ကစားခဲ့တာပါ။

ပထမပိုင်း ၄၅ မိနစ်သာ ကစားသွားတဲ့ဂရစ်ဇ်မန်းဟာ တိုက်စစ်မှာ ဒမ်ဘီလီနဲ့ကောင်းစွာတွဲဖက်ကစားနိုင်ခဲ့ပေမယ့် ချဲလ်ဆီးဂိုးသမားကီပါကတော့ ခြိမ်းခြောက်နို်င်စွမ်းမရှိခဲ့ပါဘူး။ ချဲလ်ဆီးဘက်မှာတော့ ကစားသမားသစ်ပူလီဆစ် ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ သူ့ရဲဘယ်ခြမ်းတိုက်စစ်ဟာ ဘာစီလိုနာနောက်တန်းကို အလုပ်ရှုပ်စေခဲ့တာပါ။ ဒါပေမဲ့ ပထမပိုင်းပြီးကာနီးမှာ အပိုင်ရတဲ့အခွင့်အရေးကို သူအသုံးမချနိုင်ခဲ့ပါဘူး။ ဒီလိုပဲ တိုက်စစ်မှုးအေဘရာဟမ်ကလည်း ပွဲချိန်အစောပို်င်းရတဲ့အခွင့်အလမ်းကောင်းကို ဖြုန်းတီးခဲ့ပေမယ့် ၃၄ မိနစ်မှာ ဘာစီလိုနာဂိုးသမားတာစတီဂန်ကိုလိမ်ခေါက်ပြီး ချဲလ်ဆီးအတွက် ဦးဆောင်ဂိုးဖြစ််စေခဲ့ပါတယ်။

ဘာစီလိုနာက ဒုတိယပိုင်းမှာ တစ်သင်းလုံးလူစားလဲလိုက်ပြီး ဒီဂျောင်၊ရာကီတစ်နဲ့မယ်လ်ကွန်တို့ဝင်လာခဲ့ကာ ချေပဂိုးရဖို့ အကောင်းဆုံးကြိုးစားခဲ့ပေမယ့် မိနစ် ၈၀ ကျော်မှာ ချဲလ်ဆီးကသာ ဂိုးထပ်ရသွားကာ လူစားဝင်လာတဲ့ဘာကလေက ဝေ့ဝိုက်ကန်သွင်းခဲ့တာပါ။ ဘာစီလိုနာကတော့ ပွဲပြီးကာနီနာကျင်အချိန်ပိုမှာ ရာကီတစ်ရဲ့အပြင်းသွင်းယူမှုနဲ့ ချေပဂိုးတစ်ဂိုးသာ ပြန်ရခဲ့ပါတယ်။